နေ့စဉ်စားသုံးနေသော ကြက်သွန်နီ၏ထူးခြားသည့်အကျိုးတရားများ
ဟင်းသီးဟင်းရွက်များအားလုံးသည်ကျန်းမာရေးအတွက်အရေးကြီးသော်လည်းအချို့သောအမျိုးအစားများသည်ထူးခြားသောအကျိုးကျေးဇူးများရရှိစေပါသည်။

ကြက်သွန်နီသည်ပန်းပင်များတွင်လည်းပါဝင်ပြီးကြက်သွန်ဖြူသည်လည်းပန်းပွင့်အမျိုးအစားတွင်ပါဝင်ပါသည်။
ဤဟင်းသီးဟင်းရွက်များသည် Vitamin(ဗီတာမင်များ)၊ Minerals(သတ္တုဓာတ်များ)နှင့်အပင်များပေါင်းစပ်ပါဝင်ပြီးကျန်းမာရေးကိုလည်းနည်းလမ်းများစွာဖြင့်မြှင့်တင်ပေးပါသည်။

အမှန်တကယ်တော့ကြက်သွန်နီ၏ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိများကိုရှေးအချိန်ကတည်းကပင်အသိအမှတ်ပြုခဲ့ကြပြီးဖြစ်ပါသည်။
ကြက်သွန်နီကို ခေါင်းကိုက်ခြင်း၊နှလုံးရောဂါနှင့်ပါးစပ်အနာစသည်တို့ကဲ့သို့သောရောဂါကုသရန်ရှေးယခင်တည်းကအသုံးပြုခဲ့ကြပါသည်။

ကြက်သွန်နီသည် Calories(ကယ်လိုရီ)နည်းသော်လည်းအာဟာရဓာတ်မြင့်မားစွာပါဝင်ပါသည်။ထို့အပြင် Vitamin C, B Vitamin နှင့် Potassium(ပိုတက်စီယမ်)တို့လည်းပါဝင်ပါသည်။

သုတေသနပြုချက်အရကြက်သွန်နီစားခြင်းသည်နှလုံးရောဂါဖြစ်နိုင်ခြေအန္တရာယ်အချက်များ၊မြင့်မားသောသွေးပေါင်ချိန်တက်ခြင်း၊ကိုယ်တွင်းသဘာဝအဆီများနှင့်ရောင်ရမ်းခြင်းတို့ကိုလည်းလျော့ချပေးနိင်ပါသည်။

အနီရောင်ကြက်သွန်နီများသည်အစွမ်းထက်သည့်အပင်ခြယ်ပစ္စည်းများဖြစ်ပြီးနှလုံးရောဂါ၊အချို့သောကင်ဆာများနှင့်ဆီးချိုရောဂါများကိုလည်းကာကွယ်နိုင်ပါသည်။

ကြက်သွန်နီစားခြင်းသည်သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်ပေးနိုင်ပါသည်။အရိုးကျန်းမာရေးကိုမြှင့်တင်ရန်နို့ထွက်ပစ္စည်းအများအပြားရရှိသော်လည်းကြက်သွန်နီအပါအဝင်အခြားအစားအစာများသည်အရိုးများကိုသန်မာစေနိုင်ပါသည်။

ကြက်သွန်နီသည် Prebiotics(Prebiotics ဆိုသည်မှာလူ့ခန္ဓာကိုယ်သည်အစာမကြေနိုင်သည့်အမျှင်တစ်မျိုးဖြစ်သည်။၎င်းတို့သည်သေးငယ်သောဇီဝသက်ရှိများဖြစ်သော Probiotics အတွက်အစားအစာဖြစ်သည်)၏အရင်းအမြစ်တစ်ခုဖြစ်ပါသည်။

၎င်းသည်အစာခြေခြင်းကျန်းမာရေးစနစ်ကိုမြှင့်တင်ပေးပါသည်။သင်၏အူအတွင်းဘက်တီးရီးယားဟန်ချက်ကိုတိုးတက်စေပြီးသင်၏ကိုယ်ခံအားစနစ်ကိုလည်းကောင်းစွာအကျိုးပြုပါသည်။
ဖိုလ်တိုခရက်ဒစ်