ရောင်စုံကျောက်များဖြင့် လှပနေသော ကျောက်ရောင်စုံကမ်းခြေ

ထူးထူးဆန်းဆန်းအကြောင်းအရာလေးတစ်ခုကရောင်စုံဖန်သားလေးတွေ ပြည့်နှက်နေတဲ့ပင်လယ်ကမ်းခြေတစ်ခုအကြောင်းပါ။ပုံမှာမြင်တွေ့ရတဲ့အတိုင်းပင်လယ်ကျောက်(ပင်လယ်ဖန်) များ တည်ရှိနေတဲ့ကမ်းခြေဟာတော်တော်ရှားပါတယ်။




အမေရိကန်မှာဆိုရင်ကယ်လီဖိုးနီးယားပြည်နယ်မှနှစ်ခုရှိပြီးဟာဝိုင်အီကျွန်းမှာတစ်ခုဖြစ်ပါတယ်။အမေရိကန်မှာရှိတဲ့အဲဒီဖန်သားရောင်စုံတွေကမ်းစပ်ရှိနေတဲ့နေရာကအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားမြောက်ပိုင်းကFort Bragg မြို့ အနီးရှိMacKerricher မှကမ်းခြေတစ်ခုမှာဖြစ်ပါတယ်။




ယခုမြင်တွေ့ရတာကတော့ကယ်လီဖိုးနီးယားပြည်နယ် Fort Bragg ကမ်းခြေ မြို့အနီးကဖြစ်ပါတယ်။ထိုကမ်းခြေတစ်လျောက်ရောင်စုံဖန်တုံး၊ဖန်စလေးများသည် သောင်ပြင်ကျောက်စရစ်ခဲလေးများနှင့် အတူတည်ရှိနေပါသည်။

အမှန်တော့ ထိုဖန်တုံး ၊ ဖန်စလေးများသည် အလိုအလျောက်ရောက်ရှိလာခြင်းမဟုတ်ပါ။ ၁၉၄၉ ခုနှစ်များအတွင်း၌ထိုနေရာသည် ဖန်ထည်ပစ္စည်းအမှိုက်များ အများအပြားစွန့်ပစ်ရာနေရာတစ်နေရာဖြစ်ခဲ့ပါသည်။
သဘာဝကမ်းခြေအလှကို လူတွေကသွားဖျက်စီးခဲ့ပေမယ့် သဘာဝတရားကလှပအောင် ပြုပြင်ပြီး လူသားများကို ပြန်လည်လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပါသည်။ဖန်ကွဲ ဖန်စအပျက်အစီးများကို ပင်လယ်လှိုင်းလုံးများကသယ်ဆောင်ပွတ်စားခဲ့ပြီး ကမ်းခြေသို့ ပြန်လည်တင်ပေးခဲ့ပါသည်။




ထိုဖန်ကမ်းခြေရှိ ဖန်တုံးလေးများသည် လူများကို ရှခြင်း ၊ထိခိုက်စေခြင်း မရှိတော့ပါ။ထိုသည်ပင် သဘာဝမှပေးသော လက်ဆောင် တစ်ခုဖြစ်ပါသည်။ ယခုအခါ ထိုရောင်စုံလှပနေသောဖန်ကမ်းခြေသို့ နေ့စဉ်လာရောက် အပန်းဖြေသူ အများအပြားရှိနေပါသည်။




ယခုနောက်ပိုင်း လည်ပတ်ခွင့်ပေးပေမယ့်ပင်လယ်ကျောက်များ ကောက်ယူခွင့်တော့လုံးဝ မပေးတော့ပါဘူး။ ပင်လယ်ဆားနဲ့ ရေနဲ့ရောလို့သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ကျောက်များဖြစ်ပါတယ်။ဈေးကြီ ကျောက်များတော့မဟုတ်ပါဘူး။

သို့ပေမယ့် ဖန်စီလက်ဝတ်ရတနာဖန်တီးဖို့တော့အဆင်ပြေတဲ့ကျောက်များဖြစ်ပါ တယ်။ကမ္ဘာလည့်ခရီးသွားများရော၊ ဒေသခံများရောလာရောက်လည်ပတ်ပါတယ်။ယင်းနေရာကတော့ Glass Beach လို့လည်းခေါ်ဝေါ်ကြောင်းသိရပါတယ်။
Credit