ယိုဒယား ရေဘဝဲထောင်းနည်းနှင့် ပုဇွန်အစိမ်းထောင်းနည်း
ရေဘဝဲထောင်းနည်းအတွက် ပါဝင်ပစ္စည်းများ
၁။ရေဘဝဲ

၂။ငရုတ်သီးအနီတောင့်(အနီတောင့်သုံးပေးမှ အရောင်လှတာပါ)

၃။ကြက်သွန်ဖြူအနည်း

၄။ထန်လျက်၁ခဲ
၅။ခရမ်းချဉ်သီး

၆။ဂျင်းအနည်းငယ်
၇။ထိုင်းငပိရည်

၈။ ငံပြာရည်အနည်းငယ်
၉။ပုဇွန်ခြောက်မှုန့်အနည်းငယ် (ဟင်းချိုမှုန့်သုံးက ထည့်နိုင်သည်)

၁၀။သံပုရာသီး

၁၁။မြေပဲလှော်အနည်းငယ်(ကြိုက်နှစ်သက်ကထည့်နိုင်သည်)

၁၂။ရှမ်းနံနံ(သို့) တရုတ်နံနံ အနည်းငယ်

၁၃။ရှာလကာရည်အနည်းငယ်
ပြုလုပ်နည်း
ရေဘဝဲကိုဂျင်းထုထောင်းပြီးရေထည့်ရှာလကာရည်နည်းနည်းထည့်ပြီးမိနစ်ခန့်ပြုတ်ပါ အကြာကြီးမပြုတ်ရ။

ကြက်သွန်ဖြူငရုတ်သီးအနီ ထန်းလျက် ပုဇွန်ခြောက်တွေကိုထောင်း ထားပါ။ ငံပြာရည် နဲ့ အချိုမှုန့်ထည့်ပါ။

ခရမ်းချဉ်သီးကိုလှီးပြီးထည့်ပါ။နောက်ဆုံးရှမ်းနံနံသို့တရုတ်နံနံထည့်လိုက်ပါ။ မြေပဲလှော် ထည့်ပါ။သံပရာသီးညှစ်ပါ။ဒါဆို ထိုင်းstyle ရေဘဝဲထောင်းလေးရပါပြီ။

ပုစွန်အစိမ်းထောင်းအတွက် ပါဝင်ပစ္စည်းများ
၁။ပုဇွန်(ကြိုက်နှစ်သက်ရာ)

၂။ငရုတ်သီးအနီတောင့်အနည်းငယ်နဲ့ ငရုတ်သီးစိမ်းအနည်းငယ်
၃။ကြက်သွန်ဖြူအနည်း
၄။ထန်လျက်၁ခဲ
၅။သရက်သီးအမျှင်ခြစ်
၆။ ငံပြာရည်အနည်းငယ်
၇။ဟင်းချိုမှုန့်

၈။သံပုရာသီး
၉။ရှမ်းနံနံအနည်းငယ်
ပြုလုပ်နည်း
ပထမဆုံးပုဇွန်းတွေကိုအခွံချွတ်သန့်စင်ပြီး သံပုရည်အနည်းငယ်နဲ့တစ်နာရီလောက်နှပ်ထားပေးပါ။ဆုံထဲသို့ ငရုတ်သီးတောင့်နှင့်ကြက်သွန်ဖြူ တို့ကိုညှက်အောင်ထောင်းပါ။

ထန်လျက်၊ငါးငံပြာရည်၊အချိုမှုန့်၊သံပုရာရည်ညှစ်ထည့်ပါ။သရက်သီးစိမ်းလေးတွေကိုအမျင်ခြစ်ထည့်ပါ။ပုစွန်အစိမ်းတွေထည့်ပြီးရောမွှေပါ။ရှမ်းနံနံလေးတွေပါးပါးလှီးထည့်ပါ။

ဖိုလ်တိုခရက်ဒစ်