ထိုင်းစတိုင်ဂဏန်းသင်္ဘောသီးထောင်း နှင့် ထိုင်းမုန့်တီထောင်းနည်း

ထိုင်းစတိုင်ဂဏန်းသင်္ဘောသီးထောင်း နှင့် ထိုင်းမုန့်တီထောင်းနည်း

ယိုဒယားဂဏန်းသင်္ဘောသီးထောင်း

ပါဝင်ပစ္စည်းများ

၁။သင်္ဘောသီး ခြစ်လက်တဆုပ်စာခန့်

၂။မုန်လာဥနီခြစ်သင်္ဘောသီးခြစ်ရဲ့ငါးပုံတစ်ပုံခန့်

၃။ဂဏန်းအကောင်ကြီးကြီး ၁ ကောင်

၄။ပဲတောင့်ရှည်၁တောင့်

၅။ခရမ်းချဉ်သီး၁လုံး

၆။သံပုရာသီး၁လုံး

၇။ထန်းလျက်ခဲ၂ခဲ

၈။ပုဇွန်ခြောက်၁ဇွန်း (ထမင်းစားဇွန်း)

၉။မြေပဲဆားလှော်-၁ဇွန်း(ထမင်းစားဇွန်း)

၁၀။ငရုတ်စိမ်းတောင့်နှင့်အနီတောင့်-၃ တောင့် မိမိနှစ်သက်သလို)

၁၁။ကြက်သွန်ဖြူ ၂တက်(အခွံမချွတ်ရသေးတာပိုမွှေးပါတယ်)

ပြုလုပ်နည်

ဂဏန်းတစ်ကောင်ကိုရေသေချာဆေးပြုတ်ပြီးစားလို့အဆင်ပြေရုံထုထောင်းထားပါ။အစိမ်းကြိုက်တတ်ရင်ပြုတ်စရာမလိုပါ။

ဂဏန်းကလတ်ဆတ်ဖို့တော့လိုပါတယ်။သင်္ဘောသီးကိုခြစ်ထားပါ။ကျွတ်ကျွတ်လေးနဲ့တောင့်တောင့်လေးစားချင်ရင်တော့စိတ်ရှည်ရှည်နဲ့အမျှင်သေးသေးလေးဖြစ်အောင်လှီးထားပါ။

သင်္ဘောသီးမျှင်တွေကို ရေခဲရေစိမ်ထားသို့မဟုတ်ရေခဲသေတ္တာထဲ၁နာရီလောက်ထည့်ထားပါ။ပွဲပြင်ဆင်တော့မယ်ဆိုငရုတ်ဆုံထဲထမ်းလျက်ခဲတွေကြေအောင်အရင်ထောင်းပါ။

ပြီးနောက်ဖယ်ထားပါ။နောက်ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းနှင့်အနီတောင့်တွေကိုမညက်တညက်လေးထောင်းထားပါ။

သံပုရာသီးကိုအူတိုင်ထုတ်၊၃စိတ်လှီးပြီးအရည်ရော သံပုရာသီးအခွံတွေပါထည့်ထောင်းပါ။ခုနကဖယ်ထားတဲ့ထန်းလျက်ခဲအကြေတွေထည့်ပါ။

ဂဏန်းတွေကို ထည့်ပါ။သံပရာရည်နဲ့သမအောင်မွေပေးခြင်းဖြင့် အသားတွေကျက်ပါလိမ့်မယ်။

ပဲတောင့်ရှည်ကို လက်တဆစ်ခန့် လှီးဖြတ်ထည့်ပါ၊ခရမ်းချဉ်သီးကိုခပ်ကြမ်းကြမ်းလှီးထည့်ပါ။ပုဇွန်ခြောက်ထည့်ပါ။

လက်တဘက်ကဇွန်းကိုင်၊တဘက်က ကျည်ပွေ့ကိုင်ပြီးအားလုံးကိုထောင်းရုံပြု (ပွတ်ချေ)ပေးပါ။နောက်ဆုံးခြစ်ထားတဲ့ သင်္ဘောသီးနဲ့မုန်လာဥနီတွေထည့်ပြီးသမသွားအောင်ပွတ်ချေပေးပါ။

နှံ့ပြီဆိုမြည်းကြည့်ပြီး အပေါ့အငံလိုချင်တဲ့အတိုင်းဆား၊ငါးငံပြာရည်၊အချိုမှုန့်နှစ်သက်ရာထည့်ပါ။နောက်ဆုံးမှာမြေပဲဆားလှော်အခွံချွတ်ထားတာလေးတွေဖြူးထည့်ပါ။

ရေခဲစိမ်ထားတဲ့ကန်စွန် ရိုးနီ ပဲတောင့်ရှည်၊ဂေါ်ဖီထုပ်လတ်လတ်ဆတ်ဆတ်လေးတွေနဲ့တွဲဖက် စားသုံးကြည့်ရင်အရသာထူးတဲ့ဂဏန်းသင်္ဘောသီးထောင်းစစ်စစ်ကိုစားနိုင်ပါပြီ။(ထိုင်းလူမျိုးတွေကသင်္ဘောသီးထောင်းကို ကောက်ညှင်းပေါင်း၊ ကြက်ကင်(သို့)ကြက်ကြော်တို့နဲ့တွဲဖက်စားသုံးလေ့ရှိကြပါတယ်။)ပင်လယ်စာနဲ့လည်းထောင်းလို့ရသလို ရိုရိုးလည်းထောင်းစားကြပါတယ်။

ထိုင်းမုန့်တီထောင်းပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

၁။မုန့်တီဖတ်

၂။ငရုတ်သီးအနီတောင့်(အနီတောင့်သုံးပေးမှ အရောင်လှတာပါ)

၃။မြေပဲလှော်အနည်းငယ်

၄။ထန်လျက်

၅။ခရမ်းချဉ်သီး

၆။ပဲတောင့်ရှည်

၇။ထိုင်းငပိရည် (သို့) ရိုးရိုးငပိကိုမီးကင်ပြီးအရည်ဖျော်ထားပေးပါ)

၈။ ငံပြာရည်အနည်းငယ်

၉။ပုဇွန်ခြောက်မှုန့်အနည်းငယ် (ဟင်းချိုမှုန့်သုံးက ထည့်နိုင်သည်)

၁၀။သံပုရာသီး

ပြုလုပ်နည်း

ငရုတ်သီးအနီတောင့်ကိုနွမ်းရုံသာပြုတ်ပေးပါ။ (မပြုတ်ရင်ဗိုက်နာမှာစိုးလို့ပါ) ပြုတ်ထားသောငရုတ်အနီတာင့်မြေပဲအနည်းငယ်နှင့်ထန်းလျက်အားကျေညက်အောင်ထောင်းထားပါ။

ခရမ်းချဉ်သီး၊ပဲတောင့်ရှည်သီးနှင့်သံပုရာသီးလှီးထားပေးပါ။မုန့်တီဖတ်ပေါ်သို့ အပေါ်မှထောင်းထားသောအရာများထည့်ပါ။ လှီးထားသောခရမ်းချဉ်သီး၊ပဲသီးလည်းထည့်ပါ။

ထိုင်းငပိရည် ပုဇွန်ခြောက်မှုန့် ငံပြာရည်အနည်းငယ်သံပုရာသီးညှစ်ပေးပြီးနယ်ပေးပါ။(ထောင်းသည့်ငရုတ်ဆုံရှိပါကအသာလေးလိမ့်ထောင်းနိုင်ပါသည်)ထို့နောက်အရသာအစပ်အငန်အားမြည်းကြည့်ပြီးလိုအပ်သလိုပြင်ဆင်ပြီးစားနိုင်ပါပြီနော်။

ဖိုလ်တိုခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *