ဂူတွင်းတရားကျင့်ကြံနေသည့် မိုင်းဖုန်းဆရာတော်ဘုရားမကြာမီအဓိဋ္ဌာန်ထွက်၍အပူဇော်ခံမည်

ဂူတွင်းတရားကျင့်ကြံနေသည့် မိုင်းဖုန်းဆရာတော်ဘုရား မကြာမီအဓိဋ္ဌာန်ထွက်၍အပူဇော်ခံမည်

၃နှစ်ကျော် ဂူတွင်း တရားကျင့်ကြံနေသည့် မိုင်းဖုန်းဆရာတော် လာမည့် ဇူလိုင် ၃၁ ရက်နေ့တွင် အဓိဋ္ဌာန်ထွက်ပါမယ်လို့တောင်တန်း သာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း)က မိန့်ကြားထားပါတယ်။

ဂူတွင်း (၃)နှစ်(၃)လ(၃)ရက် အဓိဋ္ဌာန်ဝင်နေသည့်သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယမိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရကိုဖူးမျှော်လိုသူများအနေဖြင့် ဇူလိုင် ၃၁ ရက်နေ့မှ ဩဂုတ် ၄ ရက်နေ့အထိ မိုင်းကျက်အောက်ဂူတွင် ၅ ရက်အပူဇော်ခံမယ်လို့လည်း

တောင်တန်းသာသနာပြုဆရာတော်ဦးသုခမိန္ဒ (စဝ်ဆုခမ်း)က လူမှုကွန်ယက်မှတစ်ဆင့်အသိပေးထားတာဖြစ်ပါတယ်။ဆရာတော် ဖူးမျှော်လိုသည့် ပြည်သူများအနေဖြင့် မိုင်းပျဉ်းမြို့မှတဆင့်မိုင်းကျက်ဂူသို့ ကားဖြင့်သွားနိုင်သလိုတာချီလိတ် မိုင်းဆတ်မှတဆင့် မိုင်းကျက်ဂူသို့လည်းသွားနိုင်ပါတယ်လို့ဆိုပါတယ်။

အဆိုပါလမ်းပိုင်းတွင်း ယခုမိုးရာသီကာ မိုးရွာပါကကားအနိမ့်များ အခက်အခဲရှိနိုင်တာကြောင့်ကားအမြင့်ဖြင့်သာသွားကြပါလို့ မိန့်ကြားထားပါသေးတယ်။ဩဂုတ် ၅ ရက်နေ့တွင်မိုင်းကျက်မှ မိုင်းဆတ်တာချီလိတ်လမ်းဖြင့် မိုင်းဖုန်းကို ဆရာတော်ကြွမည်ဖြစ်ပြီး

(တာချီလိတ် နဂါးနှစ်ကောင်ဆရာတော်အား ဝင်ဖူးလျင် တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းမှလည်း မိုင်းဖုန်းဆရာတော်အားဖူးနိုင်ပါတယ်) လို့ဆိုပါတယ်။အလားတူ ဆရာတော် မိုင်းဖုန်း လွန်းလိန်းကျောင်းသို့ရောက်ရှိပါကဆရာတော်အားနှီးဘုရားကျောင်းသို့ဘုရားဝတ်တက်ချိန်မှာဖူးနိုင်ပါတယ်လို့လည်းမိန့်ကြားထားပါတယ်။

မိုင်းဖုန်းဆရာတော်သည် ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဧပြီလ(၂၈)ရက်နေ့ကစပြီးမိုင်းဆတ်ခရိုင်၊မိုင်းဆတ်မြို့နယ်အတွင်းမိုင်းကျက်ရွာ၊မဟာမုနိစုမ့်မိုင်းမိုင်းကျက်ဂူအတွင်းယနေ့အထိတရားကျင့်အဓိဌာန်ဝင်ခဲ့ပြီးနောက် လာမည့်ဇူလိုင်လ(၃၁)ရက်နေ့တွင် အဓိဌာန်ထွက်မှာ ဖြစ်ပါတယ်။

unicode

ဂူတြင္းတရားက်င့္ႀကံေနသည့္ မိုင္းဖုန္းဆရာေတာ္ဘုရား မၾကာမီအဓိ႒ာန္ထြက္၍အပူေဇာ္ခံမည္

၃ႏွစ္ေက်ာ္ ဂူတြင္း တရားက်င့္ႀကံေနသည့္ မိုင္းဖုန္းဆရာေတာ္ လာမည့္ ဇူလိုင္ ၃၁ ရက္ေန႔တြင္ အဓိ႒ာန္ထြက္ပါမယ္လို႔ေတာင္တန္း သာသနာျပဳဆရာေတာ္ ဦးသုခမိႏၵ (စဝ္ဆုခမ္း)က မိန႔္ၾကားထားပါတယ္။

ဂူတြင္း (၃)ႏွစ္(၃)လ(၃)ရက္ အဓိ႒ာန္ဝင္ေနသည့္သဒၶမၼေဇာတိကဓဇ အဂၢမဟာ ကမၼ႒ာနာစရိယမိုင္းဖုန္းဆရာေတာ္ ဘဒၵႏၲဉာဏသံဝရကိုဖူးေမွ်ာ္လိုသူမ်ားအေနျဖင့္ ဇူလိုင္ ၃၁ ရက္ေန႔မွ ဩဂုတ္ ၄ ရက္ေန႔အထိ မိုင္းက်က္ေအာက္ဂူတြင္ ၅ ရက္အပူေဇာ္ခံမယ္လို႔လည္း

ေတာင္တန္းသာသနာျပဳဆရာေတာ္ဦးသုခမိႏၵ (စဝ္ဆုခမ္း)က လူမႈကြန္ယက္မွတစ္ဆင့္အသိေပးထားတာျဖစ္ပါတယ္။ဆရာေတာ္ ဖူးေမွ်ာ္လိုသည့္ ျပည္သူမ်ားအေနျဖင့္ မိုင္းပ်ဥ္းၿမိဳ႕မွတဆင့္မိုင္းက်က္ဂူသို႔ ကားျဖင့္သြားႏိုင္သလိုတာခ်ီလိတ္ မိုင္းဆတ္မွတဆင့္ မိုင္းက်က္ဂူသို႔လည္းသြားႏိုင္ပါတယ္လို႔ဆိုပါတယ္။

အဆိုပါလမ္းပိုင္းတြင္း ယခုမိုးရာသီကာ မိုး႐ြာပါကကားအနိမ့္မ်ား အခက္အခဲရွိႏိုင္တာေၾကာင့္ကားအျမင့္ျဖင့္သာသြားၾကပါလို႔ မိန႔္ၾကားထားပါေသးတယ္။ဩဂုတ္ ၅ ရက္ေန႔တြင္မိုင္းက်က္မွ မိုင္းဆတ္တာခ်ီလိတ္လမ္းျဖင့္ မိုင္းဖုန္းကို ဆရာေတာ္ႂကြမည္ျဖစ္ၿပီး

(တာခ်ီလိတ္ နဂါးႏွစ္ေကာင္ဆရာေတာ္အား ဝင္ဖူးလ်င္ တာခ်ီလိတ္ၿမိဳ႕ နဂါးႏွစ္ေကာင္ေက်ာင္းမွလည္း မိုင္းဖုန္းဆရာေတာ္အားဖူးႏိုင္ပါတယ္) လို႔ဆိုပါတယ္။အလားတူ ဆရာေတာ္ မိုင္းဖုန္း လြန္းလိန္းေက်ာင္းသို႔ေရာက္ရွိပါကဆရာေတာ္အားႏွီးဘုရားေက်ာင္းသို႔ဘုရားဝတ္တက္ခ်ိန္မွာဖူးႏိုင္ပါတယ္လို႔လည္းမိန႔္ၾကားထားပါတယ္။

မိုင္းဖုန္းဆရာေတာ္သည္ ၿပီးခဲ့သည့္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၂၈)ရက္ေန႔ကစၿပီးမိုင္းဆတ္ခ႐ိုင္၊မိုင္းဆတ္ၿမိဳ႕နယ္အတြင္းမိုင္းက်က္႐ြာ၊မဟာမုနိစုမ့္မိုင္းမိုင္းက်က္ဂူအတြင္းယေန႔အထိတရားက်င့္အဓိဌာန္ဝင္ခဲ့ၿပီးေနာက္ လာမည့္ဇူလိုင္လ(၃၁)ရက္ေန႔တြင္ အဓိဌာန္ထြက္မွာ ျဖစ္ပါတယ္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *