ကိုရီးယားပဲခေါက်ဆွဲ အလွယ်ချက်နည်း
ကိုးရီးယားပဲခေါက်ဆွဲကိုကိုးရီးယားကားတွေထဲစားနေတာဘဲမြင်ဖူးတာမို့ မေတို့လည်းလိုက်လုပ်စားကြည့်မယ်နော်။အမယ်တွေတော့နည်းနည်းများပေမယ့် လုပ်ရတာလွယ်ပါတယ်နော်။

ပဲခေါက်ဆွဲအတွက် ပါဝင်ပစ္စည်းများ(၄ပွဲစာ)
၁။ဂျုံခေါက်ဆွဲ – တစည်း

၂။ကြက်သား(သို့)ဝက်သား- ၃၀၀ ဂရမ်
၃။ဆား – အနည်းငယ်

၄။ဟင်းခပ်မှုန့်- အနည်းငယ်
၅။ပဲငပိအမဲအနှစ်(ကိုးရီးယား)- ၁၅၀ ဂရမ်

၆။ကြက်သွန်နီ – တစ်လုံး
၇။ဖရုံသီး၊သခွားသီး – တစ်စိတ်
၈။ဂေါ်ဖီထုပ် – အနည်းငယ်
၉။အာလူး(အကြီး)- တစ်လုံး

၁၀။မှို(button mushroom) – ၅လုံး
၁၁။မုန်လာဥနီ- တစ်စိတ်

၁၂။ကြက်ပြုတ်ရည် – ၃၅၀ml
၁၃။ငရုပ်ကောင်း – တစ်ဇွန်း လ္ဘက်ဇွန်း
၁၄။ဂျင်းမှုန့် – ၂ဇွန်းစားပွဲဇွန်း

၁၅။ဆန်ဗီနီဂါ- ၃ဇွန်း စားပွဲဇွန်း
၁၆။ပြောင်းဖူးမှုန့် /ကော်မှုန့်- ၃ဇွန်းစားပွဲဇွန်း

၁၇။ရေ – နှစ်ဇွန်း
၁၈။ဆီ- အနည်းငယ်
၁၉။ကြက်ဥပြုတ် – ၄လုံး (optional)

၂၀။သခွားသီး-တခြမ်း(အမျှင်)
ပြင်ဆင်ပြုလုပ်ပုံ
ဦးစွာကြက်သားသို့မဟုတ်နှစ်သက်ရာအသားကိုရေဆေးသန့်စင်ပြီးဆားဟင်းခပ်မှုန့်ငရုပ်ကောင်းဖြင့်နယ်ထားပါ။

ကျန်သီးနှံများအားလုံးကိုရေဆေးသန့်စင်ပြီးအရွယ်တူအတုံးလေးများစိတ်ထားပါ။ခေါက်ဆွဲခြောက်ကိုပြုတ်ထားပါ။ကြက်ဥပြုတ်ထားပါ။သခွားသီး ကိုအမျှင်လေးများစိတ်ထားပါ။

အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးအာလူးကိုအရောင်ရရုံကြော်ပြီးဆယ်ယူဆီစစ်ထားပါ။အိုးထဲတွင်ဆီ အနည်းငယ်ချန်ပြီးပဲနှစ်ကိုဆီသပ်ပါ။အနံ့မွေးလာပါကဖယ်ထုတ်ထား ပါ။

အိုးထဲဆီအနည်းငယ်ထပ်ထည့်ပြီးအရသာနှပ်ထားသောအသားကိုချကြော်ပါ။အသားအရောင်ပြောင်းသည်နှင့်သီးနှံများအားလုံးထည့်ပြီးကြော်ပါ။

သီးနှံများကြော်မိပါကဆီသပ်ထားသောပဲအနှစ်ထည့်ပြီးအားလုံးသမအောင်မွေပေးပါ။ကြက်ပြုတ်ရည်ထည့်ပြီးအရသာအပေါ့အငံမြည်းပါ။ငရုပ်ကောင်းနှင့်ဆန်ဗီနီဂါဂျင်းမှုန့်ထည့်ပြီး သမအောင်မွေပေးပါ။

ဆူပွက်ပါကပြောင်းဖူးမှုန့်ကိုရေနှစ်ဇွန်းဖြင့်ဖျော်ပြီးလောင်းထည့်ကာခပ်မြန်မြန်မွေပေးပါ။ပြန်လည်ဆူပွက်ပါကခေါက်ဆွဲနှင့်တွဲဖက်စား ရန်အသင့်ဖြစ်ပါပြီ။

အသင်ြ့ပုတ်ပြီးသားခေါက်ဆွဲကိုပန်းကန်တွင်ထည့်ပြီးချက်ထားသောပဲအနှစ်ဟင်းကိုအပေါ်မှဆမ်းပေးပြီးကြက်ဥပြုတ်သခွားသီးထည့်ကာကင်မ်ချီဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

ဖိုလ်တိုခရက်ဒစ်