ပြင်ပဒေါ်လာဈေးကွက် တွင် ဗဟိုဘဏ်သတ်မှတ်စျေးနှုန်းထက် နှစ်ဆနီးပါးမြင့်တက်လာ

ပြင်ပဒေါ်လာဈေးကွက် တွင် ဗဟိုဘဏ်သတ်မှတ်စျေးနှုန်းထက် နှစ်ဆနီးပါးမြင့်တက်လာ

ဗဟိုဘဏ်က နိုင်ငံခြားငွေ ဒေါ်လာဈေးနှုန်းကို (၁၈၅၀) ကျပ်ဖြင့်အရောင်းအဝယ်ပြုလုပ်ရန်ညွှန်ကြားထားသော်လည်းယနေ့ ဇူလိုင်လ(၂၈) ရက်မွန်းလွဲပိုင်း ပြင်ပဈေးကွက်တွင်(၂၆၀၀) ကျပ်မှ (၂၉၀၀) ကျပ်ဝန်းကျင်အထိဈေးပေါက်နေကြောင်း ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူအချို့ထံမှသိရသည်။

ရန်ကုန်မြို့လယ်ရှိ ငွေလဲကောင်တာတစ်ခုတွင်ယနေ့ ဇူလိုင်လ(၂၈) ရက်မွန်းလွဲ (၃) နာရီဝန်းကျင် ရောင်းဈေးအနေဖြင့်အမေရိကန် (၁) ဒေါ်လာလျင်မြန်‌မာငွေ ၂၆၅၀ကျပ်ဖြင့်ရောင်း၀ယ်နေကြောင်း အဆိုပါငွေလဲကောင်တာမှတာဝန်ရှိသူတစ်ဦးကပြောသည်။

” ၂၆၅၀ ကျပ်နဲ့ ဝယ်လို့ ရပါတယ် ” ဟု အဆိုပါအမျိုးသမီးကပြောသည်။လက်ရှိပေါက်ဈေးအရ ဈေးကွက်အတွင်းဝယ်လိုအားပေါ်မူတည်ပြီးဈေးနှုန်းကွာဟမှုများရှိနေပြီးအချို့နေရာများတွင် အမေရိကန် (၁)ဒေါ်လာလျင်မြန်မာငွေ (၂၉၀၀)ဝန်းကျင်အထိပေးဝယ်နေရကြောင်းနှင့်

လိုသလောက် ဝယ်ယူ၍ မရရှိကြောင်း ကမာရွတ်မြို့နယ်အတွင်း နေထိုင်သည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကပြောသည်။” တစ်နေရာနဲ့တစ်နေရာဈေးကွာတာရှိတယ်။ပါးစပ်ဈေးတွေဖြစ်နေတာပါပဲ။ ကျွန်တော်တို့ဒီမနက်ဝယ်ဈေးက၂၉၀၀ နှုန်းနဲ့ဝယ်ရတယ်။

မနေ့က ၂၈၀၀။ဒါတောင်လိုသလောက်မရဘူး။ တချို့တွေ မရောင်းတော့ဘူး” ဟု အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။လက်ရှိတွင်ဈေးကွက်အတွင်းဒေါ်လာဈေးအဆမတန် မြင့်တက်နေသော်လည်းနိုင်ငံခြားငွေမဖြစ်မနေအသုံ ပြုရမည့်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မဖြစ်မနေ ဝယ်ယူနေရကြောင်းလည်း၎င်းကဆိုသည်။

” မဝယ်ရင်လုပ်ငန်းရပ်လိုက်ဖို့ပဲရှိတာလေ။ အဲဒီတော့လိုတော့လည်း ဝယ်နေရ‌တာပေါ့” ဟု ‌၎င်းက ပြောသည်။ဗဟိုဘဏ်၏ဒေါ်လာကိုင်ဆောင်ခွင့်နှင့်ပတ်သက်သည့်ကန့်သတ်ချက်များကြောင့်ပြီးခဲ့သည့် ရက်ပိုင်းအတွင်းဒေါ်လာဈေးနှုန်းများတစ်စတစ်စမြင့်တက်လာရာမှ

ယခုဈေးနှုန်းအထိမြင့်တက်လာခြင်းဖြစ်သည်။ဗဟိုဘဏ်က၁၈၅၀ကျပ်ဖြင့်အရောင်းအဝယ်ပြုလုပ်ရန်ဈေးနှုန်းသတ်မှတ်ပေးထားသော်လည်း မည်သည့်ငွေလဲကောင်တာနှင့်ဘဏ်များတွင်မှအဆိုပါဈေးနှုန်းအတိုင်းရောင်းချပေးခြင်းမရှိဘဲ

ဈေးတင်ရောင်းချခြင်းများ၊ဈေးကစားသူများ၏ဈေးကစားခြင်းများကြောင့်ယခုလိုဒေါ်လာဈေးနှုန်း အဆမတန် မြင့်တက်လာနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *