မီးရထားလက်မှတ်များ လိမ်လည်ရောင်းချမှုများရှိနေ

မြန်မာ့မီးရထားက ပြေးဆွဲပေးနေတဲ့ နယ်ဝေးမီးရထားလက်မှတ်တွေကို Facebookမှာ Page အတုဖွင့်ပြီးလိမ်လည်ရောင်းချမှုတွေရှိနေတယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။ကားလက်မှတ်တွေစျေးကြီးတော့ တစ်ချို့က မီးရထားအားပြုပြီးနေရပ်ပြန်ကြရတာပါ။




ဒါကိုအခွင့်ကောင်းယူပြီးလူလိမ်တွေက Facebook page မှာအကောင့်တုများဖြင့် လိမ်လည်ရောင်းချနေကြောင်းသိရှိရပါသည်။“လေအိတ်ရထားလက်မှတ် အရောင်းဌာန”လို့ နာမည်ပေးထားတဲ့ Page ဟာ ရထားလက်မှတ်တွေကို ကြိုတင်ဝယ်ယူလို့ရတယ်ဆိုပြီး




ဝယ်ယူသူတွေကငွေလွှဲပြီးရင် Block သွားတာဖြစ်တယ်လို့ကိုယ်တိုင်ကြုံရသူတွေကလူမှုကွန်ရက်ပေါ်မှာဝေမျှထားကြပါတယ်။လက်ရှိမှာ ရထားလက်မှတ်တွေကို ရိုးရိုးတန်းတစ်ရက်ကြို၊အထက်တန်းသုံးရက်ကြိုနဲ့သက်ဆိုင်ရာဘူတာတွေကလက်မှတ်ဌာနတွေမှာရောင်းချပေးနေပြီး




အွန်လိုင်းကရောင်းချပေးတာမျိုးလုံးဝမရှိဘူးလို့လည်းမြန်မာ့မီးရထားကနေသိရပါတယ်။မြန်မာ့မီးရထားကနေ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ရန်ကုန်-ပြည်၊ ရန်ကုန်-ပဲခူး၊ သာစည်-ရွှေညောင်၊ မန္တလေး-ပြင်ဦးလွင်-ဂုတ်ထိပ်၊

တောင်ကြီး-ဘန်းယဉ်၊ ပုသိမ်-ကြံခင်း၊ ပျဉ်းမနား-တောင်တွင်းကြီး၊ လက်ပံတန်း-သာရဝေါလမ်းပိုင်းတွေမှာ ရထားခရီးစဉ်တွေ ပြေးဆွဲပေးနေတာဖြစ်ပါတယ်။