ရွေ့လျားစနစ်ဖြင့် စားအုန်းဆီတစ်ပိသာ၃၇၀၀ ကျပ်ဖြင့်ရောင်းချပေး

ရွေ့လျားစနစ်ဖြင့် စားအုန်းဆီတစ်ပိသာ၃၇၀၀ ကျပ်ဖြင့်ရောင်းချပေး

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်များမှယနေ့ သြဂုတ်၂ ရက်တွင်ရန်ကုန်မြို့ မြို့နယ်များအတွင်ရွေ့လျားစနစ်ဖြင့်စားသုံးဆီလိုက်လံ ရောင်းချပေးနေကြောင်းသိရသည်။

ယင်းသို့ ရောင်းချပေးရာတွင်မြို့နယ်များအတွင်းရှိ စားသုံးသူပြည်သူများ သက်သာချောင်ချိစေရန်ရည်ရွယ်၍ စားအုန်းဆီတစ်ပိသာလျှင် ၃၇၀၀ကျပ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ယခင်ရက်များက MEODA၏ ကြီးကြပ်မှုဖြင့် အခြားမြို့နယ်များအတွင်းရွေ့လျားစနစ်ဖြင့်ရောင်းချပေးရာတွင်

စားအုန်းဆီတစ်ပိသာလျှင်၃၈၀၀ကျပ်ဖြင့်ရောင်းချပေးနေရာမှာ ယနေ့တွင်ကျပ် ၁၀၀ လျော့ချ၍ ၃၇၀၀ကျပ်ဖြင့်ရောင်းချပေးနေခြင်းဖြစ်သည်။ယနေ့တွင် MEODA ၏ကြီးကြပ်မှုဖြင့် ဆီလုပ်ငန်းရှင်တို့ပူးပေါင်း၍အင်းစိန်၊လှိုင်သာယာ၊ကမာရွတ်၊ မရမ်းကုန်း၊

သာကေတနှင့်ရွှေပြည်သာမြို့နယ်များတွင် ရွေ့လျားစနစ်ဖြင့် လိုက်ခံရောင်းချပေးနေခြင်းဖြစ်သည်။ပြည်တွင်းစျေးကွက်အတွင်း စားအုန်းဆီစျေးအားစျေးနှုန်းမြှင့်တင်ရောင်းချခြင်းအပါအဝင်စျေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း၊

မသမာသည့်လုပ်ဆောင်ချက်များပြုလုပ်ပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အသိပေးကြေညာထားပါသည်။

Zawgyi

ေ႐ြ႕လ်ားစနစ္ျဖင့္ စားအုန္းဆီတစ္ပိသာ၃၇၀၀ က်ပ္ျဖင့္ေရာင္းခ်ေပး

ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္း၏ စီစဥ္ႀကီးၾကပ္မႈျဖင့္ ျမန္မာႏိုင္ငံဆီကုန္သည္မ်ားမွယေန႔ ၾသဂုတ္၂ ရက္တြင္ရန္ကုန္ၿမိဳ႕ ၿမိဳ႕နယ္မ်ားအတြင္ေ႐ြ႕လ်ားစနစ္ျဖင့္စားသုံးဆီလိုက္လံ ေရာင္းခ်ေပးေနေၾကာင္းသိရသည္။

ယင္းသို႔ ေရာင္းခ်ေပးရာတြင္ၿမိဳ႕နယ္မ်ားအတြင္းရွိ စားသုံးသူျပည္သူမ်ား သက္သာေခ်ာင္ခ်ိေစရန္ရည္႐ြယ္၍ စားအုန္းဆီတစ္ပိသာလွ်င္ ၃၇၀၀က်ပ္ျဖင့္ ေရာင္းခ်ေပးခဲ့ျခင္းျဖစ္သည္။ယခင္ရက္မ်ားက MEODA၏ ႀကီးၾကပ္မႈျဖင့္ အျခားၿမိဳ႕နယ္မ်ားအတြင္းေ႐ြ႕လ်ားစနစ္ျဖင့္ေရာင္းခ်ေပးရာတြင္

စားအုန္းဆီတစ္ပိသာလွ်င္၃၈၀၀က်ပ္ျဖင့္ေရာင္းခ်ေပးေနရာမွာ ယေန႔တြင္က်ပ္ ၁၀၀ ေလ်ာ့ခ်၍ ၃၇၀၀က်ပ္ျဖင့္ေရာင္းခ်ေပးေနျခင္းျဖစ္သည္။ယေန႔တြင္ MEODA ၏ႀကီးၾကပ္မႈျဖင့္ ဆီလုပ္ငန္းရွင္တို႔ပူးေပါင္း၍အင္းစိန္၊လႈိင္သာယာ၊ကမာ႐ြတ္၊ မရမ္းကုန္း၊

သာေကတႏွင့္ေ႐ႊျပည္သာၿမိဳ႕နယ္မ်ားတြင္ ေ႐ြ႕လ်ားစနစ္ျဖင့္ လိုက္ခံေရာင္းခ်ေပးေနျခင္းျဖစ္သည္။ျပည္တြင္းေစ်းကြက္အတြင္း စားအုန္းဆီေစ်းအားေစ်းႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္းအပါအဝင္ေစ်းကစားရန္ရည္႐ြယ္ခ်က္ျဖင့္သိုေလွာင္ျခင္း၊

မသမာသည့္လုပ္ေဆာင္ခ်က္မ်ားျပဳလုပ္ပါကအေရးႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈဥပေဒအရအေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊စားသုံးဆီတင္သြင္းသိုေလွာင္ျဖန္႔ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီ အသိေပးေၾကညာထားပါသည္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *