လက်ဖဝါး နှစ်ဖက်လုံးမရှိတော့ပေမယ့် ဘဝကိုအရှုံးမပေးဘဲ ကမ္ဘာကျော်စားဖိုးမှူးဖြစ်လာသူ

၁၁ နှစ်သမီးအရွယ်မှာပဲလက်နှစ်ဖက်လုံးခုတ်ဖြတ်ခံခဲ့ရပြီး သေလုဆဲဆဲဖြစ်ခဲ့ပေမဲ့သေမင်းကို အံတုရင်းသန်မှုကို ရှေးရှုပြီးဘဝကိုအရှုံးမပေးခဲ့သူကတော့ဖိလစ်ပိုင်မလေးမာရီဆယ်အပါတန်ပါပဲ။အပါတန်နဲ့ သူ့ဦးလေးတို့ရေခပ်သွားချိန်မှာဓားရှည်တွေကိုင်ထားသူ၄ ယောက်ကသူတို့ကိုတိုက်ခိုက်ခဲ့ကြတာပါ။




လူရမ်းကားတွေကသူတို့တူဝရီးကိုမြေပြင်ပေါ်မှာမှောက်ခိုင်းထားပြီး သူ့ဦးလေးလည်ပင်းကို ဓားနဲ့ခုတ်ပိုင်းခဲ့လို့ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ အပါတန်ကထွက်ပြေးပြီး အော်ဟစ်အကူအညီတောင်းခဲ့ပေမဲ့ လူရမ်းကားတွေကသူ့နောက်ကိုပြေးလိုက်ပြီး ဇက်ကိုဓားနဲ့ပိုင်းလိုက်လို့ သူသတိလစ်သွားခဲ့ပါတယ်။




သူ သတိရလာချိန်မှာလူရမ်းကားတွေ ရှိနေဆဲဖြစ်လို့သေချင်ယောင်ဆောင်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့လက်ကောက်ဝတ်နှစ်ဖက်လုံးလည်း ခုတ်ဖြတ်ခံထားရပါပြီ။လူရမ်းကားတွေထွက်သွားမှအိမ်ကို ပြေးပြန်လာခဲ့ပြီးလမ်းမှာအကြိမ်ကြိမ်သတိလစ်လဲကျခဲ့ပါတယ်။




ဒါပေမဲ့သူကသတိပြန်ရလာတိုင်း အိမ်ရောက်အောင်ထပြေးလို့နောက်ဆုံးမှာသူ့အိမ်ကို ပြန်ရောက်ခဲ့တာပါ။သူ့အိမ်ကနေ အဝေးပြေးလမ်းကိုရောက်ဖို့ ၁၂ ကီလိုမီတာဝေးပြီး ၄ နာရီကြာသွားရပါတယ်။ဆေးရုံကိုရောက်ချိန်မှာဆရာဝန်တွေကသူ့ကို သေပြီလို့ထင်ထားခဲ့ကြတာပါ။ ၅ နာရီကြာ ခွဲစိတ်မှုလုပ်ခဲ့ရပြီးသူ့ဇက်နဲ့ကျောကဓားဒဏ်ရာတွေကို ၂၅ ချက်ချုပ်ခဲ့ရပါတယ်။




ဒဏ်ရာပြင်းထန်လွန်းပေမဲ့အပါတန်ကအသက်ရှင်သန်ခဲ့ပါတယ်။ သူတို့ အိမ်ပြန်ရောက်ချိန်မှာတော့ နောက်ထပ်အဖြစ်ဆိုးကစီးကြိုနေပါတယ်။ လူရမ်းကားတွေကသူတို့အိမ်ကို မီးရှို့ထားလို့ သူတို့အိမ်ကပြာပုံဖြစ်နေတာပါပဲ။သူ့မိဘတွေကအရမ်းဆင်းရဲလွန်းလို့ ဆေးရုံစရိတ်တောင် မပေးနိုင်ရှာချိန်မှာနေအိမ်မီးလောင်သွားခဲ့တာပါ။




ဒါပေမဲ့သူတို့နဲ့ ဆွေမျိုးနီးစပ်တော်တဲ့ဘုန်းတော်ကြီး အန်တိုနီယိုကဆေးရုံစရိတ်ပေးခဲ့ပြီးသူတို့မိသားစုကိုလည်း ကူညီပေးခဲ့ပါတယ်။လူရမ်းကားတွေကတော့သူတို့ရဲ့အိမ်နီးချင်းတွေဖြစ်ပြီး သူတို့ကို ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်နိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ငယ်ရွယ်တဲ့ အပါတန်ရဲ့ စိတ်မှာခြောက်ရှားပြီးအိပ်မက်လို အမြဲခြောက်လှန့်နေနိုင်တဲ့အရာဖြစ်ပေမဲ့သူကတော့ခိုင်မာရဲရင့်တဲ့စိတ်နဲ့ဒီအတိတ်ဆိုးကိုချန်ထားနိုင်ခဲ့ပါတယ်။ပညာကိုကြိုးစားသင်ယူခဲ့ပြီး ကွန်ပျူတာကိုလည်းကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ဟိုတယ်နှင့်စားသောက်ဆိုင်စီမံခန့်ခွဲမှုဘာသာရပ်နဲ့ဘွဲ့ရခဲ့ပြီး၂၀၁၁ ခုနှစ်မှာတော့ စားဖိုမှူးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဟာ The Manila Marriot ဟိုတယ်နဲ့ Shangri-La ဟိုတယ်တွေလို ကမ္ဘာကျော်ဟိုတယ်ကြီးတွေမှာတောင်စားဖိုမှူးအဖြစ်အလုပ်လုပ်ခွင့်ရခဲ့သူပါ။
ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်ရှိနေသရွေ့ ဘယ်လိုအတားအဆီးတွေကမှ သင့်အိပ်မက်ကို အကောင်အထည်မဖော်နိုင်အောင်ဟန့်တားနိုင်စွမ်းမရှိဘူးဆိုတာအပါတန်ကသက်သေပြခဲ့တာပါ။

ဘဝကိုအရှုံးမပေးဘဲလဲကျနေရာကနေ ခွန်အားအပြည့်နဲ့ တွန်းလန်နိုင်တဲ့စိတ်ဓါတ်ကိုလေးစားလို့ ချစ်တဲ့ မိတ်ဆွေများနှင့် စာဖတ်ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ရပါသည်။အားလုံးပဲဘဝမှာ ဘယ်လိုအခက်အခဲပဲကြုံလာပါစေ ရင်ဆိုင်ကျော်လွှားနိုင်ပြီး ရည်မှန်းချက်ပန်းတိုင်စီသို့လျှောက်လှမ်းနိုင်ကြပါစေ…

Ref; (ရိုးရာလေး)