နွားနို့နဲ့ပေါင်းသော ငှက်ပျောပေါင်းလုပ်နည်း

နွားနို့နဲ့ပေါင်းသော ငှက်ပျောပေါင်းလုပ်နည်း

အခုငှက်ပျောပေါင်းလေးက အုန်းနို့အစား နွားနို့ကိုသုံးပြီးပေါင်းတဲ့ ငှက်ပျောပေါင်းနည်းလေးပါ။ မလှိုင်ဖတ်လေးတွေနဲ့ အရမ်းစားကောင်းတဲ့ငှက်ပျောပေါင်းနည်းလေးမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင့်

ပါဝင်ပစ္စည်းမျာ

၁။ငှက်ပျောသီး တစ်ဖီး (ဖီးကြမ်း (သို့) ရခိုင်ငှက်ပျော)

၂။နွားနို့ 1L

၃။သကြား200g

၄။ဆား လက်ဖက်ရည်းဇွန်းသုံးပုံတစ်ပုံ

ပြုလုပ်နည်း


ပထမဆုံးငှက်ပျောသီးများကိုအခွံခွာပြီး ရေနွေးပွက်ပွက်ထဲ ကင်ပွန်းချဉ်ရွက်အနည်းငယ်နဲ့ ထည့်ပြီး၅မိနစ်ခန့်ပြုတ်ပေးပါမယ်။ငှက်ပျောသီး ၏အဖန်ဓါတ်များကုန်သွားအောင်ပါ။

ပြုတ်ပြီးသားငှက်ပျောသီးများကိုဆယ်ပြီ အအေးခံထားပါမယ်။အိုးတစ်ခုထဲနွားနို့ထည့်ပြီးတည်ပေးပါမယ်။

နွားနို့ဆူပြီဆို သကြားထည့်၊ဆားအနည်းငယ်ထည့်ပြီးနွားနို့များအရည်ကျအောင်တည်ပေးထားပါမယ် ။

နွားနို့အရည်ကျပြီဆို ငှက်ပျောသီးထည့်အထက်အောက်လှန်ပြီး အရည်နည်းနည်းကျန်တဲ့အထိမီးအနေတော်လေးနဲ့တည်ပေးပါ။

မီးပြင်းပါက နို့များအောက်ကပ်ပြီးတူးတက်လို့ပါ။ မကြာမကြာအိုးကိုလှုပ်ပေးပါမကပ်အောင်ပါ။

အရည်လေးနည်းနည်းပဲကျန်ပြီး မလှိုင်ဖတ်လေးတွေလည်းငှက်ပျောသီးမှာ ကပ်နေပြီဆိုရပါပြီ အရသာရှိတဲ့ နို့ငှက်ပျောပေါင်းပါ။

အုံးသီးကြိုက်ပါက ခြစ်ပြီးအပေါ်ကဖြူးပြီးလည်းစားနိုင်ပါတယ်။ဒီအတိုင်းလေးလည်း အရမ်းစားကောင်းတဲ့ငှက်ပျောပေါင်းလေးရနေပါပြီရှင့်။အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်။

ဖိုလ်တို ခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *