Home made ကြက်ဥခေါက်ဆွဲလုပ်နည်း

Home made ကြက်ဥခေါက်ဆွဲလုပ်နည်း

သန့်သန့်ရှင်းရှင်းနဲ့ အိမ်မှာ ကိုယ်တိုင်ခေါက်ဆွဲလေးလုပ်စားကြည့်မယ်နော်။လုပ်ရတာလည်းမခက်တဲ့အတွက် လုပ်ကြည့်ပါနော်။

ပါဝင်ပစ္စည်းများ

၁။ဂျုံ ၃၀၀ ဂရမ်

၂။ ကြက်ဥ ၃ လုံး

၃။ဆား အနည်းငယ်

၄။ဆီ၂ ဇွန်း(လက်ဖက်စားဇွန်း)

၅။ရေသန့် ထမင်းစားဇွန်း ၂ ဇွန်းခန့်

ပြုလုပ်နည်း

အားလုံးကို ဇလုံတစ်ခုထဲတွင်ထည့်ကာ ရောနှယ်ပါ။ဂျုံသားချောမွေ့လာတဲ့ထိနယ်ပေးပါ။

ဂျုံသားများချောမွေ့လာပြီပြီဆို ခေါဆွဲဖြတ်စက်ရှိပါက စက်ဖြင့်ပြားအောင်လုပ်ယူကာ လိုချင်သောဆိုဒ်ကိုစက်နှင့်ဖြတ်ယူကာအသုံးပြုနိုင်ပါသည်။

စက်တွင်အကြီးအသေးဆိုဒ်နှစ်မျိုး ပါရှိပါသည်။စက်မရှိပါကစားပွဲပေါ်တွင်ဂျုံသားကိုတလိမ့်တုန်းဖြင့်ပြားအောင်လှိမ့်ယူကာဓားဖြင့်လိုချင်သောဆိုဒ်ကို ဖတ်ယူကာအသုံးပြုပေးနိုင်ပါတယ်။

ဖြတ်ပြီးရရှိလာသော ခေါက်ဆွဲများကို ရေနွေးအိုးထဲထည့်ကာ ပြုတ်ပေးပါ။ထိုသို့ပြုတ်သည့်အချိန်တွင်ရေနွေးအိုးထဲသို့ ဆီ၃စက်၄စက်ထည့်ပြီး ပြုတ်ပေးပါ။

ပြုတ်ပြီးသားခေါက်ဆွဲများကို ဆီချက်ခေါက်ဆွဲ၊ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲပေါင်း၊ ခေါက်ဆွဲပြုတ်ပါစတာခေါက်ဆွဲ များအဖြစ်မိမိ ကြိုက်နှစ်သက်သလိုပြုလုပ်ပြီးစားသုံးနိုင်ပါတယ်ရှင့်။

ဖိုလ်တိုခရက်ဒစ်

Home made ၾကက္ဥေခါက္ဆြဲလုပ္နည္း

သန္႕သန္႕ရွင္းရွင္းနဲ႕ အိမ္မွာ ကိုယ္တိုင္ေခါက္ဆြဲေလးလုပ္စားၾကည့္မယ္ေနာ္။လုပ္ရတာလည္းမခက္တဲ့အတြက္ လုပ္ၾကည့္ပါေနာ္။

ပါ၀င္ပစၥည္းမ်ား

၁။ဂ်ဳံ ၃၀၀ ဂရမ္

၂။ ၾကက္ဥ ၃ လုံး

၃။ဆား အနည္းငယ္

၄။ဆီ၂ ဇြန္း(လက္ဖက္စားဇြန္း)

၅။ေရသန္႔ ထမင္းစားဇြန္း ၂ ဇြန္းခန္႕

ျပဳလုပ္နည္း

အားလုံးကို ဇလုံတစ္ခုထဲတြင္ထည့္ကာ ေရာႏွယ္ပါ။ဂ်ဳံသားေခ်ာေမြ႕လာတဲ့ထိနယ္ေပးပါ။

ဂ်ဳံသားမ်ားေခ်ာေမြ႕လာၿပီၿပီဆို ေခါဆြဲျဖတ္စက္ရွိပါက စက္ျဖင့္ျပားေအာင္လုပ္ယူကာ လိုခ်င္ေသာဆိုဒ္ကိုစက္ႏွင့္ျဖတ္ယူကာအသုံးျပဳနိုင္ပါသည္။

စက္တြင္အႀကီးအေသးဆိုဒ္ႏွစ္မ်ိဳး ပါရွိပါသည္။စက္မရွိပါကစားပြဲေပၚတြင္ဂ်ဳံသားကို
တလိမ့္တုန္းျဖင့္ျပားေအာင္လွိမ့္ယူကာဓားျဖင့္လိုခ်င္ေသာဆိုဒ္ကို ဖတ္ယူကာအသုံးျပဳေပးႏိုင္ပါတယ္။

ျဖတ္ၿပီးရရွိလာေသာ ေခါက္ဆြဲမ်ားကို ေရေႏြးအိုးထဲထည့္ကာ ျပဳတ္ေပးပါ။ထိုသို့ျပဳတ္သည့္အခ်ိန္တြင္ေရေႏြးအိုးထဲသို့ ဆီ၃စက္၄စက္ထည့္ၿပီး ျပဳတ္ေပးပါ။

ျပဳတ္ၿပီးသားေခါက္ဆြဲမ်ားကို ဆီခ်က္ေခါက္ဆြဲ၊ေခါက္ဆြဲသုပ္၊ ေခါက္ဆြဲေပါင္း၊ ေခါက္ဆြဲျပဳတ္ပါစတာေခါက္ဆြဲ မ်ားအျဖစ္မိမိ ႀကိဳက္ႏွစ္သက္သလိုျပဳလုပ္ၿပီးစားသုံးနိုင္ပါတယ္ရွင့္။

ဖိုလ္တိုခရက္ဒစ္

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *