ငှက်ပျောသီးစားပေးခြင်းဖြင့်ရရှိမည့်အကျိူးကျေးဇူးများနှင့် ဘေးထွက်ဆိုးကျိုးများ
ဘယ်အရာမဆို ကောင်းတဲ့အကျိုးကျေးဇူးများရှိသလို ဘေးထွက်ဆိုးကျိုးလည်းရှိပါတယ်။ ဒါကြောင့် ငှက်ပျေားသီးကြိုက်တဲ့မိတ်ဆွေတွေအတွက် ကောင်းကျိုးဆိုးကျိုးများသိရှိရအောင်မျှဝေပေးခြင်းဖြစ်ပါတယ်ရှင့်။

(၁) အသက် ၄၀ကျော်လာသည်နှင့်ရိုးတွင်းချဉ်ဆီလျော့လာပြီးအရိုးအဆစ်နာကျင်လာတတ်ပါတယ်။ဒါကြောင့်မနက်နေ့ ညငှက်ပျော်သီးမှည့် (၃)လုံးစားပေးပါ။

(၂) အစာအိမ်ကင်ဆာသမားများနှင့်အရိုးကင်ဆာသမားများ ငှက်ပျောသီး စားပေးခြင်းဖြင့် ရောဂါကို မြန်မြန် သက်သာစေမှာပါ။

(၃)စိတ်ဖိစီးပြီးစိတ်ညစ်မှုဝေဒနာဖြစ်လျှင်ငှက်ပျော်သီးမှည့်စားပေးပါ။

(၄) ကျောက်ကပ် အားနည်းကျောက်ကပ်နာကျင်မှုအတွက်ပိုတက်စီယံကြွယ်ဝသော ငှက်ပျောသီးကို နေ့စဉ် စားပေးပါ။

(၅) အူမကြီမြန်ဆန်စွာအလုပ်လုပ်နိုင်ရန်နေ့စဉ်ငှက်ပျောသီးစားပါ။
(၆) မျက်စိမှုန်ခြင် မျက်စိတိမ်ကပ်ခြင်းများအတွက်နေ့စဉ်ငှက်ပျောသီးစားပါ။

(၇)ဝမ်းချူပ်ပြီးအပူအပုတ်ကိန်းအောင်းနေလျှင်ညစဉ် ငှက်ပျောသီးစားပေးပါ ။

(၈)ပင်ပန်းနွမ်းနယ်ပြီးအင်အားမရှိဖြစ်နေလျှင်လည်းငှက်ပျောသီးတစ်နေ့ ၃လုံးစားပေးပါ။
(၉)လေးဘက်နာအဆစ်အမြစ်ကိုက်ခဲနေလျှင်လည်းငှက်ပျောသီးစားပေးပါ။

ငှက်ပျောသီးရဲ့ ဘေးထွက်ဆိုးကျိုး များ
ငှက်ပျောသီးဆိုရင်ဖီးကြမ်းစားမလား။ သီးမွှေးစားမလား။ ရွှေနီစားမလား။ ရခိုင်စားမလား။ သူ့အမျိုးအစားနဲ့သူ မွှေးကြိုင်ပြီး ချိုမြတဲ့ အရသာတစ်ခုကို ရရှိစေနိုင်မှာပါ။

နောက်ပြီး ငှက်ပျောသီးစားခြင်းကနေ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူး တွေကိုလည်း ရရှိစေနိုင်မှာပါ။ဒါပေမယ့်ငှက်ပျောသီးမှာလည်းဘေးထွက်ဆိုးကျိုးတွေ (side-effects) ရှိနေပါသေးတယ်။ အဲဒီဘေးထွက်ဆိုးကျိုးတွေကို သိထားရင် မိမိနဲ့ ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်ပြီး အကျိုးရှိရှိ စားသုံးနိုင်မှာပါနော်။
၁။ ချွဲထစေခြင်း

ပန်းနာသမားတွေဆိုရင်တော့ဒီအကြောင်းကိုသိကောင်းသိမှာပါ။ ငှက်ပျောသီးဟာ အအေးစာတစ်မျိုးဖြစ်တဲ့အတွက်အဆုတ်နဲ့အသက်ရှူလမ်းကြောင်းမှာပြဿနာရှိသူတွေအတွက်တော့ အန္တရာယ်ရှိပါတယ်။ အဲဒါကတော့ ချွဲထစေနိုင်တာပါပဲ။ နောက်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတချို့ကိုလည်းဆောင်ကြဉ်းလာနိုင်ပါသေးတယ်။ငှက်ပျောသီးစားသုံးမှုကြောင့်အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုဖြစ်နိုင်ခြေရှိပါတယ်။ အဲဒီကမှတဆင့် အသက်ရှူရခက်ခဲခြင်း၊ အစာမျိုချရခက်ခဲခြင်း၊ ရင်ဝမှာ ချွဲပိတ်ဆို့ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အခြေအနေဆိုးရွားရင် ချွဲဆို့ပြီးသေတတ်ပါတယ်။
၂။ ဝိတ်တက်စေခြင်း

အာလူးကြော်တို့၊ကိုကာကိုလာတို့ထက်စာရင်တော့ငှက်ပျောသီးတွေကကယ်လိုရီပါဝင်မှု ပိုနည်းတာအမှန်ပါပဲ။ဒါပေမယ့်သူတို့မှာသင်တို့ကို ဝိတ်တက်စေနိုင်တဲ့ကယ်လိုရီပမာဏတော့လုံလောက်စွာပါဝင်နေပါတယ်။ငှက်ပျောသီုအရွယ်ခပ်လတ်လတ်တစ်လုံးမှာ(၁၀၅)ကယ်လိုရီပါဝင်ပါတယ်။

ဒါဟာလိမ္မော်သီးတစ်လုံးမှာပါဝင်တဲ့ကယ်လိုရီ (၆၂)၊ ဖရဲသီးတစ်ပန်းကန်မှာပါဝင်တဲ့ကယ်လိုရီ(၄၅)၊စပျစ်သီးတစ်ပန်းကန်မှာပါဝင်တဲ့ကယ်လိုရီ (၆၂)တို့နဲ့နှိုင်းယှဉ်ရင်တော့ တော်တော်များတယ်လို့ဆိုနိုင်ပါတယ်။ဒါကြောင့်ကယ်လိုရီနည်းတဲ့မုန့်ပဲသရေစာတစ်ခုခုကို ရှာနေတယ်ဆိုရင်တော့ငှက်ပျောသီးကအကောင်းဆုံးရွေးချယ်မှုတစ်ခုမဟုတ်ပါဘူး။
၃။ခေါင်းကိုက်စေခြင်း

တကယ်လို့ သင်ဟာ မကြာခဏခေါင်းကိုက်ခေါင်းမူးတတ်တယ်ဆိုရင်တော့ ငှက်ပျောသီးစားသုံးခြင်းကို အထူးရှောင်ကြဉ် သင့်ပါတယ်။ ဒိန်ခဲ၊ ငါး၊ အသားနဲ့ ငှက်ပျောသီးထဲမှာ တွေ့ရတတ်တဲ့ Tyramine လို့ခေါ်တဲ့ အရာတစ်မျိုးဟာ

ခေါင်းကိုက်ခြင်း ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်လို့မေရီလင်ဆေးဝါးတက္ကသိုလ်ကသုတေသီတွေကဆိုထားပါတယ်။ အထူးသဖြင့်ငှက်ပျောခွံပေါ်ကTyramine ပမာဏကငှက်ပျောသီးအသားထက်(၁၀)ဆလောက်ပိုများပါသတဲ့။
၄။ သွားကိုက်သွားနာစေခြင်း

ကစီဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးတွေဟာသွားကိုက်သွားနာခြင်းနဲ့ သွားအပေါ်ယံကြွေလွှာပျက်ဆီးခြင်းတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ဆေးဘက်ဆိုင်ရာလေ့လာမှုတွေအရတော့ ငှက်ပျောသီးတွေက ချောကလက်၊ ပီကေ၊ အနီရောင်နွယ်ချိုတို့ ထက်တောင်ပိုပြီးခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ ကစီဓာတ်တွေက ခံတွင်းထဲမှာ နှေးကွေးစွာ ပျော်ဝင်ပြီး သကြားတွေကတော့ မြန်ဆန်စွာပျော်ဝင်နိုင်လို့ပါပဲ။ဒါကြောင့်ငှက်ပျောသီးစားထားရင်ငှက်ပျောသီးဖတ်လေးတွေကသွားတွေကြားမှာနှစ်နာရီဝန်းကျင်ကပ်နေနိုင်ပြီးဘက်တီးရီးယားတွေကို ဖိတ်ခေါ်နေနိုင်ပါတယ်။အဲဒီကမှတဆင့် သွားပိုးပေါက်တွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ငှက်ပျေားသီစားပြီးဆိုသူ၏အကျိုးကျေးဇူးများကိုလည်းသိရှိပြီး ဘေးဥပါတ်မဖြစ်အောင်လည်း ကာကွယ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းနိဂုံးချုပ်လိုက်ပါတယ်ရှင့်။