ရွှေစျေး၊ဒေါ်လာစျေးနှင့်အပြိုင်ကျပ်သိန်း ၂၀ကျော်ထိစျေးကောင်းပေးဝယ်နေတဲ့ဆံပင်စျေး

မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်မှာဆံပင်ဈေးတစ်ပိဿာကိုကျပ်သိန်း၂၀ကျော်အထိပေးဝယ် နေတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။




လက်ရှိမှာတော့ စားဝတ်နေရေးအခက်အခဲကြောင့်အမျိုးသမီးအများစုကဆံပင်ရောင်းချမှုများလာတယ်လို့ နွားထိုးကြီးမြို့၊အမှတ်(၁) ရပ်ကွက်ကဆံပင်ကျွတ်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ယောက်ကပြောပါတယ်။
ဆံပင်ကို အကျွတ်လည်းဝယ်သလိုလက်ရှိဆံပင်ကို ဖြတ်ပြီးရောင်းတဲ့သူတွေလည်းရှိတယ်လို့သိရပြီး ဆံပင်ကိုဖြတ်ရောင်းရင်တော့ဝယ်သူကစိတ်ကြိုက်ဖြတ်သွားတာဖြစ်တယ်လို့ဆိုပါတယ်။




ဆံပင်ကိုဖြတ်ပြီးရောင်းရင်တော့ခါးလောက်အရှည်ဆိုရင်တစ်သိန်းကျော်အထိရတယ်လို့လည်းသိရပါတယ်။ဆံပင်ဈေးတွေကောင်းတာကြောင့် နွားထိုးကြီးမှာဆံပင်ရောင်းသူရောဝယ်သူပါများပြားလာတယ်လို့သိရပါတယ်။
ရွှေဈေး၊ဒေါ်လာဈေးနှင့်အပြိုင်ကျပ်သိန်း ၂၀ကျော်ထိဈေးကောင်းပေးဝယ်နေတဲ့ဆံပင်ဈေး(Zawgyi)




