မလေးရှားစတိုင်မြေအိုး ကြက်သားထမင်းချက်နည်း

မလေးရှားစတိုင်မြေအိုး ကြက်သားထမင်းချက်နည်း

မြေအိုးနဲ့ ချက်ထားတာမို့စားတဲ့အခါပူပူလေးနဲ့ အရသာအရမ်းကောင်းမွန်ပါတယ်။လုပ်စားရလည်းလွယ်ပြီနေ့လည်စာ၊ညနေစာအဖြစ်နဲ့ လုပ်စားနိုင်တာမို့ခုပဲတူတူချက်ကြည့်ရအောင်ပါနော်။

ပါဝင်ပစ္စည်းများ

၁။ဆန် ၂ခွက် (ရေစင်အောင် ဆေးထားပါ)

၂။ကြက်အူချောင်း၂ချောင်း (အပါးအစောင်းလှီးပြီဆီဖြင့်၁မိနစ်ခန့် ကြော်ပေးထားပါ)

၃။ကြက်ပေါင်၂ခု(အတုံးများ တုံးထားပါ)

၄။မှိုပွင့်ခြောက် ၅ခု(ရေနွေးပြုတ်ပြီအညှာဖြတ်၄ခြမ်းခြမ်းပါ)

၅။ခရုဆီစားပွဲတင်ဇွန်း၂ဇွန်း

၆။ပဲငံပြာရည်(အနောက်)စားပွဲတင်ဇွန်း ၁ဇွန်း

၇။ပဲငံပြာရည်(အကြည်)စားပွဲတင်ဇွန်း၂ဇွန်း

၈။ကြက်သွန်ဖြူ၂မွှု(နှုတ်နှုတ်စဉ်းပါ)

၉။ဆန်ဝိုင်စားပွဲတင်ဇွန်း၂ဇွန်း

၁၀။ဂျင်းလက်တဆစ်(ထောင်း အရည်ညှစ်ပါ)

၁၁။ဆား လက်ဖက်ရည်ဇွန်း၁ဇွန်း

၁၂။ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း တဝက်

၁၃။ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်

၁၄။သကြားစားပွဲတင်ဇွန်း ၁ဇွန်း

၁၅။ကြက်သွန်မြိတ်စည်းဝက်(ပါးပါးလှီးပါ)

ချက်ပြုတ်နည်း

ပထမဆုံးထမင်းကိုအရင်ချက်ပါမယ်။ထမင်းချက်ဖို့အတွက်ဒယ်အိုးထဲရေ(သို့) ကြက်ပြုတ်ရည် ၃ခွက်ကိုထည့်ပြီရိုးရိုးထမင်းချက်သလို ချက်ပေးပါ။ထမင်းကျက်ခါနီးလျှင်မီးပိတ်လိုက်ပါ။

ပြီးရင်ဇောက်ပန်းကန်တစ်ခုထဲ(ကြက်ပေါင်၊ခရုဆီ၊ပဲငံပြာရည်(အကြည်)၊ အနောက်၊ ကြက်သွန်ဖြူ။ဆန်ဝိုင်၊ဂျင်း၊ဆား၊ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သကြား) တို့ကို သမအောင်ရောနုယ်ကာအနည်းဆုံးနာရီဝက်ခန့် နှပ်ထားပေးပါ။

ပြီနောက်ဒယ်ထဲဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီဆီပူလာလျှင်ကြက်သားများကိုအရောင်ရသည်အထိ၁မိနစ်ခန့်ရောကြော်ပေးပါ။

ပြီလျှင်မှို၊ကြက်အူချောင်းများထည့်ပြီကြက်သားဖြင့်သမအောင်မိနစ်ဝက်ခန့်ရောမွှေပေးပါ။

ပြီမှ မြေအိုးထဲထမင်းထည့်ပါ။ထမင်းပေါ်မှ ကြက်သား၊ မှို၊ ကြက်အူချောင်း၊ဆော့ရည်များထည့်ပြီအဖုံးအုပ်၂၀-၂၅မိနစ်ခန့်မီးနည်းနည်းဖြင့်ကြက်သားကျက်သည်အထိ ချက်ပေးပါ။

မြေအိုးကြက်သားထမင်းရပြီဆိုလျှင်အဖုံးဖွင့်ပြီ အပေါ်မှ ကြက်သွန်မြိတ်များ ဖြူးပေးပါ။အရသာရှိသောမလေးရှားစတိုင်မြေအိုးကြက်သားထမင်းကိုသုံးဆောင်နိုင်ပါပြီ။

ဖိုလ်တိုခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *