ယနေ့မှစပြီး တစ်အိမ်ထောင်လျှင် တစ်အိတ်နှုန်းဖြင့် ဆန် တစ်အိတ်လျှင် ၃၅၀၀၀ကျပ်မှ၇၇၀၀၀ကျပ်ထိ အထူးလျော့စျေးဖြင့်စတင်ရောင်းချ

ယနေ့မှစပြီး တစ်အိမ်ထောင်လျှင် တစ်အိတ်နှုန်းဖြင့် ဆန် တစ်အိတ်လျှင် ၃၅၀၀၀ကျပ်မှ၇၇၀၀၀ကျပ်ထိ အထူးလျော့စျေးဖြင့်စတင်ရောင်းချ

စားသုံးသူပြည်သူများဈေးနှုန်းသက်သာစွာစားသုံးနိုင်ရန်မြန်မာမာနိုင်ငံဆန်စပါးအသင်းချုပ်မှဦးဆောင်ပြီးဆန်(၁) အိတ်၃၅၀၀၀ကျပ်မှစ၍ရောင်းချပေးသွားမည့်အစီအစဉ်ကိုယနေ့နံနက်ပိုင်းမှစတင်နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရသည်။

အဆိုပါဆန်ရောင်းချခြင်းအစီအစဉ်ကိုယနေ့ ဩဂုတ်လ(၃) ရက်မှစတင်ကာနေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအတွင်းရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါဆန်ရောင်းချမည့်အစီအစဉ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊

ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း) နှင့်ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တို့ ပူးပေါင်းကာဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ယခုရောင်းချပေးမည့်အစီအစဉ်တွင်ရွှေဘိုပေါ်ဆန်း၊ဧရာဝတီပေါ်ဆန်း၊ကြားပျံ၊ ရက်(၉၀)စသည့်ဆန်အမျိုးအစားများပါဝင်မည်ဖြစ်ပြီး

ဈေးနှုန်းအနေဖြင့်(၁)အိတ်လျင်(၃၅၀၀၀) ကျပ်မှ (၇၇၀၀၀)ကျပ်အထိအစားစားရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှသိရသည်။ရောင်းချပေးသွားမည့် ဈေးနှုန်းများမှာ ရက် (၉၀) ဆန် (၁) အိတ် လျင်(၃၅၀၀၀) ကျပ်မှ(၃၇၀၀၀) ကျပ်၊

ကြားပျံဆန် (၁) အိတ် လျင် (၅၅၀၀၀) ကျပ်မှ (၆၀၀၀၀) ကျပ်၊ ဧရာဝတီ ပေါ်ဆန်း (၁) အိတ် လျင် (၅၂၀၀၀) ကျပ်မှ (၅၅ ၀၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်း (၁) အိတ် လျင် (၇၅၀၀၀) ကျပ်မှ (၇၇၀၀၀) ကျပ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိဈေးကွက်အတွင်းတန်းမြင့်ဆန်အဖြစ်သတ်မှတ်ထားသည့်ရွှေဘိုပေါ်ဆန်းတစ်အိတ်လျင် ၉၀၀၀၀ ဝန်းကျင်အထိပေါက်ဈေးရှိနေပြီးအခြားဆန်အမျိုးအစားများမှာလည်းယခင်လဆန်းပိုင်းကနှင့်နှိုင်းယှဉ်ပါက(၁) အိတ်လျင်(၅၀၀၀)ကျပ်မှ(၁၀၀၀၀)ဝန်းကျင်အထိဈေး နှုန်းမြင့်တက်မှုများရှိခဲ့ကြောင်း ဆန်ဈေးကွက်အတွင်းမှသိရသည်။

ယခု ဆန်ရောင်းချမည့်အစီအစဉ်မှာ အခြေခံ ပြည်သူလူထုသို့ရောင်းချပေးမည့်အစီအစဉ်ဖြစ်ပြီး တစ်‌အိမ်ထောင်လျင်ဆန် (၁)အိတ်နှုန်းသာရောင်းချပေးသွားမည်ဖြစ်ကာဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)တည်ရှိရာ၊ဝါးတန်းဆိပ်ကမ်းနယ်မြေတွင်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Zawgyi

ယေန႔မွစၿပီး တစ္အိမ္ေထာင္လွ်င္ တစ္အိတ္ႏႈန္းျဖင့္ ဆန္ တစ္အိတ္လွ်င္ ၃၅၀၀၀က်ပ္မွ၇၇၀၀၀က်ပ္ထိ အထူးေလ်ာ့ေစ်းျဖင့္စတင္ေရာင္းခ်

စားသုံးသူျပည္သူမ်ားေဈးႏႈန္းသက္သာစြာစားသုံးႏိုင္ရန္ျမန္မာမာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွဦးေဆာင္ၿပီးဆန္(၁) အိတ္၃၅၀၀၀က်ပ္မွစ၍ေရာင္းခ်ေပးသြားမည့္အစီအစဥ္ကိုယေန႔နံနက္ပိုင္းမွစတင္ေနၿပီျဖစ္ေၾကာင္းျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွသိရသည္။

အဆိုပါဆန္ေရာင္းခ်ျခင္းအစီအစဥ္ကိုယေန႔ ဩဂုတ္လ(၃) ရက္မွစတင္ကာေန႔စဥ္ နံနက္(၉)နာရီမွ ညေန(၃)နာရီအတြင္းေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။အဆိုပါဆန္ေရာင္းခ်မည့္အစီအစဥ္ကို ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၊ျမန္မာႏိုင္ငံ ဆန္စပါးကုန္သည္မ်ားအသင္း၊ျမန္မာႏိုင္ငံဆန္စက္လုပ္ငန္းရွင္မ်ားအသင္း၊

ဆန္စပါး ကုန္စည္ဒိုင္(ဝါးတန္း) ႏွင့္ဆန္စပါးကုန္စည္ဒိုင္(ဘုရင့္ေနာင္)တို႔ ပူးေပါင္းကာေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္းသိရသည္။ယခုေရာင္းခ်ေပးမည့္အစီအစဥ္တြင္ေ႐ႊဘိုေပၚဆန္း၊ဧရာဝတီေပၚဆန္း၊ၾကားပ်ံ၊ ရက္(၉၀)စသည့္ဆန္အမ်ိဳးအစားမ်ားပါဝင္မည္ျဖစ္ၿပီး

ေဈးႏႈန္းအေနျဖင့္(၁)အိတ္လ်င္(၃၅၀၀၀) က်ပ္မွ (၇၇၀၀၀)က်ပ္အထိအစားစားရွိမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွသိရသည္။ေရာင္းခ်ေပးသြားမည့္ ေဈးႏႈန္းမ်ားမွာ ရက္ (၉၀) ဆန္ (၁) အိတ္ လ်င္(၃၅၀၀၀) က်ပ္မွ(၃၇၀၀၀) က်ပ္၊

ၾကားပ်ံဆန္ (၁) အိတ္ လ်င္ (၅၅၀၀၀) က်ပ္မွ (၆၀၀၀၀) က်ပ္၊ ဧရာဝတီ ေပၚဆန္း (၁) အိတ္ လ်င္ (၅၂၀၀၀) က်ပ္မွ (၅၅ ၀၀၀) က်ပ္၊ ေ႐ႊဘိုေပၚဆန္း (၁) အိတ္ လ်င္ (၇၅၀၀၀) က်ပ္မွ (၇၇၀၀၀) က်ပ္ျဖင့္ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

လက္ရွိေဈးကြက္အတြင္းတန္းျမင့္ဆန္အျဖစ္သတ္မွတ္ထားသည့္ေ႐ႊဘိုေပၚဆန္းတစ္အိတ္လ်င္ ၉၀၀၀၀ ဝန္းက်င္အထိေပါက္ေဈးရွိေနၿပီးအျခားဆန္အမ်ိဳးအစားမ်ားမွာလည္းယခင္လဆန္းပိုင္းကႏွင့္ႏႈိင္းယွဥ္ပါက(၁) အိတ္လ်င္(၅၀၀၀)က်ပ္မွ(၁၀၀၀၀)ဝန္းက်င္အထိေဈး ႏႈန္းျမင့္တက္မႈမ်ားရွိခဲ့ေၾကာင္း ဆန္ေဈးကြက္အတြင္းမွသိရသည္။

ယခု ဆန္ေရာင္းခ်မည့္အစီအစဥ္မွာ အေျခခံ ျပည္သူလူထုသို႔ေရာင္းခ်ေပးမည့္အစီအစဥ္ျဖစ္ၿပီး တစ္‌အိမ္ေထာင္လ်င္ဆန္ (၁)အိတ္ႏႈန္းသာေရာင္းခ်ေပးသြားမည္ျဖစ္ကာဆန္စပါးကုန္စည္ဒိုင္(ဝါးတန္း)တည္ရွိရာ၊ဝါးတန္းဆိပ္ကမ္းနယ္ေျမတြင္ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *