ယာဥ်စီးခများခရီးစဥ်အလိုက်ပြောင်းလဲကောက်ခံနေသော YBS ယာဥ်လိုင်းများနှင့် ယာဥ်စီးခနှုန်းထားများ

ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတချို့ ဩဂုတ်(၁)ရက်ကစပြီးယာဉ်စီးခပြောင်းလဲ ကောက်ခံနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၊ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။




ပြောင်းလဲကောက်ခံတဲ့ ယာဉ်လိုင်းတွေကတော့ YBS ၂၊ ၃၊ ၄၊ ၇၊ ၈၊ ၁၀၊ ၁၁၊ ၂၄၊ ၂၆၊ ၂၈၊ ၂၉ (ဒဂုံတက္ကသိုလ်)၊ ၂၉ (ရွှေပေါက္ကံ)၊ ၃၆၊ ၄၀၊ ၅၉၊ ၆၅၊ ၈၄၊ ၁၁၀၊ ၁၁၁၊ ၁၁၂၊ ၁၁၄၊ ၁၁၅၊ ၁၁၆ ယာဉ်လိုင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
ယာဉ်စီးခ ပြောင်းလဲကောက်ခံတဲ့ ယာဉ်လိုင်းတွေကတော့ခွင့်ပြုပြီးသားဖြစ်ပြီးယာဉ်စီးခအပိုင်းလိုက် ကောက်ခံတာဖြစ်တယ်လို့ ဦးလျန်ကျင့်မန်ကပြောပါတယ်။ယာဉ်စီးခကျပ် (၅၀၀)ကနေကျပ် (၁၀၀၀)အထိပိုကောက်တဲ့ YBS ယာဉ်တွေကိုတော့အရေးယူနေတာရှိတယ်လို့လည်းသူကဆိုပါတယ်။




မူလကခရီးစဉ်အစအဆုံးကို ယာဉ်စီးခ ၂၀၀ ကျပ်သတ်မှတ်ထားရာကနေ လက်ရှိမှာတော့ခရီးစဉ် တစ်ဝက်ကို ကျပ်၂၀၀၊ခရီးစဉ်အစအဆုံးကိုကျပ် ၄၀၀ ပြောင်းလဲ သတ်မှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိ မြေပြင်အခြေအနေမှာတော့ ခရီးစဉ်ရှည်တဲ့ YBS ယာဉ်လိုင်းတွေက တချို့ယာဉ်တွေဟာ အတက်အဆင်းကျပ် ၃၀၀ ကောက်ခံနေပြီးဂိတ်အစဂိတ်အဆုံးကို ကျပ် ၅၀၀၊ ၆၀၀ အထိ ကောက်ခံနေတာတွေရှိတယ်လို့ခရီးသွားပြည်သူတွေရဲ့ ပြောကြားချက်အရသိရပါတယ်။




YBSယာဉ်လိုင်းတချို့၏ပြောင်းလဲကောက်ခံသွားသည့်ယာဉ်စီးခနှုန်းထားများကိုဖော်ပြပေးလိုက်ပါတယ်။
YBS – 2
ယုဇနဥယျာဉ်မြို့တော် -၄၆လမ်းဆုံ ၂၀၀ကျပ်၊၄၆လမ်းဆုံ မှအောင်မင်္ဂလာအဝေးပြေး ၂၀၀ကျပ်၊ယုဇနဥယျာဉ်မြို့တော် မှ အောင်မင်္ဂလာအဝေးပြေး ၄၀၀ကျပ်




YBS – 3
ယုဇနဥယျာဉ်မြို့တော် – စံပြဈေး ၂၀၀ကျပ်၊စံပြဈေး- ဆူးလေ ၂၀၀ကျပ်၊ယုဇနဥယျာဉ်မြို့တော် – ဆူးလေ ၄၀၀ကျပ်
YBS – 4
ရတနာနှင်းဆီအိမ်ရာ- သာကတေအ၀ိုင်း၂၀၀ကျပ်၊သာကတေအပိုင်း – ဆူးလေ ၂၀၀ကျပ်၊ရတနာနှင်းဆီအိမ်ရာ – ဆူးလေ ၄ဝဝကျပ်
YBS – 7
တောင်ဒဂုံ(အကြော်တဲ) – စံပြဈေး ၂၀၀ကျပ်၊စံပြဈေး- ဆူးလေ-၂၀၀ကျပ် တောင်ဒဂုံ(အကြော်တဲ) – ဆူးလေ ၄၀၀ကျပ်




YBS – 8
ဒဂုံဆိပ်ကမ်း(၁၆၈ရပ်ကွက်)- သာကတေအ၀ိုင်း၂၀၀ကျပ်၊ သာကေတအဝိုင်း-လသာ ၂၀၀ကျပ်၊ ဒဂုံဆိပ်ကမ်း(၁၆၈ရပ်ကွက်) -လသာ ၄ဝဝကျပ်
YBS – 10
သာကေတ(ကန်ကြီးထောင့်) – အသင်းတိုက် – ၂၀၀ကျပ်၊အသင်းတိုက် – ဒဂုံတက္ကသိုလ် ၂၀၀ကျပ်၊သာကေတ(ကန်ကြီးထောင့်) -ဒဂုံတက္ကသိုလ် ၄၀၀ကျပ်
YBS – 11
အောင်မင်္ဂလာအဝေးပြေး -သမိုင်းဈေး ၂၀၀ကျပ်၊သမိုင်းဈေး – လသာ ၂၀၀ကျပ်၊အောင်မင်္ဂလာအဝေးပြေး -လသာ ၄ဝဝကျပ်




YBS – 24
ဒဂုံတက္ကသိုလ်- စံပြဈေး ၂၀၀ကျပ် ၊စံပြဈေး- ဗိုလ်တထောင်ဘုရား ၂ဝဝကျပ်။ဒဂုံတက္ကသိုလ် -ဗိုလ်တထောင်ဘုရား ၄၀၀ကျပ်
YBS – 26ဒဂုံတက္ကသိုလ် – ဘေလီ၂ဝဝကျပ်၊ဘေလီ- ဗိုလ်တထောင်ဘုရား ၂ဝဝကျပ်၊ဒဂုံတက္ကသိုလ် – ဗိုလ်တထောင်ဘုရား ၄၀၀ကျပ်
YBS – 28
ဒဂုံတက္ကသိုလ် -လမ်းဝ ၂၀၀ကျပ်၊လမ်းဝ- ဆူးလေ ၂၀၀ကျပ်၊ဒဂုံတက္ကသိုလ် – ဆူးလေ ၄၀၀ကျပ်




YBS – 29
ဒဂုံတက္ကသိုလ်-ဘေလီ ၂၀၀ကျပ်၊ဘေလီ- ဆူးလေ၂ဝဝကျပ်၊ဒဂုံတက္ကသိုလ်- ဆူးလေ ၄ဝဝကျပ်
YBS – 29
ရွှေပေါက္ကံတံတားထိပ်- ဘေလီ ၂ဝဝကျပ်၊ဘေလီ-ဆူးလေ၂၀၀ကျပ်၊ရွှေပေါက္ကံတံတားထိပ် – ဆူးလေ ၄၀၀ကျပ်
YBS – 36
ရွှေပေါက်ကံ(ဆင်ဖုံကွေ့) -မြောက်ဥက္ကလာအဝိုင်း၂၀၀ကျပ်၊မြောက်ဥက္ကလာအဝိုင်း- ဆူးလေ၂၀၀ကျပ်၊ရွှေပေါက္ကံ(ဆင်ဖုံကွေ့) -ဆူးလေ ၄၀၀ကျပ်




YBS – 40
ရွှေပြည်သာ(လိန်ကုန်း) -ပေါက်တောဝ ၂၀၀ကျပ်၊ပေါက်တောဝ -သခင်မြပန်းခြံ ၂၀၀ကျပ်၊ရွှေပြည်သာ(လိန်ကုန်း)- သခင်မြပန်းခြံ ၄၀၀ကျပ်
YBS – 59
တောင်ဒဂုံ(၇၀/၇၂ရပ်ကွက်) – စံပြဈေး ၂၀၀ကျပ်၊စံပြဈေး -သခင်မြပန်းခြံ၂၀၀ကျပ်၊တောင်ဒဂုံ(၇၁/၇၂ရပ်ကွက်)- သခင်မြပန်းခြံ ၄၀၀ကျပ်
YBS – 65
ရွှေပြည်သာ(ရဲတပ်ရင်း၆) -သမိုင်းလမ်းဆုံ ၂၀၀ကျပ်၊သမိုင်းလမ်းဆုံ – ဗိုလ်တထောင်ဘုရား ၂၀၀ကျပ်၊ရွှေပြည်သာ(ရဲတပ်ရင်း၆)- ဗိုလ်တထောင်ဘုရား ၄၀၀ကျပ်




YBS – 84
အရှေ့ဒဂုံ(၁၄ရပ်ကွက်လမ်းဆုံ) – စံပြဈေး၂၀၀ကျပ်၊ စံပြဈေး – ၄၉အစိမ်းဂိတ် ၂၀၀ကျပ်၊အရှေ့ဒဂံ(၁၄ရပ်ကွက်လမ်းဆုံ) – ၄၉အစိမ်းဂိတ် ၄၀၀ကျပ်
YBS – 110
ယုဇနဥယျာဉ်မြို့တော် – စံပြဈေး ၂၀၀ကျပ်၊စံပြဈေး -ဆူးလေ ၂၀၀ကျပ်၊ ယုဇနဥယျာဉ်မြို့တော် – ဆူးလေ ၄၀၀ကျပ်
YBS – 111
တောင်ဒဂုံ(ကျီစု) – စံပြဈေး ၂၀၀ကျပ်၊စံပြဈေး – ဆူးလေ ၂၀၀ကျပ်၊တောင်ဒဂုံ(ကျီစု) – ဆူးလေ ၄၀၀ကျပ်




YBS – 112
အောင်မြင့်မိုရ်အိမ်ရာ – စံပြဈေး ၂ဝဝကျပ်၊စံပြဈေး -ဆူးလေ၂၀၀ကျပ်၊အောင်မြင့်မိုရ်အိမ်ရာ – ဆူးလေ ၄၀၀ကျပ်
YBS – 114
အရှေ့ဒဂုံ(၁ဝ၈ရပ်ကွက်) – စံပြဈေး၂၀၀ကျပ်၊စံပြဈေး- ဗိုလ်တထောင်ဘုရား ၂၀၀ကျပ်၊အရှေ့ဒဂုံ(၁ဝ၈ရပ်ကွက်) – ဗိုလ်တထောင်ဘုရား ၄၀၀ကျပ်
YBS – 115
လမ်း၀ – ဆူးလေ ၂၀၀ကျပ်၊အောင်မင်္ဂလာအဝေးပြေး – လမ်းဝ ၂၀၀ကျပ်၊အောင်မင်္ဂလာအဝေးပြေး – ဆူးလေ ၄၀၀ကျပ်




YBS – 116
ထောက်ကြန့်- မြောက်ဥက္ကလာပအဝိုင်း၂၀၀ကျပ်၊မြောက်ဥက္ကလာပအဝိုင်း-ဆူးလေ၂၀၀ကျပ်၊ထောက်ကြန့်-ဆူးလေ ၄၀၀ကျပ်။