စိန်ဝယ်မယ်ဆို မဖြစ်မနေသိထားရမည့်အချက်များ
စိန် နဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေကြိုက်နှစ်သက်လို့ ဝယ်သည့်အခါ စိတ်အရည်အသွေးဘယ်လောက်ရှိသလဲ၊ဘယ်အရည်အသွေးဆို ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာသိရှိထားသင့်ပါတယ်။

မိမိက စိန်အကြောင်းနားမလည်တဲ့အခါ အရည်သွေးနိမ့်စိန်များကို မတန်တဆစျေးကြီးများနဲ့ ပေးလိုက်ရတဲ့ အဖြစ်မျိုးမကြုံရလေအောင် စိန်နဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တာလေးများကို ဖော်ပြပေးလိုက်ပါတယ်။စိန်ဆိုတာနဲ့စိန်အရည်အသွေးသတ်မှတ်စျေးဖြတ်ဖို့ စံနှုန်းဖြစ်တဲ့ 4C ဆိုတာကြားဖူးကြမှာပါ




(1) C – Carat ကာရက် ကလပ်
(2)C – Color အရောင်
(3)C – Clarity သန့်စင်မှု
(4)C – Cutting သွေးကွက် ဆိုပြီးဖြစ်ပါတယ်။
၁။ Carat ဆိုတာ စိန်ဆိုဒ် သတ်မှတ်တဲ့ယူနစ်ပါ။ဥပမာ (1 carat = 0.2g ရှိပါတယ် /1g = 5carat)




မြန်မာမှာကစိန်ဆို ရတီနဲ့ပိုရင်းနှီးကြတယ်။ရတီ carat ပြောင်းနည်းကတော့ (1ရတီ = 0.9ct /1 carat = 1.11 ရတီ )ဖြစ်ပါတယ်။ရတီ ကိုကာရက် ဖွဲ့ချင်ရင် 0.9 နဲ့ မြှောက်၊ကာရက်ကို ရတီဖွဲ့ချင်ရင် 1.11 နဲ့ မြှောက်ပါ။
၂။ Color
D for Diamonds ဆိုတဲ့အတိုင်း စိန် Color Grade က D ကနေစပြီး အက္ခရာအတိုင်း D to Z အထိ သတ်မှတ်ခွဲခြားပါတယ်။စိန်မှာ color grade အမြင့်ဆုံးအဖွေးဆုံးကို D color ,D to G Colorless ,H to L Nearly colorless ,M to Z Slightly Tinted Faint Yellow သတ်မှတ်ပြီး အက္ခရာစဉ်နောက်ရောက်လေ Color Grade ကျသွားလေပါ။




စိန်မှာအဖြူရောင်အပြင်အခြားအပြာ၊အဝါ ၊ပန်းရောင်၊အစိမ်း၊အညို ၊အနက်၊အစရှိသဖြင့် ကာလာအစုံလည်းထွက်ပါတယ်။Fancy Color ခေါ်ပါတယ်။မြန်မာစျေးကွက်မှ အပွင့်စိန် ဆို H to L color ကို အများဆုံးသုံးပါတယ်
၃။Clarity သန့်စင်မှု
စိန်မှာ အနာအမှုန်အပြစ်ပါဝင်မှု Grade ခွဲပုံပါတယ်။
(1)FL – Flawless
(2)IF – Internally Flawless
(3)VVS – very very slightly included
(4)VS – very slightly included
(5)SI – slightly included
(6)I – Imperfect ဆိုပြီး(၆)ခု ခွဲခြားထားပါသည်။




-FL ဆိုတာအပြစ်အနာလုံးဝမရှိ စင်းလုံးချောကတော့ စျေးကွက်မှာ အရမ်းတွေ့ရခဲပါတယ်။
-IF ဆိုတာအတွင်းအပြစ်အနာမရှိ
-VVS1 2 ကတော့Microscope နဲ့ ကြည့်မှ မှုန်မှုန်လေးပဲ မြင်ရတယ် ၊ရိုးရိုး အိတ်ဆောင် 10x မှန်ဘီလူးနဲ့ ကြည့်ရင်မမြင်ရဘူး
-VS1 VS2 ကတော့ 10x မှန်ဘီလူးကြည့်ရင်အပြစ်အနာမှုန်မှုန်ပါးပါးလေးတွေ့ရပါတယ်။
-SI1 ကတော့10x မှန်ဘီလူးနဲ့တွေ့နိုင်ပါတယ်




-SI2 SI3 ကတော့ဆိုဒ်အသေးအကြွေတွေဆို မှန်ဘီလူးနဲ့ ကြည့်ရင်တွေ့ပါတယ်။1.5ct အထက် ဆိုဒ်ဆို အချို့ သာမန်မျက်စိနဲ့ မြင်ရတတ်ပါတယ်များသောအားဖြင့်မမြင်ရပါ။
-I1 ဆိုတာ ဆိုဒ်ကြီးဆို သာမန်မျက်စိနဲ့ မြင်ရပါတယ်။ဆိုဒ်သေးဆိုသေချာမတွေ့ရပါ။
-I2 I3 ကတော့ သာမန်မျက်စိဖြင့် လွယ်ကူစွာတွေ့နိုင်ပါတယ်




၄။ Cutting မှာဆိုရင်-
Brilliant Cut စိန်ချွန်းအဝိုင်း ၊Marquise စပါးစေ့ပုံ၊ Pear မိုးရေစက် ၊Heart အသဲပုံ ၊Cushion လေးထောင့်အနားဝိုင်း၊Princess လေးထောင့်ကွက်၊Oval ဘဲဥ အစရှိသဖြင့် စိန်သွေးပုံ အမျိုးစုံရှိပါတယ်။ပယ်၊မျက်နှာပြင်၊ချွန်း၊သွေးကွက်၊ထောင့်ချိုး တွေအားလုံးအချိုးညီပြေပြစ်မှပွင့်အားလက်အားကောင်းပါတယ်။
ယေဘူယျအားဖြင့် ချွန်းပါးလွန်းနေတယ် ချွန်းထူလွန်းနေတယ်ဆို ပွင့်အားလက်အား လျော့သွားပါတယ်။




- Cutting Grade
- Polish
- Symmetry
Poor ,Fair .Good ,Very Good ,Excellent ဆိုပြီး Grade ခွဲပါတယ်
စိန်စျေးတွက်နည်း
စိန်မှာကမ္ဘာ့ပေါက်စျေးအသေးစိတ်ဖော်ပြထားတဲ့ Rapaport နဲ့ ကြည့်ပြီးတွက်ရပါတယ်။
Rapaport မှာ Carat Color Clarity အလိုက် စျေးတန်းသတ်မှတ်ထားပါတယ်။ ဥပမာ
1.20 carat J color VVS1 အတွက် ပေါက်စျေးတွက်မယ်ဆိုပါစို့ (Rapaport မှာတွေ့ရမှာ 60 ပါ၊ 60 ကို 100 နဲ့ မြှောက် 6000 ၊ Carat နဲ့ မြှောက် 1.20ct x 6000 = $7200 Rapaport List Price ရပါတယ်။




List Price ရဲ့ % ဘယ်လောက်ရမလဲ။ဥပမာ Minus 15% ရတယ် ဆိုပါစို့ – $7200 x 85% = $6120 အဲဒါ ဒီစိန်တစ်ပွင့်အတွက်ကျသင့်မယ့်နှုန်းထားပါ။Plus 5% ရတယ်ဆိုပါစို့ $7200 x 105% = $7560 Rapaport ပေါက်စျေးရဲ့ % ဘယ်လောက်ပေးတယ်ဆိုတာပေါ်မူတည်ပြီး စျေးအနည်းအများကွဲသွားတာပါ။
4C နဲ့ ပတ်သက်ပြီး သိထားသင့်သည်များ
စိန်ပေါက်စျေးဟာ Carat Size အလိုက် စျေးတန်းခွဲတဲ့အတွက် Carat Size နဲ့ ပတ်သက်ရင် သိထားသင့်လေးတွေပြောပြပါမယ်0.9 to 0.99 က စျေးတန်းတခု 1.00 to 1.49 က စျေးတန်းတစ်ခုဖြစ်သွားတယ်




အဲဒီမှာစိန်သွေးတဲ့သူတွေကဘယ်လိုလုပ်ကြသလဲဆို 0.9 ct မသွေးတော့ဘဲ 1ct ဆိုဒ် ဝင်အောင်ပဲသွေးကြတယ်စျေးတန်းပိုမြင့်သွားအောင်လို့ပါ။0.9ct က မြန်မာနည်းနဲ့တွက်ရင်တရတီကိုက်ဖြစ်နေတဲ့အတွက်မြန်မာတွေကကြိုက်ကြတယ်။
ပြဿနာက 0.9ct size ကရှားတယ် အဲဒီအတွက် % ရတာ နည်းပါတယ် 1ct ဆိုဒ်ဆို % ပိုရပါတယ် ဥပမာ 0.9ct ကို -10% ပဲရမယ်ဆို 1ct မှာ -15% -18% တွေရနိုင်တယ်။ 0.9ct 1.4ct 1.8 1.9 ct 2.8ct 2.9ct အစရှိတဲ့ဆိုဒ်တွေကို Premium Size ခေါ်ပါတယ်။




ဆိုဒ်အနေနဲ့က ၁ကလပ် နီးနီး ၂ကလပ်နီးနီး ၃ကလပ်နီးနီး ဖြစ်ပြီး စျေးတန်းတစ်တန်းနိမ့်နေလို့ပါ Premium size ဖြစ်သွားပြီဆို % off နည်းတတ်ပါတယ်။မြန်မာတွေကလည်းPremium Size တွေကို ပိုကြိုက်တတ်ကြပါတယ်။ဘာကြောင့်လဲဆို carat ကို ရတီနဲ့ ပြောင်းတွက်ကြည့်မယ်။
0.9ct ကို ၁ရတီ ၊1.8ct က ၂ရတီ၊ 2.7ct က ၃ရတီ ဖြစ်နေတဲ့အခါစျေးတန်းက၁ကလပ်ကျော်စျေးတန်းနဲ့တွက်ရတယ်။ကိုယ့်ဝတ်တော့ ၂ရတီကိုက်အပြည့် ဖြစ်နေတယ်။ဝတ်ရတာတန်တယ် ၂ကလပ်ကျော်က ၃ရတီ ဖြစ်နေတယ်။ဆိုဒ်အားဖြင့်တတန်းတက်သွားတာကို သဘောကျကြတယ်မြန်မာမှာ Premium Size တွေကို Demand ပိုများတတ်တယ်။

Clairity နဲ့ ပတ်သက်ပြီး သိထားသင့်သည်များ
မြန်မာစျေးကွက်မှာ တပွင့်စိန်ဆို IF VVS1 VVS2 ကိုပဲ အများဆုံး ဝယ်ကြပါတယ် မြန်မာတွေက စိန်နဲ့ပတ်သက်လာရင် အသန့်ကိုမှပဲ ရချင်ကြတယ်။ Wedding Ring Anniversary Gift အစရှိတဲ့တသက်လုံး မှတ်မှတ်ရရရှိစေမယ့်ပစ္စည်းမျိုးမဟုတ်ဘဲအလှဝတ်ဖို့ဆိုClarity Grade VS1 VS2 လောက် ရွေးချယ်ပြီး




Color Grade မြင့်တာလေးရွေးချယ်ဖို့ ပိုအားပေးချင်ပါတယ်။ဘာကြောင့်လဲဆို inclusion ပါတာက မှန်ဘီလူးနဲ့ ကြည့်မှမြင်ရတယ်။ဒီတိုင်းဝတ်ထားတာကြည့်ပြီး IF လား VS1 လားဘယ်သူမှမခွဲနိုင်ဘူး Color Grade မြင့်တာကမျက်စိအမြင်မှာအလှပိုစေတယ်။
မျက်စိနဲ့မမြင်နိုင် ပွဲလယ်မှာလူမသိနိုင်တဲ့ Clarity အတွက် စျေးပိုပေးမယ့်အစား သာမန်မျက်စိကြည့်ပြီးသိနိုင်တဲ့ Color Grade အမြင့် ဒါမှမဟုတ် Carat ဆိုဒ်ကြီး ကို ရွေးချယ်တာက ပိုမတန်ဘူးလား? ဥပမာ Rapaportမှာ ကြည့်ကြည့်ပါ −
1 carat G color IF $10700
1 carat E color VVS2 $10700
1 carat D color VS2 $10700




G color E color D color ဆိုဒ်လည်းအတူတူ စျေးလည်းအတူတူပဲ မျက်စိနဲ့မြင်ရုံနဲ့မသိနိုင်တဲ့ Clarity ကိုသင့်တင့်တာယူလိုက်မယ်ဆိုဒီပိုက်ဆံ Amount ပဲ သုံးပြီး Color Grade ၁ခု ၂ခုပိုမြင့်တာတွေရနိုင်တယ်။Carat Clarity Color တွေက Rapaport မှာစျေးတန်းခွဲထားတဲ့အတွက်ပေါက်စျေးသိချင်ရင် Rapaport ကြည့်ရုံနဲ့သိနိုင်ပါတယ်။
Rapaport မှာမပါတဲ့အချက်တွေ ပြောပြပါမယ်။Cutting
Cutting Polish Symmetry Grade တွေပါ။Sample ပြထားတဲ့ GIA certificate မှာ ကြည့်ကြည့်ပါ။Excellent ၃ခု 3EX တွေ့ရတယ်ဆိုသွေးကွက်ကောင်းတယ်။




Cutting Grade ကဘယ်နေရာမှာ စကားပြောမလဲဆို Rapaport Price % off မှာ ကွာသွားပါမယ်။ Cutting Grade ညံ့ရင် % အများကြီးလျော့နေမယ်။အဲဒါကြောင့် Carat Clarity Color Grade ချင်းတူနေပါလျက်နဲ့ဘာကြောင့်စျေးကွာနေရသလဲ %off အနည်းအများကွာနေလို့ပါ။Cutting Grade အပြင်စိန်ရဲ့အတိုင်းအတာ
ချွန်းပယ် အချိုးအစား ဒီဂရီ အသေးစိတ်တွေကို Certificate မှာဆိုဖော်ပြထားပါတယ်။မြန်မာစျေးကွက်မှာမျက်မြင်ကြည့်ရင်ပယ်ကြီးချွန်းပါးတွေကိုကြိုက်တတ်ကြတယ်။ကလပ်ချိန်နည်းပြီးအဟန့်ပိုကြီးစေတယ်လို့ မှတ်တတ်ကြတယ်။မှန်တော့မှန်တယ်အားနည်းချက်ကပွင့်အားလက်အားလျော့သွားတတ်တယ်




Table Length ကို ကြည့်ပါ မြန်မာစျေးကွက်မှာတော့ အများဆုံး 56% လောက်ကနေ 62% လောက်အတွင်း အသုံးများပါတယ် နိုင်ငံခြားစျေးကွက်တွေမှာ 54% to 57% ကို လူပိုကြိုက်ပါတယ်။
နောက်တစ်ခု Florescence ပါ
None
Faint
Medium Blue
Strong Blue
Very Strong Blue
Ultraviolet Light နဲ့ ကြည့်ရင် တွေ့ရပါတယ်။ D to G color ဆို FL က အရောင်မသိမသာ ဖုန်စေတတ်တယ် ။H to L color တွေကျရင် အရောင်ပိုတက်သွားတယ် FL ပါရင် % ပိုတောင်တက်သွားတတ်ပါသေးတယ်




Certificate
စိန်ဝယ်မယ်ဆို အရေးကြီးတာ Certificate ပါ။ကမ္ဘာမှာ စျေးကွက်အတွင်ကျယ်ဆုံး Certificate ၂မျိုး ရှိပါတယ်။ GIA ရယ် HRD ရယ်ပါ။GIA ကတော့ ကမ္ဘာမှာ အသိအမှတ်ပြုမှု အရှိဆုံး Certificate ပါ။GIA နဲ့ HRD ဆို Color Grade ချင်း ဆိုဒ်ချင်းတူရင်တောင် GIA ကစျေးပိုမြင့်ပါတယ်။




အသိအမှတ်ပြု မှုစျေးကွက်ဝင်မှုချင်းကွာလို့ပါ။နောက်တစ်ချက်က GIA ရဲ့ သတ်မှတ်ချက်တွေက ပိုပြီး တင်းကြပ်လို့ပါ။သိသာထင်ရှားတာဆို Color Grade ပါ။ HRD က GIA ထက် Color Grade ကျတတ်ပါတယ်။စိန်ပွင့်ချင်းအတူတူပဲ GIA မှာ J color သတ်မှတ်ရင် HRD မှာ I color H color ပေးတတ်ပါတယ်။
Color Grade ပိုရတဲ့အတွက် စျေးတန်းမြင့်သွားမယ် ဒီအတွက် % off ကို အများကြီးပိုပေးတတ်ပါတယ်။သာမန်အားဖြင့်ဆို HRD ကစျေးသက်သာတယ်လို့ ယူဆဖွယ်ရာဖြစ်နေပါတယ်။အမှန်က သတ်မှတ်ချက်ကအနည်းငယ်ကွာနေတာကြောင့်ပါ။Certificate ဆိုတိုင်း မျက်စိစုံမမှိတ်လိုက်ပါနဲ့ ။




ဖြစ်သင့်တဲ့စျေးထက်အရမ်းသက်သာနေပြီဆိုသေချာ ရွေးချယ်စိစစ်ပြီးမှပဲဝယ်ယူသင့်ပါတယ်။မိမိအတွက် အသင့်တော်ဆုံး ဖြစ်မယ့် စိန် တွေ ရွေးချယ်ဖို့ အထောက်အကူ ဖြစ်နိုင်ပါစေ။အလှပဆုံး ရတနာတွေပိုင်ဆိုင်နိုင်ကြပါစေ
credit ;Yasodhara Gems