စျေးကစားပြီး တင်ရောင်းနေတဲ့ ရွှေဆိုင်တွေကို အရေးယူမှုတွေလုပ်နေပြီလို့သိရ ရည်ညွှန်းစျေးထက်၃သိန်းနည်းပါးကွာဟနေ

စျေးကစားပြီး တင်ရောင်းနေတဲ့ ရွှေဆိုင်တွေကို အရေးယူမှုတွေလုပ်နေပြီလို့သိရ ရည်ညွှန်းစျေးထက်၃သိန်းနည်းပါးကွာဟနေ

ပြည်တွင်းရွှေစျေးနူန်းကိုစျေးကစားပြီးစျေးတင်ရောင်းနေတဲ့ဆိုင်တွေကိုတာဝန်ရှိတွေကစစ်ဆေးအရေးယူမှုတွေလုပ်ဆောင်နေပြီဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီကသိရပါတယ်။ရန်ကုန်ကရွှေဆိုင်တွေကို စစ်ဆေးအရေးယူမှုတွေစတင်လုပ်ဆောင်နေတာဖြစ်ကြောင်း၊

ရွှေဆိုင်အများစုမှာ အခေါက်ရွှေအရောင်းအဝယ်ယာယီရပ်ထားတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။”အခုရန်ကုန်ထဲမှာနေပြည်တော်ကတာဝန်ရှိသူတွေစိစစ်ပြီးအရေးယူမှုလုပ်နေပြီ။အဲ့ဒီလောက်ပဲပြောလို့ရသေးတယ်။

ရွှေစျေးတည်ငြိမ်အောင် အရေးယူဆောင်ရွက်နေပါတယ်။လက်ရှိကတော့ဆိုင်အကုန်လုံးအရောင်းအဝယ်ရပ်နေတဲ့သဘောဖြစ်​တာပေါ့ ။အကုန်လုံးကပစ္စည်းကိုင်ပြီးတော့စောင့်နေတာပေါ့ အဓိကဒေါ်လာကစားတဲ့အပေါ်မူတည်ပြီးတော့စျေးကတောက်လျှောက်တက်နေတာပေါ့။” လို့ ရွှေလုပ်ငန်းရှင်တဦးကပြောပါတယ်။

YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ့စဥ် ထုတ်ပြန်နေတဲ့ ရည်ညွန်းစျေးက ရွှေတကျပ်သားကို သိန်း ၂၀နဲ့ ၆သောင်းကျပ်သာရှိပေမယ့် ပြင်ပပေါက်စျေးက ဒီနေ့သြဂုတ်လ ၁ ရက်နေ့မှာဆိုရင် သိန်း ၂၂သိန်းနဲ့ ၅သောင်းကနေစပြီးအမြင့်ဆုံး ၂၃သ်ိန်းအထိစျေးပေါက်နေတယ်လို့ သိရပါတယ်။

ရွှေလုပ်ငန်းရှင်အသင်းကသတ်မှတ်တဲ့ ရည်ညွန်းစျေးဟာ ဗဟိုဘဏ်ကသတ်မှတ်တဲ့ တဒေါ်လာ ၁၈၅၀ ကျပ်နဲ့တွက်ချက်တာဖြစ်ပြီးရွှေဆိုင်တွေကတော့ ပြင်ပဒေါ်လာပေါက်စျေးပေါ်လိုက်ပြီးတွက်ချက်နေတာဖြစ်လို့ စျေးတွေအဆမတန်ကွာဟနေတာဖြစ်တယ်လို့သိရပါတယ်။

“နိုင်ငံတော်ကသတ်မှတ်ပေးတဲ့ဒေါ်လာစျေးနဲ့သတ်မှတ်ပေးတာ ၊ ကြမ်းခင်းစျေး ရည်ညွန်းစျေးခေါ်တာပေါ့ ၊ အဲ့ပေါ်မှာတက်ပြီးတော့ရောင်းကြတာပေါ့။ဆီဆိုလည်းဒီလိုပဲ ရည်ညွန်းစျေးပေါ်တက်ပြီးရောင်းနေကြတာပဲ။ ရည်ညွန်းစျေးတခုပဲထုတ်ပြန်ပေးလို့ရတာပေါ့

အပြင်မှာကုန်သည်ကစားတဲ့စျေးနဲ့ လိုက်ကစားလို့တော့မရဘူးပေါ့။အခုက တစ်သောင်းတက်ပေးလိုက်ရင် ကုန်သည်က နှစ်သောင်းထပ်တက်မယ်သုံးသောင်းတက်လိုက်နဲ့အကုန်လုံးကသိကအောက်ဖြစ်ကုန်မှာပေါ့၊

နောက်ဆိုကုန်စျေးနူန်းတွေအကုန်ကသိကအောက်ဖြစ်သွားမယ့်သဘောဖြစ်သွားလိမ့်မယ် ။ ” လို့ YGEA အသင်းတာဝန်ရှိသူတဦးကပြောပါတယ်။စီးပွားရေးပညာရှင် ဘောဂဗေဒသန်းစိုးကတော့အခုလို ​ပြည်တွင်း ရွှေစျေးနူန်း စံချိန်တင်မြင့်တက်နေတာဟာငွေကြေးချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တွေက စျေးကစားနေတာဖြစ်ကြောင်း၊

ရွှေစျေးကစားတာကိုထိန်းဖို့ဆိုရင် အစိုးရတာဝန်ရှိတဲ့သူတွေအနေနဲ့ အခွန်ကို စနစ်တကျကောက်ဖို့လိုအပ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။”ရွှေကတော့ သူဌေးကြီးတွေက ပြောချင်တာက ကြိုက်သလောက်စျေးကစားအစိုးရကအခွန်စနစ်ကောင်းကောင်းလေးလုပ်လိုက်ရင်ဒီရွှေစျေးဘာမှတက်လာစရာအကြောင်းမရှိဘူး

ပြောချင်တာက ရွှေစျေးဖြစ်နေတာက သူဌေးတွေပိုက်ဆံချမ်းသာတဲ့သူတွေလျှောက်လုပ်နေကြတာ ၊ အဲ့ဒါကစီးပွားရေးအတွက်အရေးမကြီးဘူး၊အရေးကြီးတာကအခြေခံလူတန်းစားတွေထိနိုင်တဲ့ဟာမျိူးပဲ။အဲ့ဒီငွေပေါလျှံနေတဲ့ဟာတွေကိုကျတော့အခွန်ကောင်းကောင်းနဲ့ထိန်းလိုက်ရင်ပြီးရေ “လို့သူကပြောပါတယ်။

လက်ရှိ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးကရွှေဆိုင်တွေမှာ ၁၆ ပဲရည်အပြည့်အခေါက်ရွှေကို ရောင်းခြင်း ၊ဝယ်ခြင်းရပ်ထားတဲ့ဆိုင်တွေရှိသလို၊ အရောင်းသီးသန့်သာလုပ်နေတာရှိနေပြီ ဆိုင်အများစုကတော့ ၁၅ ပဲရည်ပြည့်ရွှေစျေးကစားတာတွေကတော့ ဒေါ်လာစျေးအပေါ်မူတည်လုပ်ကိုင်နေကြတာဖြစ်တယ်လို့သိရပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *