ပြည်တွင်းဆန်စျေးကျဆင်းစေဖို့ဆောင်ရွက်နေဟုဆို လက်ရှိဆန်စျေးကွက်မှဆက်လက်မြင့်တက်နေဆဲဖြစ်;

ပြည်တွင်းဆန်စျေးကျဆင်းစေဖို့ဆောင်ရွက်နေဟုဆို လက်ရှိဆန်စျေးကွက်မှဆက်လက်မြင့်တက်နေဆဲဖြစ်

ပြည်တွင်းဆန်ဈေးမြင့်တက်နေတဲ့အတွက်ဈေးနှုန်းကျဆင်းစေဖို့ဆန်ကုန်သည်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းမှတာဝန်ရှိသူကပြောပါတယ်။

လတ်တလောပြည်တွင်းဆန်ဈေးကွက်ထဲမှာအခြေခံပြည်သူစားသုံးတဲ့ဆန်အမျိုးအစားတွေကတော့ အနည်းငယ်ဈေးတက်နေပြီး စစ်ကိုင်းတိုင်း၊ရွှေဘိုဒေသထွက်ရွှေဘိုပေါ်ဆန်းဈေးမြင့်တက်သွားတာဟာ ဒေသမတည်ငြိမ်တာ၊

စိုက်ပျိုး ဧကလျော့နည်းတာ၊ ဒေါ်လာဈေးနဲ့ စက်သုံးဆီဈေးမတည်ငြိမ်တာတွေနဲ့သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်တာတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ပြည်တွင်း ဆန်ဈေးတည်ငြိမ်ဖို့အတွက်ဆန်ကုန်သည်တွေနဲ့ ညှိနှိုင်းနေပြီး ဖြစ်သင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချဖို့ကိုမေတ္တာရပ်ခံထားတယ်လို့ အသင်းဥက္ကဌကပြောပါတယ်။

လက်ရှိဆန်ဈေးကွက်ထဲမှာတော့ဧည့်မထဆန်တစ်အိတ်ကိုကျပ်(၃၀၅၀၀) ကနေကျပ် (၃၁၀၀၀) အထိ၊ ပေါ်ဆန်းတစ်အိတ်ကိုကျပ် (၅၀၀၀၀)ကနေကျပ်(၅၂၀၀၀)အထိ၊ဖျာပုံပေါ်ဆန်းတစ်အိတ်ကိုကျပ် (၅၃၀၀၀)ကနေကျပ် (၅၅၀၀၀)အထိနဲ့ရွှေဘိုပေါ်ဆန်းကတော့ကျပ် (၇၃၀၀၀)ကနေကျပ် (၈၀၀၀၀)အထိ ပေါက်ဈေး ရှိနေတယ်လို့သိရပါတယ်။

ရွှေဘိုပေါ်ဆန်းဈေးတက်သွားတာဟာနယ်တွေမှ ကုန်ကြမ်းရှားပါးသွားတဲ့အတွက်ဖြစ်တယ်လို့ ရွှေဘိုခရိုင်၊ဝက်လက်မြို့ကစိန်ငါးပွင့်ဆန်စက်ပိုင်ရှင်ဦးကျော်သူစိန်သောင်းကပြောပါတယ်။လတ်တလောမှာတော့ ရွှေဘိုပေါ်ဆန်းကုန်ကြမ်းစပါးကလည်းရှားပါးနေပြီး

ပြည်တွင်းဝယ်လိုအားများနေတဲ့အတွက်ဈေးထပ်မတက်ဘူးလို့လည်းပြောလို့မရကြောင်းသူကပြောပါတယ်။ မြန်မာနိုင်ငံမှာတော့ နွေစပါးနဲ့ မိုးစပါးကနေ စပါးတန်ချိန် (၂၇) သန်းကျော် ထွက်ရှိပြီး ပြည်ပကို နှစ်စဉ် ဆန်နဲ့ ဆန်ကွဲတန်ချိန် နှစ်သန်းကျော်ကနေသုံးသန်းကျော်အထိ တင်ပို့နေတယ်လို့လည်းသိရပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *