သြဂုတ်လ အတွက်မိုးကြီးရေလျှံနိုင်သောတိုင်းဒေသကြီးများနှင့် မြစ်ရေခန့်မှန်းချက်များ

သြဂုတ်လ အတွက်မိုးကြီးရေလျှံနိုင်သောတိုင်းဒေသကြီးများနှင့် မြစ်ရေခန့်မှန်းချက်များ

၂၀၂၂ သြဂုတ်လ ၁ရက်နေ့မှ ၁၀ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်မှာအနောက်တောင်မုတ်သုံလေအားအသင့်အတင့်မှ အားအလွန်ကောင်းလာနိုင်ပြီး မိုးတွေရွာပါမည်ဟု မိုးလေဝသပညာရှင်လေးစုစုစံမှ ကြိုတင်ခန့်မှန်းပေးလိုက်ပါတယ်။

မိုးရွာမည့် ဒေသတွေကတော့ ၊ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွေဖြစ်ပါတယ်။တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တွေမှာ မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ်။

ကရင်ပြည်နယ်တွင်၂၀၂၂ သြဂုတ်လ ၁ရက်နေ့မှ ၁ဝရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်နှင့်ကပ္ပလီပင်လယ်ပြင်မှာအနောက်တောင်မုတ်သုန်လေအားအသင့်အတင့်မှအားအလွန်ကောင်းလာနိုင်ပြီးမိုးတွေရွာပါလိမ့်မယ်။

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တွေမှာ မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါသည်။၂၀၂၂ သြဂုတ်လ ၂ရက်နေ့နှင့် ၃ရက်နေ့များတွင် တာချီလိတ်ခရိုင် မိုင်းဆတ်ခရိုင် လင်းခေးခရိုင် တောင်ကြီးခရိုင် လွိိုင်လင်းခရိုင် လားရှိုးခရိုင်

ကျောက်မဲခရိုင် ပြင်ဦးလွင် မိုးမိတ် မိုးကုတ် ကသာခရိုင် ကောလင်းခရိုင် ကန့်ဘလူခရိုင် ရွှေဘိုခရိုင် စစ်ကိုင်းခရိုင် မုံရွာခရိုင် မြင်းခြံခရိုင် ပခုက္ကူခရိုင် ညောင်ဦးခရိုင် ဒေသတွေမှာမိုးရွာနိုင်ပါတယ်။

၂၀၂၂သြဂုတ်လ ၂ရက်နေ့ ၃ရက်နေ့ များတွင် ရှမ်းပြည်နယ် မန္တလေးတိုင်းအထက်ပိုင်း မကွေးတိုင်းမြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းတွေမှာမိုးရွာနိုင်ပြီး မုံရွာခရိုင် ရွှေဘိုခရိုင် ကန့်ဘလူခရိုင် ကောလင်းခရိုင် ဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်။

သြဂုတ်လအတွက် မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၂၂ခုနှစ် သြဂုတ်လအတွင်း ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၊ကသာမြို့၊သပိတ်ကျင်းမြို့၊မန္တလေးမြို့၊စစ်ကိုင်းမြို့၊မြင်းမူမြို့၊ပခုက္ကူမြို့၊ညောင်ဦးမြို့၊ဆိပ်သာမြို့၊ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ဟုမ္မလင်းမြို့၊ဖောင်းပြင်မြို့၊မော်လိုက်မြို့၊ကလေးဝမြို့၊မင်းကင်းမြို့၊ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တစ်ကြိမ်ခန့်၊စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တိုင်တွင် တစ်ကြိမ်ခန့်စီ၊

ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင်တစ်ကြိမ်ခန့်၊ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘာအံမြို့တွင်တစ်ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီတွင် တစ်ကြိမ်ခန့် ၊ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊

တိုးမြစ်ရေသည် မအူပင်မြို့တွင်တစ်ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီလင်းမြို့တွင် တစ်ကြိမ်ခန့် ယင်မြို့များ၏စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ကျော်လွန်ရောက်ရှိနိုင်ပါကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *