ပြည်တွင်းရွှေကိုအတက်စျေးမှာဝယ်ပြီး အကျစျေးနဲ့ရောင်း ပြီးရောင်းမှားဝယ်မှားမဖြစ်ရအောင်ဘယ်လိုလုပ်မလဲ?

ပြည်တွင်းရွှေကိုအတက်စျေးမှာဝယ်ပြီး အကျစျေးနဲ့ရောင်း ပြီးရောင်းမှားဝယ်မှားမဖြစ်ရအောင်ဘယ်လိုလုပ်မလဲ?

ပြည်တွင်းရွှေကိုအတက်စျေးမှာဝယ်ပြီး အကျစျေးနဲ့ရောင်း ပြီးရောင်းမှားဝယ်မှားဖြစ်နေကြတာဘာကြောင့်လဲ၊အရောင်းဝယ်ပိုင်းမှာသီအိုရီတစ်ခုရှိတယ်ဗျအဲ့တာကအနိမ့်စျေးမှာဝယ်အမြင့်စျေးမှာရောင်းတဲ့။

ဒါပေမဲ့ ခုချိန် “ရွှေ” အရောင်းဝယ်ပိုင်းကိုကြည့်လိုက်ရင်တလွဲတွေကြည့်လုပ်နေကြတာ။စျေးကအတက်ပြတယ် သတိထားလာကြတယ်နောက်ထပ်အနည်းငယ်ထပ်တက်တယ်စပြီ ဝယ် ဝယ် ဇွတ်ကိုဝယ်ပြီလေ

တက်သလောက်လိုက်ဝယ်တယ်ဘာကြောင့်တက်တာလဲမစဥ်းစားဘူးအဲ့ချိန် ဗြုန်းဆိုစျေးကထိုးကျရော ဘာလဲပေါ့!! ဆက်ကျတယ်​ကြောက်လာပြီထပ်ကျအူးမှာလားဆိုပြီးဝယ်ထားတဲ့စျေးကအမြင့်မှာလေ ရောင်းရမလားကိုင်ရမလားမသိတော့ဘူး

ထပ်ကျတယ် ရောင်း ရောင်း အမြင့်စျေးမှာဝယ်အနိမ့်စျေးမှာရောင်း ” မိအေး နှစ်ခါနှာ” ပြီ။ကိုယ်လဲ ရောင်းပြီးကောစျေးကပြန်တက်ဘာလုပ်ရမလဲ မသိတော့ဘူး ဘယ်သူအားကိုးရမလဲမသိတော့ဘူးစျေးကွက်ကိုကြောက်လာပြီ။

ရွှေရဲ့ သဘောသဘာနဲ့ စျေးကွက်ရဲ့ သဘောတရားတွေကိုနားလည်အောင်လုပ်ပါ။တစ်ချို့ အရပ်ထဲမှာ ပြောနေကြတာကြားဖူးမှာပါ လက်ကြီးသမားတွေစျေးကစားနေတာအဲ့လိုစျေးကစားတဲ့သူတွေကလဲ စျေးကွက်ရဲ့သဘောတရားတွေကို နားလည်အောင်လုပ်ပြီးမှအရောင်းဝယ်လုပ်တာ။

ကိုယ်ကလဲ စျေးကွက်ကိုနားလည်အောင်လုပ်ထားမယ်ဆိုလက်ကြီးသမားတွေစျေးကစားတာကိုရှောင်လွဲနိူင်လာမယ်။စျေးကွက်ကိုနားလည်ဖို့ဆိုနိူင်ငံတစ်နိူင်ငံရဲ့စီးပွားရေးအခြေနေရွှေရဲ့သဘောတရားရွှေ ​ပေါ်သက်ရောက်မူ့ရှိတဲ့ သတင်းအချက်လက်တွေကို အရင်လေ့လာရမယ်ဗျ

အဲ့တာတွေက စျေးကွက်ပေါ်သက်ရောက်မူ့ ကြီးမားတယ်။ဒီလိုစျေးကွက်သဘောတရားတွေအထာတွေကိုသိရှိနားလည်ပြီး ရောင်း/ဝယ် ပြုလုပ်တဲ့အခါစျေးအတက်မှာဝယ်ပြီးစျေးအကျရောင်းမိတဲ့အဖြစ်မျိုးတွေကိုရှောင်လွှဲလာနိူင်သည်မကစိတ်ခံစားမူ့နဲ့အရောင်းဝယ်လုပ်တာကိုပါရှောင်ခြားလာနိူင်မှာဖြစ်ပါတယ်။

ခရက်ဒစ် ကိုဟိန်း

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *