အချိန်မရွေးစားလို့ရတဲ့ မန်ကျည်းရွက်ချဥ်သိပ်နည်း

အချိန်မရွေးစားလို့ရတဲ့ မန်ကျည်းရွက်ချဥ်သိပ်နည်း

မန်ကျည်းရွက်နုနုပေါတဲ့ ရာသီလေးမို့ ခုတလောခေတ်စားနေတာမို့မန်ကျည်းချဉ်သိပ်နည်းလေးပြောပြပေးလိုက်ပါတယ်။ခုကျမပြတဲ့နည်းကရေမပါဘဲဆားတစ်မျိုးတည်းနဲ့မန်ကျည်းရွက်ကိုနယ်ပြီးသိပ်တဲ့မန်ကျည်းချဉ်သိပ်နည်းပါ။

ပုလင်းနဲ့သိပ်သိပ်,စဉ့်အိုးနဲ့သိပ်သိပ်ရပါတယ်မန်ကျည်းရွက်ကိုဆားနဲ့နယ်ပြီးသိပ်ပြီးရင်ပုလင်း(သို့)စဉ့်အိုးကိုနေရောင် ခြည်တိုက်ရိုက်မကျတဲ့နေပူရှိန်ရတဲ့နေရာလေးမှာထားပေးပါ။သိပ်ပြီးတစ်ပတ်နေရင်မန်ကျည်းချဉ်စားလို့ရပါပြီ။

လိုသလောက်ကိုခြောက်သွေ့တဲ့ဇွန်းသန့်သန့်နဲ့ခပ်ယူပြီးအဖုံးပြန်အုပ်ထားပါ။မန်ကျည်းချဉ်ကိုကြက်သွန်နီပါးပါးလှီးထည့်ပြီးမြေပဲဆီစစ်စစ်များများထည့်ကာဟင်းချိုမှုန့်နဲ့သုပ်ပြီးထမင်းစားရင်ခံတွင်းမြိန်စေပါတယ်။

ငရုတ်သီးစိမ်းငရုတ်သီးအကြတ်မှုန့်မြေပဲဆန်ထောင်းပဲကျက်မှုန့်ပုစွန်ခြောက်မှုန့်စသဖြင့်မိမိနှစ်သက်ရာထည့်သုပ်လို့လည်ရပါတယ်။ပုစွန်ခြောက်မှုန့်ပုစွန်စိမ်းတို့နဲ့ရောကြော်စားလို့လဲရပါတယ်။မန်ကျည်းချဉ်ငါးပိကြော်လဲကြော်စားလို့ရပါတယ်။

ကြက်,ဝက်ဆိတ်ပုစွန်,ငါးအစရှိသဖြင့်မှာလည်းထည့်ချက်လို့ရပါတယ်။မှတ်ချက်ခုပြထားတာကလူကြီးတွေပါစားလို့ရအောင်မန်ကျည်းရွက်၁၅ကျပ်သားကိုဆား၁ကျပ်သားနှုန်းနဲ့ပါမန်ကျည်းရွက်၁၀သားကိုဆား၁ကျပ်သားနှုန်းနဲ့နယ်လည်းရပါတယ်

မန်ကျည်းချဉ်ဖြစ်သွားပြီးရင်တော့ရေခဲသေတ္တာထဲတွင်သိမ်းဆည်းပြီး မိမိလိုသလို ကြော်ချက်ပြုတ် သုပ်စားနိုင်ပါသည်။

Source Bago Daw Htwe Yee

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *