လူတော်တော်များများ သတိမထားမိတဲ့ စက်လှေကားစီးရင်အထူးသတိထားသင့်သောနေရာ

လူတော်တော်များများ သတိမထားမိတဲ့ စက်လှေကားစီးရင်အထူးသတိထားသင့်သောနေရာ

စက်လှေခါးညပ်လို့ ခြေချောင်းလေးတွေ ပြတ်သွားတာခနခနကြားဖူးတယ်။ဒီနေ့ကြမှကိုယ့်ရှေ့ကလူ ဖိနပ်ညပ်သွားပြီး ပြန်ဆွဲထုတ်မရတော့တာကြုံရတယ်။ဖိနပ်ကိုလှေခါး ဘောင်နံရံနဲ့သွားထိထားမိတော့ ရွေ့နေတဲ့လှေခါးထစ်နဲ့ ဘောင်ကြားထဲ ဖိနပ်ထိပ်သားကညပ်ပြီး ဆွဲလိပ်ဝင်သွားတော့တာပေါ့။

ညပ်ပါသွားတဲ့ ဖိနပ်ထဲက ခြေထောက်ကိုအချိန်မှီအတင်းဆွဲမထုတ်နှိင်ရင်တော့မျက်စေ့ရှေ့သွေးသံရဲရဲ တွေ့ရအုံးတော့မယ်။အလွယ်တကူ ချွတ်မရတဲ့ ကြိုးသိုင်းဖိနပ်လို၊ ရှူးဖိနပ်လိုမျိုးဆိုခြေချောင်းထိပ်လေးတွေပါအဲ့ကြားထဲ စိစိညက်ညက် ကြေမွပြီ ‌ပါသွားလောက်ပြီ။

အဓိက သတိထားရမှာကစက်လှေကား အထစ်တိုင်းမှာ danger marking အဝါရောင်လိုင်း လေးတွေဆွဲပေးထားတယ်။ ကိုယ့်ခြေထောက်နင်းတဲ့ နေရာက အဲ့လိုင်းလေးတွေနဲ့ လွတ်လွတ်ကင်းကင်းနင်းဖို့ပါပဲ။ နေ့တစ်ဓူဝစီးနေကြဆိုတော့တစ်ခါတစ်လေ အာယုံမထားမိပဲဖြစ်တက်ကြတယ်လေ။

အဝါရောင်လိုင်းလေး မကြည့်မိတဲ့သူတွေအတွက်နောက်တစ်မျိုးသတိပေးတဲ့အနေနဲ့လှေခါးဘောင်ဘေးကအမွေးလေးတွေ ခြေထောက်ကိုလာထိပွတ်မိကြပြီဆို သတိသာထားတော့လို့ signal ပြတယ်သာမှတ်။

အဲ့ အမွေးလေးတွေကိုမှ…တမင်သွားပွတ်ကြပြီး ဖိနပ်တိုက်တက်ကြတဲ့ ကိုကို မမတွေတော့ ညပ်ပါသွားမဲ့ အန္တရာယ်ကို သွားကြည်စယ်နေသလိုပဲပေါ့။မိတ်ဆွေများအားလုံး စက်လှေကားစီးတဲ့အခါသတိပြုဆင်ချင်နိုင်ကြပါစေရန် မျှဝေပေးလိုက်ပါတယ်..

လူေတာ္ေတာ္မ်ားမ်ား သတိမထားမိတဲ့ စက္ေလွကားစီးရင္အထူးသတိထားသင့္ေသာေနရာ(Zawgyi)

စက္ေလွခါးညပ္လို႔ ေျခေခ်ာင္းေလးေတြ ျပတ္သြားတာခနခနၾကားဖူးတယ္။ဒီေန႔ၾကမွကိုယ့္ေရွ႕ကလူ ဖိနပ္ညပ္သြားၿပီး ျပန္ဆြဲထုတ္မရေတာ့တာႀကဳံရတယ္။ဖိနပ္ကိုေလွခါး ေဘာင္နံရံနဲ႔သြားထိထားမိေတာ့ ေ႐ြ႕ေနတဲ့ေလွခါးထစ္နဲ႔ ေဘာင္ၾကားထဲ ဖိနပ္ထိပ္သားကညပ္ၿပီး ဆြဲလိပ္ဝင္သြားေတာ့တာေပါ့။

ညပ္ပါသြားတဲ့ ဖိနပ္ထဲက ေျခေထာက္ကိုအခ်ိန္မွီအတင္းဆြဲမထုတ္ႏွိင္ရင္ေတာ့မ်က္ေစ့ေရွ႕ေသြးသံရဲရဲ ေတြ႕ရအုံးေတာ့မယ္။အလြယ္တကူ ခြၽတ္မရတဲ့ ႀကိဳးသိုင္းဖိနပ္လို၊ ရႉးဖိနပ္လိုမ်ိဳးဆိုေျခေခ်ာင္းထိပ္ေလးေတြပါအဲ့ၾကားထဲ စိစိညက္ညက္ ေၾကမြၿပီ ‌ပါသြားေလာက္ၿပီ။

အဓိက သတိထားရမွာကစက္ေလွကား အထစ္တိုင္းမွာ danger marking အဝါေရာင္လိုင္း ေလးေတြဆြဲေပးထားတယ္။ ကိုယ့္ေျခေထာက္နင္းတဲ့ ေနရာက အဲ့လိုင္းေလးေတြနဲ႔ လြတ္လြတ္ကင္းကင္းနင္းဖို႔ပါပဲ။ ေန႔တစ္ဓူဝစီးေနၾကဆိုေတာ့တစ္ခါတစ္ေလ အာယုံမထားမိပဲျဖစ္တက္ၾကတယ္ေလ။

အဝါေရာင္လိုင္းေလး မၾကည့္မိတဲ့သူေတြအတြက္ေနာက္တစ္မ်ိဳးသတိေပးတဲ့အေနနဲ႔ေလွခါးေဘာင္ေဘးကအေမြးေလးေတြ ေျခေထာက္ကိုလာထိပြတ္မိၾကၿပီဆို သတိသာထားေတာ့လို႔ signal ျပတယ္သာမွတ္။

အဲ့ အေမြးေလးေတြကိုမွ…တမင္သြားပြတ္ၾကၿပီး ဖိနပ္တိုက္တက္ၾကတဲ့ ကိုကို မမေတြေတာ့ ညပ္ပါသြားမဲ့ အႏၲရာယ္ကို သြားၾကည္စယ္ေနသလိုပဲေပါ့။မိတ္ေဆြမ်ားအားလုံး စက္ေလွကားစီးတဲ့အခါသတိျပဳဆင္ခ်င္ႏိုင္ၾကပါေစရန္ မွ်ေဝေပးလိုက္ပါတယ္..

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *