ယာယီ ဖွဲစည်းထားပေးခဲ့သည့် ရန်ကုန်စီးတီးတက္ကစီအသင်းအား အတည်ပြုဖွဲ့စည်းတည်ထောင်သွားမည်

ယာယီ ဖွဲစည်းထားပေးခဲ့သည့် ရန်ကုန်စီးတီးတက္ကစီအသင်းအား အတည်ပြုဖွဲ့စည်းတည်ထောင်သွားမည်

ရန်ကုန်မြို့တော်အတွင်းက အငှားယာဉ်များနဲ့ပတ်သက်ပြီး ရန်ကုန်စီးတီး တက္ကစီအသင်း ကို မကြာမီ အတည်ပြုဖွဲ့စည်းတည်ထောင်သွားဖို့ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ကနေသိရပါတယ်။

ရန်ကုန်စီးတီးတက္ကစီအသင်းကိုရန်ကုန်တိုင်းအစိုးရရဲ့လမ်းညွှန်မှုနဲ့ မြို့တွင်းပြေးဆွဲနေတဲ့အငှားယာဉ်များကိုဝန်ဆောင်မှုကောင်းဖို့ နဲ့စည်းကမ်းနဲ့အညီ စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ရည်ရွယ်ကာရန်ကုန်စီးတီး တက္ကစီအသင်း(ယာယီ)အနေဖြင့် ၂၀၂၂ခုနှစ် ဇန် နဝါရီ ၁၂ရက်မှာစတင်ဖွဲ့စည်းပေးခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ ရန်ကုန်စီးတီးတက္ကစီအသင်းကို မကြာမီ မှာယာယီအသင်းကနေတရာဝင်အသင်းတည်ထောင်ဖို့လာမယ့်ဒီဇင်ဘာလ၃ရက်မှာအလုပ်အမှုဆောင်ရွေးချယ်ပွဲပြုလုပ်ကာအတည်ပြုဖွဲ့စည်းတည်ထောက်သွားမယ်လို့သိရပါတယ်။

မြို့တော်အတွင်းကတက္ကစီ ပိုင်ရှင်များအနေနဲ့ ရန်ကုန်စီးတီးqတက္ကစီအသင်းမှာ လာရောက်မှတ်ပုံတင်ကာ အသင်းဝင်အဖြစ်လျောက်ထားနိုင်ပြီးအလုပ်အမှုဆောင်ရွေးချယ်ပွဲမှာလည်းပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ YRTC ရဲ့တာဝန်ရှိသူကပြောပါတယ်။

ရန်ကုန်စီးတီး တက္ကစီအသင်းရဲ့ အလုပ်အမှုဆောင်ရွေးချယ်ပွဲကို အသင်း(ယာယီ)ရုံးဖြစ်တဲ့ အမှတ်၂၆၊ ပင်လုံလမ်း ၂၉ရပ်ကွက် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ရန်ကုန်မှာပြုလုပ်သွားမယ်လို့သိရပါတယ်။

Facebook Comments Box