လူမှုဖူလုံရေးနှင့် ချိတ်ဆက်ထားသော တိုင်းဒေသအသီးသီးရှိ ပုဂ္ဂလိက ဆေးရုံများစားရင်းထုတ်ပြန်

လူမှုဖူလုံရေးအဖွဲ့မှာမှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေအတွက်လူမှုဖူလုံရေးနဲ့ချိတ်ဆက်ပြီး စရိတ်မျှပေးစနစ်နဲ့ ဆေးကုသပေးနေတဲ့ပုဂ္ဂလိကဆေးခန်း ၂၁ခန်းရဲ့ စာရင်းကိုထုတ်ပြန်လိုက်ပါတယ်။




လူမှုဖူလုံရေးနဲ့ ချိတ်ဆက် ထားတဲ့ဆေးခန်းတွေကတော့ရန်ကုန်မှာဆိုရင် OSC ဆေးခန်း(မြောက်ဥက္ကလာပ)၊ တော်ဝင်နဂါးဆေးခန်း(လမ်းမတော်)၊ ကုဋေဌေးဆေးခန်း(ရွှေပေါက္ကံ)၊ ဘေးမခဆေးခန်း(မှော်ဘီ)၊ ဘေးမခဆေးခန်း(လှည်းကူး)၊ မိုးကောင်းရတနာဆေးခန်း(မှော်ဘီ)၊




မိုးကောင်းရတနာဆေးခန်း(လှည်းကူး)၊ မိုးကောင်းရတနာဆေးခန်း (ဘောက်ထော်)၊ ကောင်းဇေဆေးခန်း(လှိုင်သာယာ)နဲ့သုခစုစံဆေးခန်း(လှိုင်သာယာ)တို့ဖြစ်တယ်လို့သိရပါတယ်။တခြားမြို့တွေက ဆေးခန်းတွေကတော့ မေတ္တာရှင်ဆေးခန်း(မန္တလေး)၊ ဒက္ခိဏဒီပါဆေးခန်း(မြိတ်)၊




မြတ်တော်ဝင်ဆေးခန်း(တောင်ကြီး)၊ မြတ်မွန်ဆေးခန်း(မြစ်ကြီးနား)၊ ရွှေဟင်္သာဆေးခန်း(ပဲခူး)၊ ညောင်အင်း ဆေးခန်း(ပဲခူး)၊လင်းဆေးခန်း(သာဝတ္ထိ)၊ကောင်းဇေဆေးခန်း(အင်းတကော်)၊ သုခစုစံဆေးခန်း(မန္တလေး)၊
သုခစုစံဆေးခန်း(ပဲခူး)နဲ့ ဘေးမခဆေးခန်း(ဖြူး)တို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ လူမှုဖူလုံရေးအဖွဲ့အနေနဲ့ အာမခံအလုပ်သမားတွေအတွက်အလုပ်သမားဆေးရုံကြီး(၃)ရုံ၊ ဌာနကြီးဆေးခန်း (၅၇)ခန်း၊လူမှုဖူလုံရေးဆေးခန်း (၉၆)ခန်းတို့မှာလည်းကျန်းမာရေးစောင့်ရှောက်မှုတွေဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။




ဆေးခန်းလိပ်စာများကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

