ဝိပါက ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးပြီး လူသိများလာတဲ့ မင်းသမီးချောလေး ဝတ်ရည် (ခ)အင်ကြင်းထူး ဇာတ်လမ်းတွဲများဆက်မရိုက်ဖြစ်ဘဲ ရပ်နားထား

ဝိပါက ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးပြီး လူသိများလာတဲ့ မင်းသမီးချောလေး ဝတ်ရည် (ခ)အင်ကြင်းထူး ဇာတ်လမ်းတွဲများဆက်မရိုက်ဖြစ်ဘဲ ရပ်နားထား

ပြည်တွင်းက ရုပ်သံလိုင်းတစ်ခုတွင်လူကြိုက်များခဲ့သော ဝိပါက ဇာတ်လမ်းတွဲတွင်သရုပ်ဆောင်ခဲ့သည့် ဝတ်ရည် (ခ)အင်ကြင်းထူး မှာလက်ရှိတွင် ဇာတ်လမ်းတွဲများ ဆက်မရိုက်ဖြစ်တော့ဘဲနားထားလိုက်ကြောင်းသိရသည်။

“အနုပညာအလုပ်တွေကိုလက်ရှိကတော့နားနေတယ်၊ ဒီ Commercial တွေတော့လက်ခံပြီး ရိုက်ကူးနေတယ်၊အပြင်ပေါ့၊အပြင်က Production တွေနဲ့အလုပ်တွဲလုပ်ဖြစ်နေပါတယ်၊ဇာတ်လမ်းတွဲကျတော့ ညီမတို့ကနယ်တွေဘာတွေထွက်ပြီးတော့ လေး၊ ငါးလ ရိုက်ရတယ်လေ၊အခုကျတော့အသက်အရွယ်အရရော၊ကျန်းမာရေးကြောင့်ရောအခြေအနေအကြောင်းအမျိုးမျိုးကြောင့်

အလုပ်လုပ်ရမယ့် အချိန်တွေလည်းရှိလာတယ်၊အဲ့ဒီအတွက်ဒီစီးပွားရေးတွေကြောင့်လည်းညီမ ခဏနားလိုက်တာပါ”ဟု သရုပ်ဆောင် အင်ကြင်းထူးကပြောကြားခဲ့သည်။သူမသည် ၂၀၁၃ ခုနှစ်လောက်ကတည်းက Miss လောကမှသရုပ်ဆောင်လောကသို့ဝင်ရောက်ရင်း MRTV 4 နှင့်လက်တွဲကာ ဇာတ်လမ်းတွဲများကို ရိုက်ကူးခဲ့ကြောင်း၊

ဝိပါကဇာတ်လမ်းတွဲတွင်လည်း ဝတ်ရည်အဖြစ်သရုပ်ဆောင်ထားသလို အားပေးသူ အများအပြားရရှိခဲ့ပြီး လက်ရှိတွင်ကျန်းမာရေးအရ ဇာတ်လမ်းတွဲရိုက်ကူးမှုကို ခေတ္တရပ်နားခဲ့ခြင်းလည်းဖြစ်ကြောင်းသိရသည်။“လေး၊ ငါးနှစ်လောက်အတွင်းမှာညီမရိုက်ခဲ့တာငါးကားလောက်ရှိတယ်၊ပေါက်သွားတာကစေတစ်လုံး မောင်ဘုန်းနဲ့ ဒီ ဝိပါကပေါက်တယ်ပေါ့၊

ပေါက်မယ်လို့လည်းထင်မထားဘူးလေ၊လူကြိုက်များတဲ့နောက်ထပ်ကာရိုက်တာတစ်ခုက ခက်ခက်ဝေဆိုတဲ့ကာရိုက်တာလေးပေါ့နော်၊ အစတုန်းကအရန်သဘောပဲနဲ့ပေါ့၊ နောက်ထပ်အနုပညာ အခွင့်အလမ်း ဆိုတာကအခွင့်အရေးပေါ်မှာလည်းမူတည်တယ်ပေါ့၊ညီမကိုဘာအခွင့်အရေးပေးလာမလဲပေါ့နော်၊

အဲ့ဒီပေးတဲ့အပေါ်မှာ ညီမကအကောင်းဆုံးကြိုးစားအသုံးချပြီးတော့လုပ်သွားမှာပါ၊ညီမကိုအားပေးတဲ့ပရိသတ်တွေရောစောင့်မျှော်ကြည့်ရှု ကြတဲ့ပရိသတ်အားလုံးကိုရောအများကြီးကျေးဇူးတင်ပါတယ်၊ ညီမဆက်လုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေအားပေးနေကြတဲ့အတွက်ကြောင့်လည်းအရမ်းကျေးဇူးတင်ပါတယ် ”ဟု သရုပ်ဆောင် အင်ကြင်းထူးကပြောကြားခဲ့သည်။

Facebook Comments Box