သူမ၏အိပ်မက်တွေအတွက် အသက်၁၈နှစ်ကတည်းက မိခင်ဖြစ်သူစီကနေထွက်ခွာလာခဲ့တယ်ဆိုတဲ့ ပေါ့ပ်စတားအဆိုတော် Jennifer Lopez

အဆိုတော်၊ မင်းသမီး ဂျနီဖာလိုးပတ်ဇ်ဟာ မိခင်ဖြစ်သူ ဂွါဒါ လူပီရိုဒရီဂတ်ဇ်နဲ့ တင်းမာတဲ့ဆက်ဆံရေးတွေရှိခဲ့ပြီးသူမအသက်၁၈ နှစ်အရွယ်မှာကတည်းကမိသားစုနေအိမ်ကနေထွက်ခွာလာခဲ့တာဖြစ်တယ်လို့ Mirror သတင်းရဲ့ရေးသားဖော်ပြချက်အရသိရပါတယ်။
ဂျနီဖာလိုးပတ်ဇ်ဟာ Bronx မှာ ကလေးဘဝကြီးပြင်းလာခဲ့စဉ်သူမရဲ့မိခင်ဖြစ်သူကသူမကိုရုပ်ပိုင်းဆိုင်ရာရိုက်နှက်အနိုင်ယူမှုတွေရှိခဲ့ဖူးတယ်ဆိုတဲ့အကြောင်းလေးနက်တဲ့ခံစားချက်နဲ့ထုတ်ဖော်ပြာပြခဲ့ပါတယ်။




ဇွန်လ ၈ ရက်နေ့မှာထွက်ရှိခဲ့တဲ့ Neflix Documentary Halftime မှာ အသက် ၅၂ နှစ်အရွယ်ပေါ့ပ်ကြယ်ပွင့်ရဲ့အခုလို စွပ်စွဲပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။အသက် ၁၈ နှစ်အရွယ်မှာ The Waiting For Tonight အဆိုတော်ဟာမိခင်ဖြစ်သူနဲ့အငြင်းအခုံဖြစ်ပြီးတဲ့နောက်သူမရဲ့ သရုပ်ဆောင် အိပ်မက်၊အနုပညာအလုပ်တွေလုပ်ဖို့ မိသားစုကို စွန့်ခွာပြီး ထွက်လာခဲ့တယ်လို့သိရပါတယ်။




ဂျေလိုဆီမှာ အစ်မဖြစ်သူလက်စ်လီနဲ့ ညီမငယ်လင်ဒါတို့ ညီအစ်မသုံးဦးရှိပြီး မိခင်ဖြစ်သူကတစ်ကိုယ် ရည်တစ်ကာယဖူလုံဖို့အတွက်သမီး ၃ ဦးစလုံးကိုပညာသင်ကြားစေချင်ခဲ့တယ်လို့သိရပါတယ်။“ သူမ ရှင်သန်ဖို့အတွက်သူမလုပ်စရာရှိတာကိုလုပ်ခဲ့တယ်။ အဲ့ဒါကသူမကို ပိုပြီးတော့သန်မာစေတယ်။




နောက်ပြီး ပိုပြီးတော့ ခက်ခဲစေတယ်။ ကျွန်မအမေကဒီလိုပဲ။သူ့အိမ်မှာနေမယ်ဆိုရင်ပညာရေးကိုရလိမ့်မယ်လို့ပြောတယ်။ကျွန်မတို့တစ်ညလုံးရန်ဖြစ်ပြီးနောက်ကျွန်မအိမ်ကထွက်လာခဲ့တယ်” လို့အဆိုတော်ကပြောပြခဲ့ပါတယ်။
အဆိုတော်သာမကမင်းသမီးပါဖြစ်တဲ့ဂျေလိုကမိခင်ဖြစ်သူအသက် ၇၆ နှစ်အရွယ်ရိုဒရီဂက်ဇ်ကိုရှုပ်ထွေးတယ်လို့ဖော်ပြခဲ့ပေမယ့်နှစ်ဦးသားကြားနှစ်များစွာအတွင်းမှာပိုပြီးတော့ ရင်းနှီးလာပုံရတယ်လို့ သတင်းကရေးသားဖော်ပြထားပါတယ်။
Unicode




သူမ၏အိပ္မက္ေတြအတြက္ အသက္၁၈ႏွစ္ကတည္းက မိခင္ျဖစ္သူစီကေနထြက္ခြာလာခဲ့တယ္ဆိုတဲ့ ေပါ့ပ္စတားအဆိုေတာ္ Jennifer Lopez

အဆိုေတာ္၊ မင္းသမီး ဂ်နီဖာလိုးပတ္ဇ္ဟာ မိခင္ျဖစ္သူ ဂြါဒါ လူပီ႐ိုဒရီဂတ္ဇ္နဲ႔ တင္းမာတဲ့ဆက္ဆံေရးေတြရွိခဲ့ၿပီးသူမအသက္၁၈ ႏွစ္အ႐ြယ္မွာကတည္းကမိသားစုေနအိမ္ကေနထြက္ခြာလာခဲ့တာျဖစ္တယ္လို႔ Mirror သတင္းရဲ႕ေရးသားေဖာ္ျပခ်က္အရသိရပါတယ္။
ဂ်နီဖာလိုးပတ္ဇ္ဟာ Bronx မွာ ကေလးဘဝႀကီးျပင္းလာခဲ့စဥ္သူမရဲ႕မိခင္ျဖစ္သူကသူမကို႐ုပ္ပိုင္းဆိုင္ရာ႐ိုက္ႏွက္အႏိုင္ယူမႈေတြရွိခဲ့ဖူးတယ္ဆိုတဲ့အေၾကာင္းေလးနက္တဲ့ခံစားခ်က္နဲ႔ထုတ္ေဖာ္ျပာျပခဲ့ပါတယ္။
ဇြန္လ ၈ ရက္ေန႔မွာထြက္ရွိခဲ့တဲ့ Neflix Documentary Halftime မွာ အသက္ ၅၂ ႏွစ္အ႐ြယ္ေပါ့ပ္ၾကယ္ပြင့္ရဲ႕အခုလို စြပ္စြဲေျပာၾကားခ်က္ထြက္ေပၚလာျခင္းျဖစ္ပါတယ္။အသက္ ၁၈ ႏွစ္အ႐ြယ္မွာ The Waiting For Tonight အဆိုေတာ္ဟာမိခင္ျဖစ္သူနဲ႔အျငင္းအခုံျဖစ္ၿပီးတဲ့ေနာက္သူမရဲ႕ သ႐ုပ္ေဆာင္ အိပ္မက္၊အႏုပညာအလုပ္ေတြလုပ္ဖို႔ မိသားစုကို စြန႔္ခြာၿပီး ထြက္လာခဲ့တယ္လို႔သိရပါတယ္။

ေဂ်လိုဆီမွာ အစ္မျဖစ္သူလက္စ္လီနဲ႔ ညီမငယ္လင္ဒါတို႔ ညီအစ္မသုံးဦးရွိၿပီး မိခင္ျဖစ္သူကတစ္ကိုယ္ ရည္တစ္ကာယဖူလုံဖို႔အတြက္သမီး ၃ ဦးစလုံးကိုပညာသင္ၾကားေစခ်င္ခဲ့တယ္လို႔သိရပါတယ္။“ သူမ ရွင္သန္ဖို႔အတြက္သူမလုပ္စရာရွိတာကိုလုပ္ခဲ့တယ္။ အဲ့ဒါကသူမကို ပိုၿပီးေတာ့သန္မာေစတယ္။
ေနာက္ၿပီး ပိုၿပီးေတာ့ ခက္ခဲေစတယ္။ ကြၽန္မအေမကဒီလိုပဲ။သူ႔အိမ္မွာေနမယ္ဆိုရင္ပညာေရးကိုရလိမ့္မယ္လို႔ေျပာတယ္။ကြၽန္မတို႔တစ္ညလုံးရန္ျဖစ္ၿပီးေနာက္ကြၽန္မအိမ္ကထြက္လာခဲ့တယ္” လို႔အဆိုေတာ္ကေျပာျပခဲ့ပါတယ္။

အဆိုေတာ္သာမကမင္းသမီးပါျဖစ္တဲ့ေဂ်လိုကမိခင္ျဖစ္သူအသက္ ၇၆ ႏွစ္အ႐ြယ္႐ိုဒရီဂက္ဇ္ကိုရႈပ္ေထြးတယ္လို႔ေဖာ္ျပခဲ့ေပမယ့္ႏွစ္ဦးသားၾကားႏွစ္မ်ားစြာအတြင္းမွာပိုၿပီးေတာ့ ရင္းႏွီးလာပုံရတယ္လို႔ သတင္းကေရးသားေဖာ္ျပထားပါတယ္။