(၂၁.၁၀.၂၀၂၂ မှ ၂၇.၁၀.၂၀၂၂)ထိ ခုနှစ်ရက်သားသမီးများတစ်ပတ်စာ ဟောစာတမ်း

(၂၁.၁၀.၂၀၂၂ မှ ၂၇.၁၀.၂၀၂၂)ထိ ခုနှစ်ရက်သားသမီးများတစ်ပတ်စာ ဟောစာတမ်း

ဆရာမမေဘုန်းမြတ်၏ တစ်ပတ်စာ(၇)ရက်သားသမီးများ၏ ဟောစာတမ်းများကို တင်ဆက်ပေးလိုက်ပါသည်။

၁။တနင်္ဂနွေသားသမီးများ

တနင်္ဂနွေသားသမီးများသည်ဒီကာလတွင်အလုပ်အကိုင်လုပ်ငန်းစီပွားများပေါ်တွင်အောင်မြင်ဖြစ်ထွန်းချင်စိတ်တွေ ပြင်းပြနေတတ်သည်။မိမိအရင်ကဆုံးရှုံးထားတဲ့အရာတွေအပေါ်နှစ်ဆတိုးလုပ်ချင်စိတ်တွေဖြစ်ပေါ်နေလိမ့်မည်။

စိတ်ထဲမှာတခုခုကိုဖြစ်မြောက်အောင်လုပ်ချင်စိတ်တွေဖြစ်ပေါ်နေတတ်သည်။မိမိအရင်ကဆုံးရှုံးထားတဲ့အရာတွေကဒီအချိန်မှာတစ္ဆေခြောက်သလိုပြန်လည်အမှတ်ရနေလိမ့်မည်။ထင်မှတ်မထားသောရန်သူ အန္တရာယ်များကြုံလာလိမ့်မည်။ထိတ်လန့်ခြောက်ချားဖွယ်အဖြစ်ဆိုးများအိပ်မက်ဆိုးများကြုံလာရတတ်သည်။

ဒါပေမယ့်အရာအားလုံးကိုကျော်ဖြတ်နိုင်သောကာလဖြစ်သည်။စိတ်ထဲရှိတာကိုထလုပ်လိုက်ပါအောင်မြင်ပါလိမ့်မည်။လူမှုရေး-မိမိကို လူအများကဇွတ်တရွတ်နိုင်သူတဇွတ်ထိုးဆန်သူဟု ထင်ကြလိမ့်မည်။ ။

အချစ်ရေး-အချစ်ရေးတွင် ပြဿနာတွေအရှုပ်အထွေးများရင်ဆိုင်ရတတ်သည်။ ဘေးလူ နှောက်ယှက်တာမျိုး ကြုံရမည်။အကျိုးပေးဂဏန်း-၁ ၊ ၅၊ ဝယတြာ-ညနေအခါတွင် မိမိအိမ်မှာရှိတဲ့ အဟောင်းအနွမ်းတွေကို စွန့်ပြစ်ပေးပါ။

၂။တနင်္လာသားသမီးများ

တနင်္လာသားသမီးများသည် ဒီကာလတွင် လူချစ်လူခင်များပြားနေလိမ့်မည်။မိမိကိုကူညီမဲ့သူထောက်ပံ့မည့်သူများပေါ်ပေါက်မည်။ငွေရေးကြေးရေးအကူအညီများရရှိမည်။မိမိကိုချစ်သူခင်သူများကမုန့်ဖိုး ဘောနပ်စ်စသည်ပေးသည်ကိုရရှိမည်။အပျိုလူပျိုများချစ်သူရည်းစားနှင့်ချိန်းတွေ့ရတတ်သည်။

အိမ်ထောင်ရှိသူများ အိမ်ထောင်ရေးပြဿနာတွေ အနည်းငယ်ကြုံရတတ်သည်။အိမ်တွင်းအလုပ်တွင်းမှာရန်အတိုက်အခံပေါ်လိမ့်မည်။ဒါပေမယ့် ရန်ပေါ်လေကံကောင်းလေလို့မှတ်ပါ။လူမှုရေးလူချစ်လူများခြင်း နာမည်ဂုဏ်သတင်းကျော်ဇောခြင်းဘွဲ့ထူးဂုဏ်ထူးများရရှိတက်သည်။

အချစ်ရေး ချစ်သူနှင့်ချိန်းတွေ့ပြီးဝမ်းသာပျော်ရွှင်စွာနေရတတ်သည်။ချစ်သူ၏ဆရာလုပ်ခြင်းကိုခံရမည်။ အချစ်ရေးတွင် အမေ အမ တို့နှင့်ရန်အတိုက်အခံကြုံတွေ့ရတတ်သည်။အကျိုးပေးဂဏန်း ၇၊ ၂၊ယတြာ-အိမ်မှာရှိတဲ့ ရေအိုးစင်၊ရေကန်၊တိုင်ကီ၊ရေပိုက်များကို ဆေးကြောသန့်စင်မှု ပြုလုပ်ပေးပါ။

၃။အင်္ဂါသားသမီးများ

အင်္ဂါသားသမီးများသည် ဒီကာလတွင်အခက်အခဲအကြပ်အတည်းလေးတွေရင်ဆိုင်နေရတတ်တယ်။အလုပ်အတွက် အိမ်အတွက် ငွေကြေးအတွက်စိုးရိမ်သောက ရောက်နေရတတ်တယ်။အလုပ်မရှိရင်မနေနိုင်သကဲ့သို့ စိတ်သောကဖြစ်နေရတတ်သည်။စိတ်ထင်ရာတဇွတ်ထိုးလုပ်ကိုင်ချင်စိတ်တွေဖြစ်နေတတ်တယ်။

ကောင်းသောအပြောင်းအလဲများ ပေါ်ပေါက်လိမ့်မည်။ခဏသည်းခံလိုက်ပါ။လူမျိုးခြားကူညီမစလိမ့်မည်။ထစ်ငေါ့ကြန့်ကြာနေသာကိစ္စမျာ ပြေလည်လိမ့်မည်။အလုပ်နေရာအိမ်နေရာကောင်းသောပြောင်းရွှေ့ခြင်းများကြုံရမည်။

လူမှုရေး-အရင်ကမိမိနှင့်စိတ်သဘောထား မတိုက်ဆိုင်သူများ ဒီကာလတွင် ပြေလည်သွားလိမ့်မည်။အချစ်ရေး-ချစ်သူအသစ်ရတာတို့ စိတ်ကောက်နေသောချစ်သူ စိတ်ဆိုးပြေသွားတာတို့ ကြုံရမည်။အကျိုးပေးဂဏန်း-၄၊ ၉၊ ၈ယတြာ-နံနက်တိုင်း မိမိအတွက် သောက်တော်ရေတခွက်ကပ်လှူပြီးလိုရာဆုတောင်းပါ။

၄။ဗုဒ္ဓဟူးသားသမီးများ

ဗုဒ္ဓဟူးသားသမီးများသည် ဒီကာလတွင်ရောဂါဝေဒနာတခုခုခံစားနေရတတ်သည်။ဆေးရုံဆေးခန်း ရောက်ရတတ်တယ်။မိမိအိမ်၌တယောက်ယောက်ထွက်ခွာသွားတာတို့ သို့မဟုတ် မိမိကအိမ်နဲ့အဆင်မပြေပဲအိမိကထွက်သွားတာတို့ဖြစ်တတ်သည်။

အလုပ်မှာလည်းအထက်အကြီးအကဲများနှင့်အဆင်မပြေဖြစ်ရတတ်သည်။ ဒါပေမယ့် ထိုကဲ့သို့ အဆင်မပြေဖြစ်ခြင်းများသည် ကောင်းသောအပြောင်းအလဲများရောက်လာဖို့အတွက်ဖြစ်သည်။မုန်တိုင်းပြီးရင် လေပြလာသကဲ့သို့ဖြစ်မည်။ကောင်းသောခရီးဝေးများသွားရမည်။ရပ်ဝေးမှအဆက်အသွယ်ကောင်းများ ရရှိလိမ့်မည်။

သင်တန်းကိစ္စ အင်တာဗျူးကိစ္စများ အောင်မြင်လိမ့်မည်။လူမှုရေး-လူအများ၏ ကဲ့ရဲ့ခြင်း အထင်အမြင်သေးခြင်းကို ခံရသောကာလ ဖြစ်သည်။အချစ်ရေး-ချစ်သူနှင့်ခဏတာကွဲကွာ ခွဲခွာရသော်လည်း စာနှင့်အဆက်အသွယ်မပြတ် အလွမ်းဖြေနေရသောကာလဖြစ်သည်။ ချစ်လျက်နဲ့ဝေးရသောကာလဖြစ်သည်။

အကျိုးပေးဂဏန်း-၆၊ ၁၊ ၈ယတြာ-ကြက်သွန်ကြော် ဘုရားမှာကပ်လှူပူဇော်ပြီးလိုရာဆုတောင်းပါ။

၅။ကြာသပတေးသားသမီးများ

ကြာသပတေးသားသမီးများသည် ဒီကာလတွင်အတွေအခေါ်ဆုံးဖြတ်ချက်တွေအလွှဲအချော်ချော်ဖြစ်နေတတ်သည်။မိမိဖြစ်ချင်တာကတခြားဖြစ်သွားတာကတခြားဖြစ်မည်။အဲသလိုမရည်ရွယ်ဘဲအလွှဲလွှဲအချော်ချော်ဖြစ်နေသည့်အတွက်သူတပါးကမိမိကိုစွပ်စွဲတာတို့ ပြစ်တင်တာတို့ခံရတက်သည်။

ဒါကြောင့်မို့လို့အရေးကြီးသောကိစ္စများဆုံးဖြတ်လုပ်ကိုင်ပါကမိမိတယောက်တည်းရဲ့စိတ်ဆန္ဒနှင့်မဆုံးဖြတ်ပဲမိမိထက်ကျွမ်းကျင်သူ အတွေ့အကြုံရင့်သူတို့နှင့် တိုင်ပင်လုပ်ကိုင်ပါက လမ်းမှန်ပေါ်သို့ အမြန်ဆုံးရောက်ရှိလာပါလိမ့်မည်။

လူမှုရေး-ခက်ခဲသောပြဿနာများကို ဖြေရှင်းလုပ်ကိုင်ရတတ်သည်။အချစ်ရေး -အဖြစ်မှန်ကိုမသိပဲ ချစ်သူ၏ စွပ်စွဲပစ်တင်ခြင်းကို ခံရတက်သည်။အကျိုးပေးဂဏန်း-၉၊ ၈၊ ၂ယတြာ-အသက်ကြီးသူများကို ငွေကြေးတတ်နိုင်သလောက် လှူဒါန်းပေးပါ။

၆။သောကြာသားသမီးများ

သောကြာသားသမီးများသည် ဒီကာလတွင် လိမ်လည်လှည့်စားခံရတတ်သည်။ စကားပြောဆိုရာတွင် ရန်အတိုက်အခံဖြစ်ပေါ်တတ်သည်။ အမှုအခင်းတရားတဘောင်များရင်ဆိုင်ရတတ်သည်။အသွားမတော်တလှမ်းဆိုသကဲ့သို့ခရီးသွားရင်းဒုက္ခတွေ့တတ်သည်။ကျန်းမာရေးချို့ယွင်းတတ်သည်။

ဒီကာလတွင်ဖြစ်ပွားသောအနာရောဂါများသည် တော်တော်နှင့်မပျောက်ဖြစ်တတ်သည်။ထို့ကြောင့် သတိထားပါ။သို့သော် မမျှော်လင့်သောအပြောင်းအလဲများ ဖြစ်ပေါ်လိမ့်မည်။ခရီးသွားရင်းအကူအညီကောင်းများရတာတို့ဆေးကောင်းဝါးကောင်းများနှင့်ကုသရတာတို့ ကြုံရတတ်သည်။

အလှည့်အပြောင်းတခုခုကြုံရမည်လူမှုရေး-တယောက်တည်းအထီးကျန်ပြီး လူအများနှင့် ရောနှောလိုစိတ်မရှိ ဖြစ်တက်သည်။အချစ်ရေး-ချစ်သူ၏လိမ်လည်လှည့်စားခြင်းကိုခံရ၍ ကြေကွဲဝမ်းနည်းရသောကာလဖြစ်သည်။အကျိုးပေးဂဏန်း ၄၊ ၉၊ ၅ယတြာ-ထန်းလျက်ခဲ ၁၁ ခဲ ဘုရားမှာကပ်လှူပူဇော်ပေးပါ။

၇။စနေသားသမီးများ

စနေသားသမီးများသည် ဒီကာလတွင် ဘာလုပ်လုပ်ဘာကိုင်ကိုင်ဖြေးဖြေးမှန်မှန်တိုးတက်ခြင်းကြုံမည်။ အိမ်တွင်း၌ ရန်အတိုက်အခံဖြစ်ပေါ်တက်သည်။ကြာသပတေးသားသမီးများကြောင့်စိတ်သောကရောက်ရတတ်သည်။ဘုရားတရား အားထားရမည့်အချိန်ဖြစ်သည်။

မိမိ၏အိပ်ရာနား၌ အလှအပပစ္စည်းတခုခုရှိပါက ဖယ်လိုက်ပါ။ အညံ့အခိုက်များ ပြေပျောက်သွားပါလိမ့်မယ်။လူမှုရေး-လူအများ၏ ယုံကြည်အားထားခြင်းကိုခံရပြီး မိမိကနေရာတကာပါရ၍ လူပင်ပန်းမည့်ကာလဖြစ်သည်။

အချစ်ရေး-လမ်းခွဲစကား အဆိုခံရတတ်သည်။ သတိထားပါ။အကျိုးပေးဂဏန်း-ဝ၊ ၆၊ ၄ယတြာ-သံ ၆ ချောင်းကို မိမိအိပ်ရာခြေရင်းတွင်ထားအိပ်ပြီးနောက်တနေ့ညနေတွင် စွန့်ပစ်လိုက်ပါ။

ဆရာမ မေဘုန်းမြတ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *