တစ်သောင်းတန် အတုကို အချက်၅ချက်ဖြင့်စစ်ဆေးနည်း

ယနေ့ ၁၀၀၀၀ ကျပ်ဈေးဦးပေါက်ဘဏ်စည်းထဲကပါလာတာ…ကြားညှပ်ထည့်ထားတာ ပစ္စည်းဝယ်တဲ့ ဆိုင်ကရှင်းပြပါတယ်။
၁။ ကြိုး




အစစ်က..ကြိုးထည့်ထားတာ..မြုတ်လိုက်..ပေါ်လိုက်ဖြစ်နေတာ.သိသာတယ် သေချာကြည့်ရင် ကြိုးအရာရှိတယ်။အတုက..ကြိုးပေါ်တဲ့နေရာမှာ ရောင်ပြန်နဲ့ Press လုပ်ထားတာ သေချာမကြည့်ရင် ကြိုးလို့ထင်ရတယ်။Press နည်းပညာမြင့်တယ်..Printer နဲ့ ထုတ်တာ မဟုတ်ဘူး။




၂။ ညာဘက်ဒေါင့် ၁၀၀၀၀ ဆိုတဲ့ဂဏန်း.ဘေးကကာလာ
အစစ်က အဝါတောက်တောက် အတုကလိမ္မော်ရောင်သန်းပါတယ်။
၃။ဘယ်ဘက် ဒေါင်လိုက် အစက်ကလေးတွေကို ကြည့်ရင်..
အစစ်မှာ CBM လို့မြင်ရတယ် အတုမှာ မမြင်ရဘူး NO




၄။ စက္ကူသား
အစစ်က စက္ကူသားနည်းနည်းကြမ်းတယ် အတုက..စက္ကူသားချောတယ်…။
၅။မြန်ပြည်ပုံ ဘေးက ကာလာ
အစစ်က အရောင်မှိန်တယ် ငြိမ်တယ် အတုက အနီရောင် တောက်တယ်။




နယ်တွေမှာဆိုတောသူတောင်သားများမသိနိုင်ဘူးဈေးသည်လဲ မသိနိုင်ဘူးမြိုပေါ်မှာ နယ်မှာ ပိုက်ဆံအများကြီး ရေတွက်ရတဲ့အိမ်ခြံမြေအရောင်းအဝယ်မှာလဲ..ညှပ်ပါနိုင်တယ်…။
ဓာတ်ပုံ.ကိုယ်တိုင်ရိုက် အပေါ်က အစစ် အောက်က အတုလိမ်ညာ လှည့်ဖျားခံရခြင်းက ကင်းဝေးကြပါစေ…။???

Credit:ကောင်းကင်ထက်က ကြယ်စင် {ကလေး}