ငွေသားကျပ် သန်းထောင်ချီထုတ်တဲ့ ရွှေလုပ်ငန်းရှင်အချို့ကိုခေါ်ယူစစ်ဆေးနေ

ငွေသားကျပ် သန်းထောင်ချီထုတ်တဲ့ ရွှေလုပ်ငန်းရှင်အချို့ကိုခေါ်ယူစစ်ဆေးနေ

ငွေသားကျပ်သန်းထောင်ချီ ထုတ်တဲ့ ရွှေလုပ်ငန်းရှင်အချို့ကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကသိရပါတယ်။အခုရက်ပိုင်းအတွင်းမှာပဲရန်ကုန်ရှိ ရွှေလုပ်ငန်းရှင်အချို့က ရန်ကုန်ရွှေ ဈေးကွက်အခြေစိုက်နေရာအနီးရှိ

CB ဘဏ်နဲ့ မြန်မာရှေ့ဆောင်ဘဏ်တိုရဲ့ရွှေဘုံသာဘဏ်ခွဲ တွေတစ်ဆင့်သူတို့ရဲ့ငွေစာရင်းကနေငွေသားနဲ့ကျပ်ငွေ စုစုပေါင်း ကျပ် ၄၈၇၇ သန်း ကျော် ထုတ်ယူမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတာလို့ ရန်ကုန် ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းကနေတစ်ဆင့်သိရပါတယ်။

ယင်းကဲ့သို့ ငွေသားထုတ်ယူမှုများပြားခဲ့ခြင်းကြောင့်ခေါ်ယူစစ်ဆေးဖို့အတွက်ရွှေစျေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးဆပ်ကော်မတီကရန်ကုန်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးကိုညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါသေးတယ်။

ရန်ကုန်ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းရဲ့ပြောကြားချက်တွေအရအဆိုပါ လုပ်ငန်းရှင်တွေအပြင်ရွှေအသင်းနဲ့နီးစပ်တဲ့လူကြီးအချို့ကိုလည်း ခေါ်ယူစစ်ဆေးတာတွေလုပ်တာခံနေရတယ်လို့လည်းပြောပါတယ်။

ေငြသားက်ပ္ သန္းေထာင္ခ်ီထုတ္တဲ့ ေ႐ႊလုပ္ငန္းရွင္အခ်ိဳ႕ကိုေခၚယူစစ္ေဆးေန

ေငြသားက်ပ္သန္းေထာင္ခ်ီ ထုတ္တဲ့ ေ႐ႊလုပ္ငန္းရွင္အခ်ိဳ႕ကို ေခၚယူစစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ ေ႐ႊလုပ္ငန္းရွင္အသိုင္းအဝိုင္းကသိရပါတယ္။အခုရက္ပိုင္းအတြင္းမွာပဲရန္ကုန္ရွိ ေ႐ႊလုပ္ငန္းရွင္အခ်ိဳ႕က ရန္ကုန္ေ႐ႊ ေဈးကြက္အေျခစိုက္ေနရာအနီးရွိ

CB ဘဏ္နဲ႔ ျမန္မာေရွ႕ေဆာင္ဘဏ္တိုရဲ႕ေ႐ႊဘုံသာဘဏ္ခြဲ ေတြတစ္ဆင့္သူတို႔ရဲ႕ေငြစာရင္းကေနေငြသားနဲ႔က်ပ္ေငြ စုစုေပါင္း က်ပ္ ၄၈၇၇ သန္း ေက်ာ္ ထုတ္ယူမႈနဲ႔ပတ္သက္ၿပီး စစ္ေဆးေနတာလို႔ ရန္ကုန္ ေ႐ႊလုပ္ငန္းရွင္ အသိုင္းအဝိုင္းကေနတစ္ဆင့္သိရပါတယ္။

ယင္းကဲ့သို႔ ေငြသားထုတ္ယူမႈမ်ားျပားခဲ့ျခင္းေၾကာင့္ေခၚယူစစ္ေဆးဖို႔အတြက္ေ႐ႊေစ်းကြက္ေစာင့္ၾကည့္ထိန္းသိမ္းၾကပ္မတ္ေရးဆပ္ေကာ္မတီကရန္ကုန္ကြင္းဆင္းစစ္ေဆးေရးအဖြဲ႕ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးကိုၫႊန္ၾကားခ်က္ထုတ္ျပန္ခဲ့ပါေသးတယ္။

ရန္ကုန္ေ႐ႊလုပ္ငန္းရွင္အသိုင္းအဝိုင္းရဲ႕ေျပာၾကားခ်က္ေတြအရအဆိုပါ လုပ္ငန္းရွင္ေတြအျပင္ေ႐ႊအသင္းနဲ႔နီးစပ္တဲ့လူႀကီးအခ်ိဳ႕ကိုလည္း ေခၚယူစစ္ေဆးတာေတြလုပ္တာခံေနရတယ္လို႔လည္းေျပာပါတယ္။

Facebook Comments Box