ရန်ကုန်မြို့နယ်ရှိ ၆မြို့နယ်မှအပ ကျန်မြို့နယ်များအား အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးမည်

ရန်ကုန်မြို့နယ်ရှိ ၆မြို့နယ်မှအပ ကျန်မြို့နယ်များအား အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးမည်

230kV မန်စံ-ရွှေစာရံ မဟာဓာတ်အားလိုင်းယိုင်သွားခြင်းနှင့်ဇောတိကပိုက်လိုင်းများ ပြန်လည်ပြုပြင် ပြင်ဆင်နေသဖြင့်အလှည့်ကျဓါတ်အားပေးစနစ်အားရန်ကုန်တိုင်းအတွင်း၌ပြန်ပေးနေရသည်ဟုရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှသိရသည်။

တာဝါတိုင်နဲ့ ဓာတ်အားလိုင်းတွေပြုပြင်နေတာမပြီးသေးတဲ့အတွက်လတ်တလောမှာတော့ ရန်ကုန်မြို့လယ် (၆) မြို့နယ်ကလွဲလို့ကျန်မြို့နယ်တွေမှာအလှည့်ကျလျှပ်စစ်ဓာတ်အား ပြန်ပေးသွားမယ်လို့ ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊အမှုဆောင်အရာရှိချုပ်ဦးကျော်သူကပြောပါတယ်။

ရန်ကုန်မြို့တွင်း (၆) မြို့နယ်ဖြစ်တဲ့ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် မြို့နယ်တွေမှာတော့ပုံမှန်လျှပ်စစ်ဓါတ်အားပေးသွားမှာဖြစ်ပြီးကျန်မြို့နယ်တွေမှာဇူလိုင်(၂၉) ရက်ကစတင်ပြီး မနက် ၉ နာရီကနေနေ့လယ် ၁ နာရီအထိကို အုပ်စု A ၊

နေ့လယ် ၁ နာရီကနေညနေ ၅ နာရီအထိကိုအုပ်စုB ပုံစံနဲ့အလှည့်ကျပြန်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လျှပ်စစ်ဓါတ်အား အလှည့်ကျပေးမယ့် မြို့နယ်တွေမှာတော့ လျှပ်စစ်ဓာတ်အား ရရင်ရသလောက်ပေးသွားဖို့လည်း ရှိတယ်လို့လည်းဦးကျော်သူကပြောပါတယ်။

မကြာခင်မှာလျှပ်စစ်ဓာတ်အားလိုင်းတွေ ပြုပြင်တာပြီးစီးနိုင်တဲ့အတွက် လျှပ်စစ်ဓာတ်အား ပြန်ရလာနိုင်တယ်လို့လည်းဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် (၂၈)ရက်၊ ညနေ (၅) နာရီခန့်က 230 KV မန်စံ-ရွှေစာရံ မဟာဓာတ်အားလိုင်း အပြစ်ဖြစ်ပွားတဲ့အတွက်

လျှပ်စစ်ဓာတ်အားပို့လွှတ်နိုင်မှု 300 MW လောက်လျော့နည်းခဲ့တယ်လို့ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဇောတိကဓာတ်ငွေ့ပိုက်လိုင်းမှာ ဖောက်ခွဲဖျက်ဆီးခံရတဲ့အတွက်

အဲဒီကနေ ဓာတ်ငွေ့ရယူ သုံးစွဲနေတဲ့ ဓာတ်အားပေး စက်ရုံတွေက ထုတ်လုပ်တဲ့ ဓာတ်အားပမာဏ (၂၀၀) မဂ္ဂါဝပ်ခန့်မှာ ဓာတ်အားစနစ် အတွင်းကို ပို့လွှတ်နိုင်တာ မရှိဘူးလို့လည်း ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ထို့ကြောင့် ရန်ကုန်တိုင်းအတွင်း၌ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန် အလှည့်ကျဓါတ်အားပေးစနစ်အားပြန်လည်ပြုလုပ်ရခြင်းဖြစ်ကာအရေးကြီးနေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်ဟု YESC မှထုတ်ပြန်ခဲ့သည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *