YBS ယာဥ်လိုင်းအချို့ ယာဥ်စီးခနှုန်းထားများ အဆမတန်ပြောင်းလဲကောက်ခံတဲ့အတွက်ဝေဖန်ခံနေရ

အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်တွေဖြစ်တဲ့YBSယာဉ်အချို့မှာယာဉ်စီးခနှုန်းထားတွေကိုယခင်၂၀၀ကျပ်ကနေ၄၀၀ကျပ်နှုန်းထားအထိ ခရီးစဉ်အပေါ်မူတည်ကာပြောင်းလဲကောက်ခံနေပြီးဖြစ်ကြောင်း




YUPT အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများကသိရပါတယ်။ယာဉ်စီးခနှုန်းထားတွေဈေးမြှင့်ခြင်းဟာ YUPTယာဉ်လိုင်းများကော်မတီကသတ်မှတ်ချက်နှုန်းထားများဖြစ်ကြောင်းYBSယာဉ်လိုင်းတာဝန်ရှိသူများကအသိပေးထားကာ
ယာဉ်စီးခနှုန်းထားအထက်ပါအတိုင်းပြောင်းလဲကောက်ခံခြင်းကိုလည်းဆောင်ရွက်နေပြီဖြစ်တယ်လို့ဆိုပါတယ်။ယာဉ်စီးခနှုန်းထားပြောင်းလဲကောက်ခံတဲ့ယာဉ်များကိုစီးနင်းနေတဲ့ခရီးသည်များအနေနဲ့ ယာဉ်စီးခကို၂၀၀ကျပ်မှ၃၀၀ကျပ်သို့ပြောင်းလဲကောက်ခံပြီးစီးနင်းနေရသည်မှာ ၅လကျော်ထက်မက ကြာမြင့်နေပြီဖြစ်ပြီး




ယာဉ်စီးခဈေးတက်တာဟာ နေ့စဉ်သွားလာနေရတဲ့ သူတွေမှာ အခက်ခဲပိုဖြစ်နေကြောင်း ဝေဖန်ထားပါတယ်။ယာဉ်စီးခ၄၀၀ကျပ်အထိပြောင်းလဲကောက်ခံကြတဲ့ YBSယာဉ်လိုင်းတွေအနေနဲ့ခရီးစဉ်အကွားအဝေးကိုပိုင်းဖြတ်ကာဂိတ်စမှဂိတ်ဆုံးစီးနင်သူများအတွက်ယာဉ်စီးခ၄၀၀ကျပ်နဲ့




ခရီးစဉ်တစ်ဝက် ခရီးတိုစီးနင်းသူများအတွက်ယာဉ်စီးခ၂၀၀ကျပ်ဖြစ်ကြောင်းနဲ့အခက်ခဲရှိတဲ့ခရီးသည်အချို့အနေနဲ့ပုံမှန်ယာဉ်စီးခနှုန်းထားနဲ့သာစီးနင်းနိုင်ကြောင်းအသိပေးထုတ်ပြန်ထားပါတယ်။YUPTယာဉ်လိုင်းများအနေနဲ့YPSစနစ်ဖြစ်တဲ့ကဒ်စနစ်နဲ့ယာဉ်စီးခကောက်ခံနိုင်ဖို့လည်းဆောင်ရွက်ထားပြီး




ခရီးသည်များအနေနဲ့ကဒ်စနစ်နဲ့ခရီးစဉ်တွေကိုစီးနင်းပါကဂိတ်အစမှဂိတ်အဆုံးကို ၃၈၀ကျပ်ပေးဆောင်ရမှာဖြစ်ရာ ကဒ်စနစ်YPSနဲ့စီးနင်းသူဟာ YBSကားပေါ်အတက်တစ်ခါအဆင်းတစ်ခါ နှစ်ခါကဒ်ဖြတ်ပေးရမှာဖြစ်ပြီးခရီးစဉ်တစ်ပိုင်းကို၂၀၀ကျပ်ကောက်ခံတယ်လို့ အသိပေးထားပါတယ်။




YUPTယာဉ်လိုင်းများမှ ယာဉ်စီးခ၄၀၀ကျပ်နှုန်းပြောင်းလဲကောက်ခံမယ့်ယာဉ်လိုင်းများမှာ YBS ယာဉ်လိုင်း2, 3,4,7,8,10,11,24,26, 28 ,29 ,36, 40, 59, 65 ,84 ,110 ,111, 112, 114 , 115, 116 အစရှိတဲ့ယာဉ်လိုင်းများဖြစ်တယ်လို့သိရပါတယ်။