ဒေါ်လာစျေးနှင့် အပြိုင် အမြင့်ဆုံးထိ ထိုးတက်သွားတဲ့ ထိုင်းဘတ်ငွေ..မြန်မာငွေတန်းဖိုးကျဆင်း

ကမ္ဘာ့ငွေကြေးစျေးကွက်မှာဒေါ်လာစျေးနဲ့အပြိုင် ထိုင်းဘတ်ငွေစျေးကလည်း အမြင့်ဆုံးထိတက်လာခဲ့ပြီး ဇူလိုင် ၁၉ ရက်နေ့မှာတော့ထိုင်းဘတ်ငွေ တစ်ဘတ်ကို မြန်မာငွေ ၆၆ကျပ်အထိပေါက်စျေးရှိလာတယ်လို့ နယ်စပ်ငွေကြေးစျေးကွက်ကနေသိရပါတယ်။
“မြန်မာငွေကျပ်တစ်သိန်းကို ထိုင်းဘတ်ငွေ ၁၅၀၀ လောက်ထိတက်သွားတယ်။မြန်မာငွေတန်ဖိုးက ဆက်တိုက်ကျနေတော့ထိုင်းနိုင်ငံဘက်ကကုန်ပစ္စည်းအဝတ်အထည်၀ယ်တာတွေချက်ချင်းရပ်နားလိုက်ရတယ်။
ကျွန်မတို့ကအရင်ဘတ်စျေးနှုန်းနဲ့တွက်ပြီး Pre Order တွေလက်ခံထားတာရှိတယ်။အခုဘတ်စျေးနဲ့က ဘယ်လိုမှအရင်တွက်ထားတဲ့စျေးနဲ့၀ယ်လို့မရတော့ဘူးမကိုက်တော့ဘူးဆိုတော့အော်ဒါလက်ခံထားသမျှအကုန်ငွေပြန်အမ်းတာCancelတာလုပ်လိုက်ရတယ်။

အခုနယ်စပ်ငွေလဲကောင်တာတချို့ကလည်းဘတ်စျေးတွေဆက်တိုက်တက်နေလို့ဆိုပြီးဒီနေ့ Baht Transfer COD ဘတ်လဲတာမှတ်သမျှပိတ်ထားလိုက်ကြတယ်။အခုမြန်မာကျပ်ငွေလက်ဝယ်ရှိတဲ့ကုန်သည်တွေကတော့အရှုံးပေါ်မှာပေါ့ ”လို့ ထိုင်းနိုင်ငံကကုန်ပစ္စည်းတွေ၀ယ်ယူရောင်းချနေသူတစ်ဦးကပြောပါတယ်။
ထိုင်းဘတ်ငွေ ၁၅၀၀ ကို မြန်မာကျပ်ငွေ တစ်သိန်းအထိမြင့်တက်သွားတဲ့အတွက် ထိုင်းနိုင်ငံက ကုန်ပစ္စည်းဝယ်ယူမှုတွေကိုရပ်နားထားလိုက်ရတယ်လို့ အွန်လိုင်းရှော့လုပ်ကိုင်နေသူတစ်ဦးကဆိုပါတယ်။