လွယ်လွယ်ကူကူယိုးဒယား ငပိထမင်းကြော်စားကြမယ်

ပါဝင်ပစ္စည်းများ
၁။ထမင်းဖြူ – ၁ ပန်းကန်

၂။စိမ်းစားငပိ – ဇွန်းဝက်

၃။ငါးငံပြာရည်
၄။ဟင်းခတ်မှုန့် – အနည်းငယ်

၅။ငရုတ်ကောင်းမှုန့် – အနည်းငယ်

၆။ဝက်ဂုတ်သား(သို့)ကြက်သား၁၀ကျပ်သား

၇။ပဲငံပြာရည် ချိုပျစ် – ၁ဇွန်း(လက်ဖက်ရည်ဇွန်း)

၈။သကြား – ၁ဇွန်း

၉။ကြက်ဥ -၁လုံး(အချပ်ကြော်ပြီး ပါးပါးလှီးထားရန်)

၁၀။ကြက်သွန်နီ – ၁လုံး(ပါးပါးလှီးထားရန်)

၁၁။ကြက်သွန်ဖြူ
၁၂။ပဲတောင့်ရှည် ၃ တောင့် (ပါးပါး လှီးထားရန်)

၁၃။ပုစွန်ခြောက်အနည်းငယ်(ကြွပ်အောင်ကြော်ထားရန်)
၁၄။ဝက်အူချောင်း၁ခု(ကြော်ပြီးပါးပါးလှီးထားရန်)

၁၅။သရက်သီးစိမ်း ၁ ခြမ်း(အမျှင်ကြီးကြီးလှီးထားရန်)

၁၆။ငရုတ်သီးစိမ်း ၅တောင့်(ပါးပါးလှီးထားရန်)
၁၇။သံပုရာသီး -၁ လုံး(အူတိုင် ဖယ်ပြီး ၃ စိတ် လှီးထားရန်)

ပြုလုပ်နည်း
ထမင်းဖြူကိုငါးပိနှင့်နှံ့အောင်နယ်ထားပေးပါ။ဒယ်အိုးတစ်လုံးမှာဂျင်း၊ကြက်သွန်ဖြူ အနည်းငယ်ကိုဆီသတ်ပြီးဝက်သား(သို့)ကြက်သားထည့်ကြော်ပါ ။

ငါးငံပြာရည်၊သကြား၊ပဲငံပြာရည်အပျစ်ထည့်ပြီးရေခမ်းသည်အထိ၁၀ မိနစ်လောက်အဖုံး အုပ်ကြော်ပါ။အသားများမာသွားအောင်ကြော်ချက်ဖို့မလိုတာကိုဂရုပြုပါ။

ဝက်ဂုတ်သားဆိုအဆီပေါင်းစပ်ပါဝင်တဲ့အတွက်အချိန်အနည်းငယ်နဲ့ ကျက်တယ်ဆိုတာ ဂရုပြုသင့်ပါတယ်။
ကြက်ဥ၊ကြက်သွန်နီ၊ပဲတောင့်ရှည် ၊ပုစွန်ခြောက်၊ဝက်အူချောင်း၊သရက်သီးစိမ်း ၊ငရုတ်သီးစိမ်းနှင့် သံပုရာသီး အားလုံးတို့ကိုကြိုတင်ပြင်ဆင်ထားပါ။

အားလုံးအဆင်သင့်ဖြစ်ရင်ထမင်းစတင်ကြော်လို့ ရပါပြီ ။ဒယ်အိုးတစ်ခုမှာဆီအနည်းငယ်ကိုအပူပေးပြီးဆီပူလာလျှင်ငပိကိုမွှနေအောင်မွှေကြော်ပေးပါ။

နုပ်နုပ်စဉ်းထားတဲ့ကြက်သွန်ဖြူလေးအနည်းငယ်ထည့်ကြော်ပေးပါ။မွှေးလာပြီဆိုမှထမင်းထည့်ကြော်ပါ။
ငါးငံပြာရည်၊ပာင်းခတ်မှုန့် တို့နှင့်အရသာဖြည့်စွက်ပါ။အသားကျအောင်ကြော်ပြီးမှငရုတ်ကောင်းလေးဖြူးပေးပါ။ထမင်းကြော်ကိုပန်းကန်လုံးတစ်ခုမှာမှောက်ထည့်ပြီးပုံပါအတိုင်းပြင်ဆင်တည်ခင်းပါ။

သတိပြုရန်
ထမင်းကြော်မယ့်ထမင်းပာာအနည်းငယ်မာအောင်ချက်ထားပြီးအအေးခံထားဖို့တော့လိုအပ်ပါတယ်။ပူပြီးစီးထွေးထွေးဖြစ်နေတဲ့ထမင်းမျိုးကထမင်းကြော်ရာမှာကိုယ်လိုချင်တဲ့ပုံစံမျိုးရဖို့ခက်ခဲတတ်ပါတယ် ။
ဖိုလ်တိုခရက်ဒစ်