မိုင်းဖုန်းဆရာတော်ကြီးအား ဂူထွက်ချိန်၌လာရောက်ဖူးမြှော်မည့်သူများ သတ်သတ်လွတ်စားကြရန် နှင့်အရက်သေစာသောက်စားခြင်းမပြုရန်မိန့်ကြား

ရှမ်းပြည်နယ်၊မိုင်းဆတ်မြိုနယ်ရှိ မိုင်းကျက်ဂူအတွင်း၌ ၃ နှစ် ၃ လ ၃ ရက်တိတိဂူတွင်းအဓိ ဌာန်ကျင့်ကြံခဲ့ရာမှဇူလိုင် ၃၁ ရက်တွင်ပြန်လည်ထွက်ခွာလာမည့်မိုင်းဖုန်းဆရာတော်ကြီးအားလာရောက်ဖူးမြှော်မည့်သူများအနေဖြင့်
သတ်သတ်လွတ်စားကြရန် ဆရာတော်ဦးဥာဏသီရိမှမိန့်ကြားထားကြောင်းသိရသည်။ထို့အတူဆရာတော်ဦးဥာဏသီရိမှအရက်သေစာသောက်စားခြင်းမပြုရန်လည်းမိန့်ကြားထားသည်ဟုမိုင်းဖုန်းဆရာတော်ကြီး၏တပည့်သာဝကများထံမှသိရသည်။

“ဟုတ်ပါတယ် ဆရာတော်ကြီးကိုလာရောက်ဖူးမြှော်ကြတဲ့အခါ တိတ်တိတ်ဆိတ်ဆိတ်နဲ့အေးအေးချမ်းချမ်းဖူးမြှော်နိုင်အောင်အခုလိုမိန့်ကြားထားတာပါအရက်သောက်စားပြီးမူးနေကြရင်တခြားလူတွေကိုအနှောင့်အယှက်ပေးသလိုဖြစ်နေတော့မသောက်စေချင်ဘူးဒါ့ကြောင့်ပါ”ဟု မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝကတစ်ဦးကပြောသည်။
ထို့ပြင် မိုင်းဖုန်းဆရာတော်ကြီးအား လာရောက်ဖူးမြှော်မည့်သူများ နေထိုင်ရေးနှင့်စားသောက်ရေးအဆင်ပြေစေရန်အလှူရှင်များမှလည်းလှူဒါန်းကျွေးမွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“အကျွေးအမွေးအတွက်ကတော့ အလှူရှင်တွေကအကုန်စီစဥ်ပြီးနေကြပြီ လာဖူးတဲ့လူတွေ တည်းဖို့အတွက်လည်းအဆောက်အဦးတွေအဆင်သင့်ဖြစ်နေပါပြီအခုဆိုရင်ဆရာတော်ကြီးကိုဖူးဖို့ရောက်နေတဲ့လူတွေအတော်များများရောက်နေကြပါပြီနေထိုင်ဖို့အဆင်ပြေအောင်စီစဥ်ထားပေးပေမယ့်

စောင်၊ခေါင်းအုံးနဲ့ခြင်ထောင်တွေတော့ယူလာကြတာအကောင်းဆုံးပါပဲမိုးရာသီဖြစ်တဲ့အတွက်ထီးနဲ့မိုးကာတွေလည်းယူလာကြပါလို့ မှာချင်ပါတယ်”ဟု မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝကတစ်ဦးကပြောသည်။