ရက်ပိုင်းအတွင်းစက်သုံးဆီစျေးနှုန်းများကျဆင်းပြီး ယနေ့မှာ အနည်းငယ်ပြန်တက်လာတဲ့ စက်သုံးဆီစျေး

ရက်ပိုင်းအတွင်းကစက်သုံးဆီစျေးနှုန်းများကျဆင်းပြီးနောက်ဇူလိုင် ၂၉ ရက်(ယနေ့) တွင်ပြန်တက်လာခဲ့သည်ကိုစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရသိရသည်။




ထိုသို့ ပြန်တက်လာသဖြင့် ရန်ကုန်တိုင်းအတွင်း 92 Ron တစ်လီတာလျင် ၁၈၂၀ ကျပ်အထိဖြစ်လာခဲ့ကြောင်းသိရသည်။အလားတူမန္တလေးတိုင်း၊နေပြည်တော်၊ပဲခူး၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင်တို့တွင် စက်သုံးဆီစျေးနှုန်းမှာ 92 Ron တစ်လီတာလျင် ၁၈၀၀ ကျပ်အထက်၌ရှိသည်။
ထို့ပြင် မြစ်ကြီးနား၊စစ်တွေ၊လားရှိုး၊တောင်ကြီးနှင့်လွိုင်ကော်တို့တွင် 92 Ron တစ်လီတာလျင် ၁၉၀၀ ကျပ်ကျော်၊ဟားခါးနှင့်ကျိုင်းတုံတို့တွင်တစ်လီတာ ၂၀၀၀ ကျပ်ကျော်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။




စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ယနေ့ထုတ်ပြန်ခဲ့သည့်စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရရန်ကုန်တိုင်းအတွင်း၌လက်လီစျေးအဖြစ် 92 Ronတစ်လီတာလျင် ၁၈၂၀ကျပ်၊95 Ron တစ်လီတာလျင်၁၁၈၉၀ ကျပ်၊HSD (500 ppm)တစ်လီတာလျင်၂၁၆၅ ကျပ်သတ်မှတ်ခဲ့သည်။




အလားတူ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာတစ်လီတာလျင်၂၂၂၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ်သတ်မှတ်ခဲ့သည်။အဆိုပါစျေးနှုန်းများအားစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ
စက်သုံးဆီဝယ်ယူသူများအနေဖြင့်ကျေနပ်မှုမရှိပါကကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်းသိရသည်။ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း




ရန်ကုန်တိုင်း၌ 92 Ron တစ်လီတာလျင် ၁၇၂၉ ကျပ်၊95 Ronတစ်လီတာလျင် ၁၇၉၅ ကျပ်အထိပြန်တက်လာခဲ့ကာ HSD(500 ppm) တစ်လီတာလျင်၂၀၆၂ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာတစ်လီတာလျင် ၂၁၁၇ ကျပ်တို့ဖြစ်သည်။

စက်သုံးဆီပြင်ပစျေးနှုန်းများမှာရန်ကုန်တိုင်း၌ 92 Ron တစ်လီတာလျင် ၁၈၂၀ကျပ်၊ 95 Ron တစ်လီတာလျင် ၁၈၉၀ကျပ်၊ ဒီဇယ် တစ်လီတာ ၂၁၆၅ကျပ်၊ပရီမီယမ် တစ်လီတာလျင် ၂၂၂၀ ကျပ်တို့ဖြစ်သည်။