နေရာအများကြီးမလို အိမ်တွင်းတစ်နိုင်တစ်ပိုင် ကြွက်နားရွက်မှိုစိုက်ပျိုးနည်း

နေရာအများကြီးမလို အိမ်တွင်းတစ်နိုင်တစ်ပိုင် ကြွက်နားရွက်မှိုစိုက်ပျိုးနည်း

ယခုအချိန်မှာ စီးပွားရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့အချိန်ကာလတစ်ခုဖြစ်တဲ့အတွက် အပိုဝင်ငွေရရှိစေမယ့် ကြွက်နားရွက်မှိုအိမ်တွင်းတစ်ပိုင်တစ်နိုင်စိုက်ပျိုးနည်းလေးမျှဝေပေးလိုက်ပါတယ်။ကြွက်နားရွက်မှိုစိုက်ပျိုးရန်အတွက်ရှေးဦးစွာမှိုစိုက်ခန်း ပြင်ဆင်ရပါမည်။

မိမိစိုက်ပျိုးလိုသည့် မှိုစိုက်ထုပ်အရေအတွက်ကိုလိုက်၍အခန်းကိုပြင်ဆင်ရပါမည်။ကြွက်နားရွက်မှိုစိုက်ထုပ်များကိုလေပြင်းတိုက်ခတ်မှုမရှိပဲလေဝင်လေထွက်ကောင်းမွန်၍နေတိုက်ရိုက်မပူသောအစိုဓါတ်ကောင်းမွန်သည့်နေရာများ၊နေအိမ်တိုက်ခန်းများတွင်အလွယ်တကူစိုက်ပျိုးနိုင်ပါသည်။

သီးသန့်မှိုစိုက်ခန်းမပြင်ဆင်နိုင်သူများအတွက်မိမိအိမ်ရှိ ရေချိုးခန်းအခန်းလွတ်များအသုံးပြုနိုင်ပါသည်။သို့ရာတွင်လေဝင်လေထွက်ကောင်းပြီးတိုက်ရိုက်နေရောင်ခြည်မကျသောအခန်းဖြစ်ရမည်။အသစ်ဆောက်မည့်သူများအတွက်သက္ကယ်သို့မဟုတ်ဓနိမိုးပြီးထရံကာအဆောက်အဦးသည်အသင့်တော်ဆုံးဖြစ်သည်။

အခန်းကြမ်းပြင်ကိုသဲခင်းပေးရမည်ရေလောင်းသောအခါဗွက်မထစေရန်နှင့်အစိုဓာတ်ထိန်းရန်ဖြစ်သည်အထုပ်များထားရှိစိုက်ပျိုးနိုင်ရန်စင်သို့မဟုတ်တန်းများထည့်သွင်းထားရမည်။စိုက်ခန်းကိုအပူချိန်၂၅ဒီဂရီမှ၃၂ဒီဂရီ နှင့်စိုထိုင်းဆ၈၀-၉၅ရာခိုင်နှုန်းရရှိရန် ပြုလုပ်ပေးရမည်။

သာမိုမီတာတပ်ဆင်ထားပြီးချိန်ညှိနိုင်သည်စိုက်ခန်းကြမ်းပြင်သဲခင်းအား ရေဝအောင်လောင်းထားရမည်ကြွက်နားရွက်မှိုစိုက်ထုပ်စိုက်ပျိုးမည်ဆိုပါကလိုအပ်သောအပူချိန်မှာ(၂၅-၃၂)စင်တီဂရိတ်ဖြစ်ပြီးစိုထိုင်းဆမှာ(၈၀-၉၅)%ရရှိရန်လိုအပ်သည်။

မှိုထုပ်ဘေးပတ်လည်တွင်၁-၂လက်မအရွယ်ဓါးရာ(၈)ချက်နှင့်အထုပ်အောက်ဘက်တွင်(၂)ချက်စုစုပေါင်းဓါးရာ(၁၀)ချက်ပေး၍ ရေချိုးခန်းနှင့်အစိုဓါတ်ရရှိသည့်တို့တွင်တန်းထိုးချိတ်ဆွဲကာအလွယ်တကူစိုက်ပျိုးနိုင်ပါသည်။

စိုက်ခန်းပြင်ဆင်ပြီးပါကကြွက်နားရွက်မှိုမျိုးထည့်သွင်းရင့်ကျက်ထားသော ကြွက်နားရွက်မှိုအဆင်သင့်စိုက်ထုပ်များကိုဝယ်ယူရမည်ဝယ်ယူရရှိလာသောမှိုစိုက်ထုပ်များအခန်းနှင့်လိုက်လျောညီထွေတည်ငြိမ်လာအောင်အခန်းတွင်းထား၍၂ရက်ခန့်အနားပေးရမည်။

ထို့နောက်အထုပ်ထိပ်ဝကိုကြိုးဖြင့်တင်းတင်းစည်းပေးရမည်ပြီးလျှင်အထုပ်လေးဖက်လေးတန်မျက်နှာပြင်နှင့်အထုပ်ဖင်ခြေတို့ကိုဓားခွဲပေးရမည်မျက်နှာပြင်တစ်ဖက်တွင်ဓားချက်၂ချက်နှုန်းဖြင့် လေးဖက်အတွက်၈ချက်နှင့်ဖင်ခြေအတွက်၂ချက်စုစုပေါင်းတစ်ထုပ်အတွက်ဓားချက်၁၀ချက်ရှိရမည်။

ဓားချက်အရွယ်မှာ၁လက်မခွဲမှ၂လက်မရှိရမည်ဓားခွဲရာတွင်မှိုစိုက်ထုပ်၏အပေါ်ယံပလပ်စတစ်သားပြဲရုံသာခွဲရမည်စိုက်ထုပ်အတွင်းမှိုမျှင်များရှိနေသောအတုံးထဲဓားမနစ်စေရန်သတိပြုရမည် လေးဖက်လေးတန်မျက်နှာပြင်အားဓားခွဲရာတွင်ဓားချက်တစ်ချက်နှင့်တစ်ချက် တေ့ဆက်ပုံစံဖြင့်ခပ်စောင်းစောင်းခွဲပေးရမည်။

ထို့နောက်စိုက်ထုပ်များကိုကြိုးဖြင့်တွဲသီ၍စိုက်ခန်းအတွင်းစင်သို့မဟုတ်တန်းများတွင်တွဲလောင်းချိတ်ဆွဲရမည်အထက်ပါအဆင့်များပြီးဆုံးပါကတစ်နေ့လျှင် ရေ၁-၂ကြိမ်လောင်းပေးရမည်။ရေပိုက်အသုံးပြု၍လောင်းနိုင်သော်လည်းရေမှုန်ရေမွှားအဖြစ်လောင်းပေးနိုင်ပါကပိုကောင်းသည်။

ရေစလောင်းသည့်အချိန်မှ၁ပတ်အတွင်းမှိုစတင်ထွက်ရှိနိုင်ပြီး၂ပတ်မှ၃ပတ်အတွင်းဆွတ်ခူးနိုင်သည်။မှိုထုပ်စဖွင့်ပြီး၄-၆ရက်တွင်မှိုပွင့်ငယ်ကလေးများထွက်ပေါ်လာပြီးဆက်လက်ကြီးထွား၍ မှိုပွင့်နှုတ်ခမ်းသားများတွန့်လာသောအခါဆွတ်ခူးရန်အသင့်ဖြစ်ပါသည်။

ဆွတ်ခူးရာတွင်လည်း အောက်ခြေမှလက်ဖြင့်ညင်သာစွာနုတ်ယူပါ။ချိုးဖဲ့ဖြတ်တောက်၍မယူရပါမှိုဆွတ်ခူးပြီးတိုင်း ရေ(၂)ရက်ခန့် ဖြတ်ထားပြီးရေပြန်လောင်းခြင်းဖြင့် ဒုတိယအကြိမ် မှိုပြန် ထွက်လာပါသည်။

ထိုနည်းအတိုင်း ဆွတ်ခူးခြင်း၊ ရေဖြတ်ခြင်း ပြုလုပ်ပေးပါက မှိုထုပ်များကို အနည်းဆုံး(၂လမှ၂လခွဲ)ကြာသည်အထိ၃-၅ကြိမ်ဆွတ်ခူးစိုက်ပျိုးနိုင်ပါသည်။၆၀ကျပ်သားရှိသောမှိုစိုက်ထုပ်(၁)ထုပ်မှမှိုအလေးချိန်၂၀-၂၅ကျပ်သားရရှိနိုင်ပါသည်။

မှိုစိုက်ထုပ်၁ထုပ်မှ ၂ကြိမ်-၃ကြိမ်ဆွတ်ခူးနိုင်ပြီးမှိုစိုက်ထုပ်မူလအလေးချိန်၏၃ပုံ၁ပုံမှိုထွက်ရရှိမည်သတိပြုရန်မှာ ကြွက်နားရွက်မှိုစိုက်ပျိုးရန်မိုးနှင့်ဆောင်းမှာသင့်တော်ပြီး နွရောသီတွင်အပူချိန်ကြောင့်အဆင်မပြေနိုင်ပါ။နွေရာသီတွင်မဖြစ်မနေစိုက်ပျိုးမည်ဆိုပါကအပူချိန်ကိုအထူးထိန်းချုပ်ပေးရပါမည်။

Source မျိုးမင်း(တမာမြေ)

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *