အုန်းစိမ်းရည်မှပေးသောအကျိုးကျေးဇူးများ
အုန်းစိမ်းရည် သောက်ရင်ရမယ့်အကျိုးကျေးဇူး ၅ခု
လူတွေအတွက် နေ့စဉ် နေ့တိုင်းတစ်နေ့တာလုံးမှာရေဓါတ် ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ရေဟာခန္တာကိုယ်ထဲကအဆိပ်တွေကို ဖယ်ရှားပေးပါတယ်။ရေဓါတ်ဖြည့်တင်းပေးနိုင်တဲ့အရာကအုန်းရည် ဖြစ်ပါတယ်။

အုန်း စိမ်းရည်သောက်ချင်းအားဖြင့်
၁။ အသားအရေလှပခြင်း အသားအရေမွဲခြောက်နေသူများ၊ဝက်ခြံထွက်သူများ အတွက် အုန်းရည်ကအကျိုးရှိပါတယ်။အုန်းစိမ်းရည်သောက်ရင် အသားအရေ စိုပြည်စေပါတယ်။

အုန်းစိမ်းရည်ကအဆီပြန်ခြင်းကိုလည်းတားဆီးပေးပါတယ်။ အဲဒါကြောင့်ဒီနေ့ခေတ်အလှကုန်များစွာမှာအုန်းစိမ်းရည်ပါရှိတာဖြစ်ပါတယ်။
၂။ ရေဓါတ်ဖြည့်တင်းပေးခြင်း။ အုန်းစိမ်းရည်မှာElectrolytesပါတဲ့အတွက်ရေဓါတ်ပြည့်ဝပါတယ်။ ဒါ့အပြင်အုန်းစိမ်းရည်ဟာ ရေလိုမဟုတ်ဘဲ ပိုးမွှားကင်းစင်ပါတယ်။အုန်းစိမ်းရည်မှာကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့သတ္တုဓါတ်၅ မျိုးပါရှိပါတယ်။

အဲဒါတွေက မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဖော့စဖရတ်နဲ့ ပိုတက်စီယမ်တို့ ဖြစ်ပါတယ်။လေ့ကျင့်ခန်းပြုလုပ်တဲ့လူများအတွက်ရေဓါတ်ပြန်လည် ပြည့်ဝစေပါတယ်။
၃။အစာခြေဖျက်ပေးခြင်း။အုန်းစိမ်းရည်က အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။ အမျှင်ဓါတ်ပါတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အက်ဆစ်ဓါတ်ကိုလျှော့ချပေးပါတယ်။ အစာမကြေတတ်သူများအတွက်လျှင်မြန်စွာသက်သာစေပါတယ်။

၄။သွေးတိုး ကျစေခြင်း။သွေးတိုးရောဂါကြောင့်ကမ္ဘာအဝန်းမှ လူသန်းနဲ့ချီ ဝေဒနာခံစားနေရပါတယ်။အုန်းစိမ်းရည်ဟာသွေးတိုးကျစေတဲ့ဂုဏ်သတ္တိ ရှိပါတယ်။ အုန်းစိမ်ူရည်မှာ ပါတဲ့ Electrolytes က သွေးဖိအားကို ထိန်းညှိပေးပါတယ်။

၅။အိုမင်းခြင်းကို ကာကွယ်ခြင်း။အုန်းစိမ်းရည်မှာပါတဲ့ Cytokinins က အိုမင်းခြင်းကို ကာကွယ်ပေးပါတယ်။ဆဲလ်များအားနည်းခြင်းကိုကာကွယ်ပေးတဲ့အတွက်ကင်ဆာရောဂါများကိုတောင်ကာကွယ်ပေးပါတယ်။အုန်းစိမ်းရည်ဟာကျန်းမာရေးအတွက်အလွန်သင့်တော်ပါတယ်။ အုန်းစိမ်းရည်ရတဲ့နေရာတိုင်းမှာမဖြစ်မနေသောက်သုံးသင့်ပါတယ်။
ကျန်းမာရေးကိုယ်ဝန်ဆောင် မိခင်နှင့် အုန်းစိမ်းရည်

အုန်းစိမ်းရည်မှာအံ့သြဖွယ်အစွမ်းသတ္တိတွေရှိနေပါတယ်။မိခင်များအတွက်အုန်းရည်ရဲ့အကျိုးကျေးဇူးလေးတွေ ကြည့်လိုက်ရအောင်။
အုန်းရည်မှာ-Calories – 46%၊Sodium – 252 g၊Potassium – 600 g၊Carbohydrates – 8.9 mg၊Dietary Fiber – 2.6 mg၊Sugar – 6.26 mg၊Calcium – 6% ပါဝင်ပါတယ်။

ကျောက်ကပ်အားကောင်းစေပြီးကျောက်တည်ခြင်းကိုကာကွယ်ပေးပါတယ်။ခန္ဓာကိုယ်ရဲ့ရေဓာတ်နဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။နာမကျန်းဖြစ်ခြင်းနဲ့ အော့အန်ခြင်းကိုလည်းသက်သာစေပါတယ်။
ရင်ပူခြင်း အစာမကြေခြင်းနှင့်ဝမ်းချုပ်ခြင်းတို့ကိုတားဆီးပေးပါတယ်။ကိုယ်ခံအားတိုးမြင့်စေပြီးရောဂါဝင်ရောက်မှုကိုလျှော့ချပေးနိုင်ပါတယ်။အဝမလွန်စေဖို့ အုန်းစိမ်းရည်က ကူညီပေးပါတယ်။

ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းနှင့် ယောဂကျင့်စဉ်များအပြီးတွင်အားဖြည့်အချိုရည်အဖြစ် သောက်သုံးပေးနိုင်ပါတယ်။သကြားပါဝင်မှုနည်းလို့ ဆီးချိုလည်း ကျစေပါတယ်။
သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကိုအထောက်အကူပြုပါတယ်။ အုန်းစိမ်းရည်သောက်ခြင်းဟာသန္ဓေခိုင်စေတယ်လို့လည်းရှေးလူကြီးတွေဆိုပါတယ်)

အုန်းစိမ်းရည်သောက်ခြင်းကြောင့်ရေမြွှာအိတ်ထဲကရေမြွှာရည်ပမာဏ တိုးစေပါတယ်။မိခင်ကအုန်းရည်သောက်လျှင်ကလေးငယ်ရဲ့ဆံပင်သားကို ကောင်းမွန်စေပါတယ။်
ကလေးရဲ့အသားအရေနဲ့ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။မွေးဖွားပြီးချိန်တွင်အုန်းစိမ်းရည်သောက်သုံးပါက မိခင်နို့ထွက်အားကောင်းစေပါတယ်။

သွေးလှည့်ပတ်မှုကို ထိန်းညှိပေးပြီး ညဘက်ကိုလည်း ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။ကိုယ်ဝန်ဆောင် မိခင်လောင်းများအတွက် အုန်းစိမ်းရည်သောက်ခြင်းကြောင့် ရရှိမယ့် ဘေးထွက်ဆိုးကျိုးတွေကတော့ တိကျတဲ့ သက်သေပြချက်တွေမရှိသေးပါဘူး။
အဲ့ဒါကြောင့်အုန်းစိမ်းရည်ကိုမိခင်လောင်းများစိတ်ချလက်ချသောက်သုံးနိုင်ပါတယ်။တစ်နေ့လျှင်အုန်းစိမ်းရည် တစ်ဖန်ခွက်သောက်သုံးနိုင်ပြီးလတ်ဆတ်သန့်ရှင်းသောအုန်းရည်ကိုသောက်လျှင်ပို၍ကောင်းပါတယ်။

အခြားသောလိုအပ်တဲ့အစာအာဟာရများဆေးဝါးများအပြင်သဘာဝဓာတ်စာဖြစ်တဲ့အုန်းစိမ်းရည်ကိုသောက်သုံးပေးခြင်းဖြင့်မိခင်ရောကလေးပါကျန်းမာစေပါလိမ့်မယ်။
အုန်းစိမ်းရည်၏အလှအပဆိုင်ရာအကျိုများ
မျက်နှာအဆီပြန်သူတို့အတွက်အုန်းစိမ်းရည် အသုံးပြုခြင်း။မျက်နှာပြင်မှအဆီပြန်၊ချွေးထွက်လို့ စိတ်ပျက်နေသူတို့အတွက်ပါ။ဒါတွေကြောင့်မို့လို့ ဝင်းလက်တောက်ပတဲ့မျက်နှာပြင် အလှတွေပျက်နေတယ်လို့ သင်ထင်ပါသလား။

မျက်နှာပြင်အဆီပြန်တာကို ဈေးးကြီးတဲ့အလှပြင်ပစ္စည်းတွေကို တကူးတကရှာဖွေဝယ်ယူနေစရာမလိုပဲလတ်ဆတ်တဲ့အုန်းရည်ကိုအသုံးပြုဖြေရှင်းနိုင်ပါတယ်။

အသားအရေ ထိန်းသိမ်းဆောင့်ရှောက်ခြင်း အတွက်အုန်းစိမ်းရည်ကိုအသုံးပြုလျှင်မျက်နှာပြင်သန့်စင်ပေးခြင်းနှင့်တိုနာအဖြစ်လည်းကောင်းအကျိုးသက်ရောက်မှု နှစ်မျိုးကိုတချိန်တည်းမှာရရှိမှာဖြစ်ပါတယ်။
ခရက်ဒစ်