ပြည်တွင်းကလုပ်ငန်းရှင်တွေကိုကိုဗစ်ရန်ပုံငွေထဲမှ အတိုးနှုန်းသက်သာစွာနဲ့ ထုတ်ချေးမည်ဟုထုတ်ပြန်

ကိုဗစ်ရန်ပုံငွေထဲကကျပ် ဘီလီယံ ၄၀၀ ကို ပြည်တွင်းကစီးပွားရေးလုပ်ငန်းရှင်တွေကိုအတိုးနှုန်းသက်သက်သာသာနဲ့ထုတ်ချေးပေးမယ်ဆိုပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ယခု ဇူလိုင် ၁၄ ရက်နေ့အထိ ကိုဗစ်လက်ကျန်ရန်ပုံငွေ ကျပ် ၄၉၁ ဒသ၉၇၈ ဘီလီယံရှိပြီးလက်ရှိမှာကိုဗစ်ဖြစ်ပွားမှုကျဆင်းလာလို့စီးပွားရေး ပြန်လည်ဦးမော့စေရန်ယင်းလက်ကျန်ရန်ပုံငွေမှကျပ်ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေတစ်ရပ်ဖြစ်ထူထောင်ကာ
စိုက်ပျိုးရေးနှင့်မွေးမြူ ရေးအား အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊စက်မှုလက်မှု ဆိုင်ရာလုပ်ငန်းများနှင့်ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများဆောင်ရွက်ဖော်ဆောင်ပေးနိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအားအတိုးနှုန်းသက်သာစွာဖြင့်ချေးငွေများထုတ်ချေးပေး သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ချေးငွေများထုတ်ချေးရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့်စီစစ် ထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်သွားမယ်ဆိုပြီးထုတ်ပြန်ထားပါတယ်။အတိုးနှုန်း မည်မျှ သတ်မှတ်ထားကြောင်းနဲ့ မည့်သည်လုပ်ငန်းကို မည်မျှ ထုတ်ချေးမယ်ဆိုတာကိုတော့ထည့်သွင်းဖော်ပြထားခြင်းမရှိသလို
ချေးငွေလိုတဲ့လုပ်ငန်းရှင်တွေ အနေဖြင့် မည်ကဲ့သို့ လျှောက်ထားရမယ်ဆိုတာကိုတော့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ထဲတော့ မဖော်ပြထားပါဘူး ။