FATF က မည်ပျက်စာရင်း သွင်းပြီး နောက် ၂၄နာရီအတွင်း စျေးနှုန်းများပြန်လည်မြင့်တက်သွားသည့် ပြည်တွင်း စားအုံးဆီစျေးနှုန်း

FATF က မည်ပျက်စာရင်သွင်းပြီး နောက် ၂၄နာရီအတွင်း စျေးနှုန်းများပြန်လည်မြင့်တက်သွားသည့် ပြည်တွင်း စားအုံးဆီစျေးနှုန်း

မြန်မာနိုင်ငံကို ငွေမည်းခဝါချမှု့နဲ့ပတ်သက်ပြီး FATF (Financial Action Task Force) က black List သွင်းပြီးတဲ့နောက် ၂၄ နာရီ မပြည့်ခင်မှာပဲစားအုံးဆီဈေးနှုန်းတွေ ကျပ် ၆ ထောင်ကနေ ၈ ထောင်လောက်အထိမြင့်တက်သွားတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

၂၀၂၀ ဖေဖော်ဝါရီမှာ FATF က မြန်မာနိုင်ငံဟာငွေမည်းခဝါချငွေဖြူလုပ်တာတွေနဲ့ပတ်သက်ပြီး ကျူးလွန်မှုတွေရှိတယ်လို့ဆုံးဖြတ်ပြီး ၂၀၂၁ စက်တင်ဘာအထိလုပ်ဆောင်ရမယ့်သတ်မှတ်ချက်တွေကို ချမှတ်ပေးခဲ့ကာ ၂၀၂၂ ခုနှစ် ဇွန်လမှာထပ်မံပြီးပြင်းပြင်းထန်ထန်ဖိအားပေးတိုက်တွန်းခဲ့ပေမယ့်

သတ်မှတ်ချိန် ၁ နှစ်သက်တမ်းကျော်လာတဲ့အောက်တိုဘာ ၂၀၂၂ အထိ မြန်မာဘက်ကဘာမှမလုပ်တဲ့အတွက်အခုလို နာမည်ပျက်စာရင်းသွင်းတာလို့ FATF ဘက်ကထုတ်ပြန်ထားပါတယ်။အဲ့ဒီသတင်းကြောင့် မြန်မာနိုင်ငံအတွင်းမှာငွေကြေးဈေးကွက်တွေမတည်ငြိမ်မှု့တွေဖြစ်ပေါ်ပြီး

ပြည်ပကနေတင်သွင်းရတဲ့ စားအုန်းဆီဈေးနှုန်းတွေကရန်ကုန်မှာယခင်ကတပိသာကျပ် ၆၀၀၀ ဝန်းကျင်ကနေဒီနေ့မနက်ပိုင်းမှာတော့ကျပ် ၈ ထောင်ဝန်းကျင်လောက်အထိခုန်တက်သွားတယ်လို့ ဈေးဝယ်သူတွေကပြောပါတယ်။

“ဒီနေ့မနက်ဈေးဝယ်တော့ စားအုန်းဆီကရှစ်သောင်းလောက်အထိဖြစ်သွားတယ်။ဘာကြောင့်လဲမသိပေမယ့်ဝယ်နေကျဈေးထက်အရမ်းတက်သွားတော့ပုံမှန်ဝယ်နေကျထက်လျော့ပြီးဝယ်လာခဲ့ရတယ်။ ရပ်ကွက်ထဲမှာလည်း ဆီဈေးတက်တာနဲ့ပတ်သက်ပြီး အတော်ပြောနေကြတယ်” လို့

အင်းစိန်မြို့နယ်မှာ နေထိုင်သူတဦးကပြောပါတယ်။မြန်မာနိုင်ငံ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကစားသုံးဆီရည်ညွှန်းဈေးနှုန်းကို တပိသာ ကျပ် ၄၀၀၀ ကျော်သာသတ်မှတ်ထားပေမယ့်

ဒီနေ့မှ အဲ့ဒီကော်မတီကစားသုံးဆီဈေးနှုန်းတွေနဲ့ပတ်သက်ပြီး ရည်ညွှန်းဈေးနှုန်းတွေထုတ်ပြန်ထားတာလည်းမရှိသေးပါဘူး။ဒီလိုစားဆီဈေးနှုန်းတွေအပြင်အခြားအခြေခံစားကုန်ဈေးနှုန်းတွေလည်းထပ်မံမြင့်တက်လာပြီး ပြည်တွင်းဆန်ဈေးကတော့ လက်ရှိအချိန်မှာတည်ငြိမ်နေသေးတယ်လို့သိရပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *