ထိုင်းဘတ်ငွေနှင့် အမေရိကန်ဒေါ်လာစျေးနှုန်းများ ပြင်ပငွေကြေးလဲလှယ်တဲ့စျေးကွက်မှာ စံချိန်လွန်မြင့်တက်နေ

ထိုင်းဘတ်ငွေနှင့် အမေရိကန်ဒေါ်လာစျေးနှုန်းများ ပြင်ပငွေကြေးလဲလှယ်တဲ့စျေးကွက်မှာ စံချိန်လွန်မြင့်တက်နေ

ပြင်ပငွေကြေးလဲလှယ်တဲ့စျေးကွက်မှာထိုင်းဘတ်ငွေတစ်ဘတ်ကို မြန်မာငွေ၇၀ကျပ်နီးပါးအထိ မြင့်တက်နေပြီးအမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၅၃၅ ကျပ်အထိရှိနေတယ်လို့ငွေလဲကောင်တာတချို့ကသိရပါတယ်။

ဒီနေ့ သြဂုတ်လ ၂ ရက်နေ့မှာ နံနက်၈နာရီခွဲကထိုင်းဘတ်ငွေ၁၄၉၅ ဘတ်ကို မြန်မာငွေကျပ် တစ်သိန်း ထိလဲလှယ်နှုန်း မြင့်တက်ခဲ့ပြီး နေ့လည် ၁၁ နာရီမှာတော့ ငွေလဲလှယ်သူအများစုကကျပ်တစ်သိန်းကို ဘတ် ၁၄၈၅ ကနေ၁၅၀၀ဘတ်ကြား အရောင်းအဝယ်လုပ်ကြတယ်လို့

စျေးကွက်အတွင်းကနေသိရပါတယ်။မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုတွေကြောင့် ထိုင်းဘတ်ငွေလဲလှယ်နှုန်းပါ မြင့်တက်လာတာဖြစ်ပြီး နိုင်ငံရေးအပြောင်းအလဲတွေမဖြစ်ပေါ်မီကာလ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းကမြန်မာငွေကျပ်တစ်သိန်းကိုထိုင်းဘတ်ငွေ ၂၃၀၀ ကနေ ၂၂၅၀ ၀န်းကျင်ပေါက်စျေးရှိခဲ့အတွက် ထိုင်းတစ်ဘတ်ကို ၄၅ ကျပ်၀န်းကျင်သာရှိခဲ့တာဖြစ်ပါတယ်။

အခု၂၀၂၂ ခုနှစ်အစမှာထိုင်းဘတ်ငွေတစ်ဘတ်ကို ၅၆ ကျပ်၀န်းကျင်မှာရှိခဲ့ပြီး ဇူလိုင်လလယ်ပိုင်းမှာ တစ်ဘတ်ကို ၆၆ ကျပ်၀န်းကျင်အထိမြင့်တက်ခဲ့ရာမှငွေလဲနှုန်း ၆၁ ကျပ်ဝန်းကျင်ပြန်ကျခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့မှာတော့တစ်ဘတ်ကို ၆၇ ကျပ်နီးပါးပြန်လည်မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့က နိုင်ငံခြားငွေလဲကောင်တာ( Money Exchange)တွေမှာ ထိုင်းဘတ်ငွေနဲ့ ဂျပန်ယန်းဝယ်ယူမှုတွေများနေတယ်လို့သိရပြီး၀ယ်ယူသူတွေက ပြည်ပနိုင်ငံကိုသွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေ၊ကျောင်းတက်ရောက်မယ့်သူအများစုဖြစ်တယ်လို့သိရပါတယ်။

ဩဂုတ်(၂)ရက် နေ့လယ် ၁ နာရီပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၅၃၅ ကျပ်အထိရှိနေပါတယ်။ငွေလဲကောင်တာတစ်ခုနဲ့တစ်ခုအရောင်းအဝယ်လုပ်တဲ့ဈေးမတူကြဘဲတစ်ဒေါ်လာကိုကျပ်၂၅၀၀ကနေ ၂၅၃၅ ကြားမှာဈေးဖွင့်နေကြတယ်လို့ဆိုပါတယ်။

အဲဒီလို ဈေးဖွင့်ထားပေမယ့်လည်းဒေါ်လာကိုလိုသလောက်ရောင်းမပေးနိုင်ဘူးလို့လည်းသိရပါတယ်။ တခြားငွေကြေးဈေးနှုန်းတွေကတော့တစ်ယူရိုကို ကျပ်၂၅၃၀၊ စင်ကာပူတစ်ဒေါ်လာကို ၁၇၆၅ ကျပ်၊ ထိုင်းဘတ်တစ်ဘတ်ကိုကျပ် ၇၀ ဝန်းကျင်၊

တရုတ်ယွမ်တစ်ယွမ်ကို ကျပ် ၃၅၀နဲ့ အရောင်းအဝယ်ပြုလုပ်နေတယ်လို့ သိရပါတယ်။မြန်မာကျပ်ငွေတန်ဖိုးကျဆင်းတဲ့အတွက် ဒေါ်လာ၊ ဘတ်၊ ယွမ်စတဲ့ နိုင်ငံခြားငွေနဲ့၀ယ်ယူရတဲ့ကုန်ပစ္စည်းတွေဟာ စျေးနှုန်းလိုက်ပါ မြင့်တက်လျက်ရှိနေပါတယ်။

Facebook Comments Box