ပန်းဆိုးတန်း-ဒလ ပြေးဆွဲတဲ့ချယ်ရီသင်္ဘောစီးနင်းခလာမည့် သြဂုတ်လမှစပြီးပြောင်းလဲကောက်ခံမည်

ပန်းဆိုးတန်း-ဒလပြေးဆွဲတဲ့ချယ်ရီသင်္ဘောလက်မှတ်ခတွေကိုယခုလကုန်ကစပြီး ပြောင်းလဲကောက်ခံမှုပြုလုပ်တော့မှာဖြစ်တယ်လိုသိရပါတယ်။လက်ရှိမှာချယ်ရီသင်္ဘောရဲ့လူစီးခမှာလူတစ်ဦးကို ၁၀၀ ကျပ်ဖြစ်ပေမယ့်
လာမယ့်ဩဂုတ်လ ၁ ရက်နေ့ကစပြီးတော့ ၂၀၀ ကျပ်ကို ပြောင်းလဲကောက်ခံတော့မှာဖြစ်တယ်လို ပြည်တွင်းရေကြောင်းကကြေညာထားပါတယ်။လူစီးခကိုပဲ ၁၀၀ ကျပ်ကနေ ၂၀၀ ကျပ်ကိုပြောင်းလဲကောက်ခံမှာဖြစ်ပြီး




ကျန်တဲ့ကုန်ပစ္စည်းတင်ဆောင်ခ၊ စက်ဘီး၊ ဆိုက်ကား၊ ဆိုင်ကယ်တင်ဆောင်ခတွေကိုယခင်ကောက်ခံနေတဲ့နှုန်းထားအတိုင်းသာဆက်လက်ကောက်ခံသွားမှာဖြစ်တယ်လို သိရပါတယ်။
ရန်ကုန်ဆိပ်ကမ်းဖြစ်တဲ့ပန်းဆိုးတန်းနဲ့ ဒလကို ချယ်ရီသင်္ဘော ၃ စီးနဲ့တစ်နေ့ကို အခေါက်ရေ ၅၀ နီးပါး ပြေးဆွဲနေတာဖြစ်ပြီးသင်္ဘောတစ်ခေါက်မှာခရီးသည်တစ်ထောင်နီးပါးလိုက်ပါနိုင်တယ်လိုသိရပါတယ်။




ပန္းဆိုးတန္း-ဒလ ေျပးဆြဲတဲ့ခ်ယ္ရီသေဘၤာစီးနင္းခလာမည့္ ၾသဂုတ္လမွစၿပီးေျပာင္းလဲေကာက္ခံမည္(Zawgyi)
ပန္းဆိုးတန္း-ဒလေျပးဆြဲတဲ့ခ်ယ္ရီသေဘၤာလက္မွတ္ခေတြကိုယခုလကုန္ကစၿပီး ေျပာင္းလဲေကာက္ခံမႈျပဳလုပ္ေတာ့မွာျဖစ္တယ္လိုသိရပါတယ္။လက္ရွိမွာခ်ယ္ရီသေဘၤာရဲ႕လူစီးခမွာလူတစ္ဦးကို ၁၀၀ က်ပ္ျဖစ္ေပမယ့္

လာမယ့္ဩဂုတ္လ ၁ ရက္ေန႔ကစၿပီးေတာ့ ၂၀၀ က်ပ္ကို ေျပာင္းလဲေကာက္ခံေတာ့မွာျဖစ္တယ္လို ျပည္တြင္းေရေၾကာင္းကေၾကညာထားပါတယ္။လူစီးခကိုပဲ ၁၀၀ က်ပ္ကေန ၂၀၀ က်ပ္ကိုေျပာင္းလဲေကာက္ခံမွာျဖစ္ၿပီး
က်န္တဲ့ကုန္ပစၥည္းတင္ေဆာင္ခ၊ စက္ဘီး၊ ဆိုက္ကား၊ ဆိုင္ကယ္တင္ေဆာင္ခေတြကိုယခင္ေကာက္ခံေနတဲ့ႏႈန္းထားအတိုင္းသာဆက္လက္ေကာက္ခံသြားမွာျဖစ္တယ္လို သိရပါတယ္။
ရန္ကုန္ဆိပ္ကမ္းျဖစ္တဲ့ပန္းဆိုးတန္းနဲ႔ ဒလကို ခ်ယ္ရီသေဘၤာ ၃ စီးနဲ႔တစ္ေန႔ကို အေခါက္ေရ ၅၀ နီးပါး ေျပးဆြဲေနတာျဖစ္ၿပီးသေဘၤာတစ္ေခါက္မွာခရီးသည္တစ္ေထာင္နီးပါးလိုက္ပါႏိုင္တယ္လိုသိရပါတယ္။