စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကျဆင်းလာ

စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကျဆင်းလာ

ပြည်တွင်း၌ စားအုန်းဆီစျေးနှုန်းများပြန်လည်ကျဆင်းလာကာဇူလိုင်၁၁ ရက်မှ၁၇ ရက်အထိရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာစားအုန်းဆီတစ်ပိဿာလျှင်ငွေကျပ် ၄၆၅၀ ဖြစ်ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ ယခုအပတ်အတွင်းကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင်ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရရည်ညွှန်းစျေးနှုန်းလျော့ကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။စီးပွားကူးသန်းဝန်ကြီးဌာန၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ

စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေးထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။ထို့ပြင်စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများအားနေ့စဉ်စောင့်ကြည့်၍

သယ်ယူပိုဆောင်ခကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊အခွန်အခများထည့်သွင်း တွက် ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအားထုတ်ပြန်ပေးလျက်ရှိသည်။

ထို့ပြင်ပြည်တွင်းဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းနှင့်မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူသွားမည်ဟုထုတ်ပြန်ထားသည်။

“စားအုန်းဆီစျေးက ကျလားဆိုတော့အနည်းအကျဥ်းလောက်တော့ပြန်ကျတယ်ကျွန်မတို့က အကြော်ဆိုင်ဆိုတော့နေတိုင်းစားအုန်းဆီဝယ်နေရတာလေတစ်ပိဿာကို ၆၈၀၀ ပေးရတယ်အရင်ကထက်စာရင်တော့နည်းနည်းကျသွားတာပေါ့အရင်ကဆိုရင် ၇၀၀၀ ကျော်ရှိတယ်”ဟုအကြော်ဆိုင်ဖွင့်လှစ်ရောင်း ချနေသည့် ပြည်သူတစ်ဦးကကပြောပါသည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *