ကြိုတင်စားရင်းပေးဝယ်ယူထားသူများအား ကားအပ်နိုင်မည့် အချိန်အားခန့်မှန်းပြေားကြားနိုင်ရှိမရှိသေးဟု ကားကုမ္ပဏီမှထုတ်ပြန်

ကြိုတင်စားရင်းပေးဝယ်ယူထားသူများအား ကားအပ်နိုင်မည့် အချိန်အားခန့်မှန်းပြေားကြားနိုင်ရှိမရှိသေးဟု ကားကုမ္ပဏီမှထုတ်ပြန်

ကားဝယ်ယူရန်စာရင်းသွင်းထားသူများအား ကားအပ်နိုင်မည့်အချိန်ကာလကို ခန့်မှန်းပြောကြားနိုင်ခြင်းမရှိသေးဟု Suzuki Myanmar ထုတ်ပြန်လိုက်ပါတယ်။Suzuki Myanmar မှလက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကြောင့်

အရောင်းပြခန်းများတွင်ကားဝယ်ယူရန် စာရင်းသွင်းမှာယူထားသည့် ကားများကို လွှဲအပ်ရန်ကြန့်ကြာနေသည်ဟု ထုတ်ပြန်ခဲ့သည်။ထို့ပြင် တပ်ဆင်ထုတ်လုပ်မည့် ကားအစိတ်အပိုင်းများအား ပြည်ပမှတင်သွင်းရာတွင်နှောင့်နှေးမှုများဖြစ်ပေါ်နေသဖြင့် Suzuki (Myanmar) Motor Co.,Ltd. နှင့်

Suzuki Thilawa Motor Co.,Ltd. တို့၏ ထုတ်လုပ်မှုလုပ်ငန်းများအားခေတ္တရပ်ဆိုင်းထားသည်ဟု အသိပေးထုတ်ပြန်ထားသည်။ထို့ကြောင့်ကားဝယ်ယူရန်အရောင်းပြခန်းများ၌စာရင်းသွင်းထားသူများထံသို့ကားအပ်နိုင်မည့်အချိန်ကာလကိုခန့်မှန်းပြောကြားနိုင်ခြင်းမရှိ၍ Suzuki မှ အနူးအညွှတ်တောင်းပန်အပ်သည်ဟုထုတ်ပြန်ချက်၌ရေးသားထားသည်။

သို့ရာတွင်ကားဝယ်ယူထားပြီးသူများ၏ ကားများအတွက် Warranty နှင့် Service ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ Suzuki မှယခင်အတိုင်းအပြည့်အဝတာဝန်ယူဆောင်ရွက်သွားမည်ဟုသိရသည်။

အလားတူအရည်အသွေးကောင်းမွန်သည့်မော်တော်ကားများအားဝယ်ယူသူများထံသို့အရောက်ပို့ပေးနိုင်ရန်နှင့်ပိုမိုကောင်းမွန်သည့် After Sales Services များပေးနိုင်ရန် Suzuki နှင့် Suzuki ၏အရောင်းပြခန်းများမှကြိုးစားလျက်ရှိသည်ဟုထုတ်ပြန်ခဲ့သည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *