တရိပ်ရိပ်နဲ့ အတက်ဘက်ဦးတည်နေတဲ့ စားအုံးဆီလက်ကားရည်ညွှန်းစျေး

တရိပ်ရိပ်နဲ့ အတက်ဘက်ဦးတည်နေတဲ့ စားအုံးဆီလက်ကားရည်ညွှန်းစျေး

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စားသုံးဆီလက်ကားဈေးသတ်မှတ်ချက်ဟာ နိုဝင်ဘာ၁၄ရက်ကနေ နိုဝင်ဘာ၁၉ရက်အထိ စာအုန်းဆီရန်ကုန်အထိုင်လက်ကားဈေးကို တစ်ပိဿာ ၄၃၅၀ကျပ်ဖြစ်ခဲ့တာကြောင့် ယခုတစ်ပတ် တစ်ပိဿာဈေးမှာ ငွေကျပ် ၃၀ကျော် ထပ်တက်လာတယ်လို့ ဆိုပါတယ်။

စားအုန်းဆီလက်ကားဈေးက တစ်ပတ်အတွင်းကော်မတီထုတ်ပြန်ချက်အရ နိုဝင်ဘာ၂၁ ရက်ကနေ နိုဝင်ဘာ၂၇ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး ငွေကျပ် ၄၃၈၀ကျပ် သတ်မှတ်ထားတာကြောင့် ဈေးထက်တက်လာကြောင်း စားသုံးဆီကော်မတီကနေသိရပါတယ်။

အဆိုပါ လက်ကားဈေးသတ်မှတ်ချက်ဟာ စားအုန်ဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနဲ့အညီ ပြည်တွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းများသတ်မှတ်ကာ ဈေးထုတ်ပြန်ခြင်းဖြစ်ကြောင်းနဲ့ စားအုန်းဆီကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းဈေးကစားရန်ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းစတဲ့ မသမာမှုတွေပြုလုပ်ပါက

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူခံရနိုင်ကြောင်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်များအသင်းအနေနဲ့ယခုတစ်ပတ်အတွင်းတန်းစီစနစ်နဲ့ လိုက်လံရောင်းချပေးနေတဲ့ စားအုန်းဆီ တစ်ပိဿာဈေးနှုန်းမှာ ၄၅၅၀ကျပ်နဲ့ လိုက်လံရောင်းချပေးနေပြီး

အဲ့ဒီဆီအသင်းကနေ ရောင်းချပေးနေတဲ့ဈေးဟာလည်းယခင်တစ်ပတ်ကဈေးနှုန်းအတိုင်းဈေးအပြောင်းအလဲမရှိကြောင်းသိရပါတယ်။ပြင်ပလက်လီစျေးကွက်အတွင်းမှာတော့ စားအုံးဆီတစ်ပိဿာ ကျပ် ၇၀၀၀ကျော်မှ ၉၀၀၀ကျပ်ဝန်းကျင်ထိမြင့်တက်နေဆဲဖြစ်တယ်လို့သိရှိရပါသည်။

Facebook Comments Box