ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုယှဥ်ပြိုင်တဲ့ အသက် ၁၂ နှစ်အရွယ်မလှဇဗ္ဗူ

ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုယှဥ်ပြိုင်တဲ့ အသက် ၁၂ နှစ်အရွယ်မလှဇဗ္ဗူ

အိန္ဒိယနိုင်ငံ၊ချင်းနိုင်မြို့တွင်ဇူလိုင် ၂၈ ရက်(ယ နေ့)မှ သြဂုတ်၁၀ ရက်အထိ ကျင်းပလျက်ရှိသည့် ၄၄ ကြိမ်မြောက်ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်မြန်မာအမျိုးသမီးစစ်တုရင်အသင်းမှ အသက်(၁၂)နှစ်အရွယ်ရှိ မလှဇဗ္ဗူမှဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည်။

မြန်မာအမျိုးသမီးစစ်တုရင်အသင်းမှအဆိုပါ ပြိုင်ပွဲအားပထမဆုံးအကြိမ်အဖြစ်ဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြစ်ကာမလှဇဗ္ဗူ နှင့်အတူမိခင်ဖြစ်သူအပါအဝင်အုပ်ချုပ်သူနည်းပြများလည်းပါဝင်ကာဇူလိုင် ၂၆ ရက်ကရန်ကုန်လေဆိပ်မှတဆင့်ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

အင်္ဂလိပ်ဘာသာစကားနှင့်တရုတ်ဘာသာစကားအား ကျွမ်းကျင်စွာပြောဆိုနိုင်ကာစပိန်နှင့်ကိုရီးယားဘာစာစကားတို့အားလေ့လာလျက်ရှိသည့်မလှဇဗ္ဗူသည်စစ်တုရင်အားကစားနည်းအား M July Chess Class ၌သင်ကြားခဲ့ပြီးစစ်တုရင်ပြိုင်ပွဲများတွင်ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန်လေ့ကျင့်ခဲ့သူတစ်ဦးဖြစ်သည်။

ထို့ပြင် နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲများကျင်းပရန်ဖိတ်ခေါ်မှုများပြုလုပ်ချိန်၌ Myanmar Online Chess Academy မှ Online , Offline တို့ဖြင့်စစ်တုရင်သင်တန်းများထပ်မံတက်ရောက်၍လေ့လာသင်ကြားခဲ့သည်။

photo by ထိုက်သူပန်

အလားတူ နိုင်ငံတကာပြိုင်ပွဲများ၌ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန်လည်း စစ်တုရင်ပညာရှင်များကအနီးကပ်လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်းသိရသည်။အသက်ငယ်ငယ်နဲ့ နိုင်ငံကိုယ်စားပြုသွားရောက်ယှဥ်ပြိုင်နေသောမလှဇဗ္ဗူလေးဟာ

photo by ထိုက်သူပန်

နေပြည်တော် ဥတ္တရသီရီမြို့နယ်ရှိ နံနက်ခင်း နှင့် ညနေခင်း အဟာရဒါန ရက်ပေါင်း ၇၀၀ ကျော် ထိနေ့စဥ်မပြတ်လှူဒါန်းပေးနေသော ထိုက်သူပန် ဦးစိုးလှမြင့်၏ ချစ်လှစွာသောသမီးလေးဖြစ်ပါတယ်။စိတ်သဘောထားကောင်းတဲ့ ဦးစိုးလှမြင့် (ထိုက်သူပန်)၏သမီးလေးအတွက်ဂုဏ်ယူစွာဖြင့် ဖော်ပြပေးလိုက်ပါသည်။သမီးလေး နိုင်ငံဂုဏ်ဆောင်ပြီးအောင်မြင်မှုရရှိပါစေ…

photo by ထိုက်သူပန်
Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *