မြိတ်ပင်လယ်စာကတ်ကြေးကိုက်ကြော်နည်း

မြိတ်ပင်လယ်စာကတ်ကြေးကိုက်ကြော်နည်း

မြိတ်ဒေသထွက်တွေထဲမှာ မေအကြိုက်ဆုံးအစားအစာတစ်ခုဖြစ်တဲ့ အရမ်းစားကောင်းတဲ့ ကတ်ကြေးကိုက်လေးမို့ မျှဝေပေးလိုက်ပါတယ်ရှင့်။

ပါဝင်သောပစ္စည်းများ

၁။ကတ်ကြေးကိုက်မုန့်ဖတ် ၄၀ကျပ်သား

၂။ပုဇွန်ကျား၂၀ကျပ်သား(အမြှီးချန်ကာအခွံနွာပြီးကျောခွဲထားပေးပါ)

၃။ကင်ပွန်း (သို့) ပြည်ကြီးငါး၂၀ကျပ်သား(အညှိအချွဲတွေစဉ်အောင်ရှာလကာရည်နဲ့အရင်ဆေးပြီမှရေနဲ့ ပြန်ဆေးထားပါ။ပြီလျှင်ကြက်ခြေခတ်ပုံဓားဖြင့်မွှန်းပေးထားပါ)

၄။ကြက်သား –၁၅ကျပ်သား(အစောင်းပါးပါးလှီးပါ)

၅။ကြက်အူချောင်း -၃ချောင်း(အပါးအစောင်းလှီးပါ)

၆။ပဲပင်ပေါက် – ၁၀ကျပ်သား(ရေစဉ်အောင်ဆေးထားပါ)

၇။ကြက်သွန်မြိတ် ၅စည်း(ပါးပါးံလှီးထားပါ)

၈။ကြက်သွန်ဖြူ –၆မွှာ (နှုတ်နှုတ်စဉ်းပေးပါ)

၉။ဘဲဥ – ၄လုံး(ဆားအနည်းငယ်ထည့်၍ခလောက်ထားပေးပါ)

၁၀။ပဲပြုတ်–၁၀ကျပ်သား

၁၁။ပအုန်းရည် စားပွဲတင်ဇွန်း၆ဇွန်း(ပအုန်းရည်အစားရှာလကာရည်ထည့်လို့ ရပါတယ်)

၁၂။ပဲငံပြာရည် (အကြည်) –စားပွဲတင်ဇွန်း၁ဇွန်း

၁၃။ပဲငံပြာရည် (အနောက်)–လက်ဖက်ရည်ဇွန်း တဝက်

၁၄။ဆား–လက်ဖက်ရည်၁ဇွန်း

၁၅။ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း

ပြင်ဆင်နည်း

၁။ အရင်ဆုံးကြက်သား၊ကင်ပွန်း၊ပုဇွန်ကျားများကို(ဆား၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တဝက်)စီဖြင့် နယ်ထားပေးပါ။

၂။ ပြီလျှင်ခလောက်ထားသောဘဲဥကိုဒယ်ထဲထည့်၍ကြော်ပေးပြီပါးပါးပြန်လှီးပေးထားပါ။

၃။ ထို့နောက်ဒယ်ထဲဆီထည့်ပြီကြက်အူချောင်းများကိုကြော်ပြီ ပြန်ဆယ်ထားပါ။

၄။ ခုကတ်ကြေးကိုက်ကြော် စချက်တော့ပါမည်။

ချက်ပြုတ်နည်

၁။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၆ဇွန်း)ထည့်ပြီကြက်သွန်ဖြူများကိုထည့်ပြီဆီသပ်ပေးပါ။

၂။ပြီလျှင်ငရုတ်သီးမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ကာ၁စက္ကန့်မျှမွှေပေးပါ။

၃။ထို့နောက်ကြက်သား၊ပုဇွန်ကျား၊ပြည်ကြီးငါး၊ကြက်အူချောင်းများကိုထည့်၍မကျက်တကျက် အနေထားရောက်သည်အထိရောမွှေပေးပါ။

၄။ ထိုချိန်မှကတ်ကြေးကိုက်မုန့်ဖတ်ကိုဇလုံတစ်ခုထဲထည့်၍ (ပအုန်းရည်(စားပွဲတင်ဇွန်း ၆ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်)တို့ဖြင့်သမအောင်နုယ်ပြီဒယ်ထဲသို့ လောင်းထည့်လိုက်ပါ။

၅။ပြီနောက်နှံအောင်ရောမွှေလိုက်ပါ။ အရသာအပေါ့အငံ့မြည်း၍ ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း)၊သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။

၆။အရသာအနေတော်မှပဲပင်ပေါက်၊ပဲပြုတ်၊ကြက်ဥတို့ထည့်ပေးပါ။

၇။ မီးဖိုမှချခါနီးမှ ကြက်သွန်မြိတ်များကို ဖြူးပေးပြီးအရသာရှိရှိ မြိတ်ကတ်ကြေးကိုက်ကို သုံးဆောင်နိုင်ပါပြီ။အားလုံးအဆင်ပြေကြပါစေရှင့်။

ဖိုလ်တိုခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *