သြဂုတ်လ ပထမ(၁၀)ရက်ပါတ်အတွက် နိုင်ငံတဝန်းရှိ မြစ်ရေခန့်မှန်ချက်များ

၂၀၂၂ခုနှစ်၊သြဂုတ်လ ပထမ(၁၀)ရက်ပါတ်အတွက် မြစ်ရေခန့်မှန်းချက်များကို ဖော်ပြပေးလိုက်ပါတယ်။
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ဗန်းမော်မြို့၊ရွှေကူမြို့၊ကသာမြို့၊သပိတ်ကျင်းမြို့၊မန္တလေးမြို့၊စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၂ပေမှ ၄ပေခန့်လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ပြီး




ပခုက္ကူမို့၊ညောင်ဦးမြို့ချောက်မြို့၊မင်းဘူးမြို့၊မကွေးမြို့၊အောင်လံမြို့နှင့် ပြည်မြို့တို့တွင် ပေထက်မှတစ်ပေခန့် လက်ရှိရေမှတ်များအောက်ကျဆင်းလာနိုင်ကာ
ဆိပ်သာမြို့၊ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ တစ်ပေခန့် လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ပါသည်။




ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ဟုမ္မလင်းမြို့၊ဖောင်းပြင်မြို့၊မော်လိုက်မြို့၊ကလေးဝမြို့၊မင်းကင်းမြို့၊ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၂ပေမှ ၄ပေခန့် လက်ရှိရေမှတ်များအထက်မြင့်တက်နိုင်ပါသည်။
မြစ်သာမြစ်ရေသည် ကလေမြို့တွင် ၃ပေခန့်၊ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၁ပေမှ ၃ပေခန့်၊စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၃ပေမှ ၅ပေခန့်၊ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၃ပေခန့်၊




ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၂ပေမှ၄ပေခန့်၊သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့်ဘာအံမြိုတို့တွင်၃ပေမှ ၄ပေခန့်၊သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၄ပေခန့်၊ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်မှ တစ်ပေခွဲခန့်၊




တိုးမြစ်ရေသည် မအူပင်မြို့တွင်၁ပေခန့်၊ကုလားတန်မြစ်ရေသည်ပလက်ဝမြို့နှင့်ကျောက်တော်မြို့တို့တွင် ၁ပေမှ၂ပေခန့်၊လေးမြို့မြစ်ရေသည်မြောက်ဦးမြို့တွင်တစ်ပေခန့်နှင့်ဘီးလင်းမြစ်ရေသည်ဘီလင်းမြို့တွင် ၄ပေခန့်လက်ရှိရေမှတ်အထက်မြင့်တက်လာနိုင်ပါသည်။