ခြင်တွေအမှန်တကယ်ပြေးတဲ့သဘာဝ ခြင်ဆေးရည်ပြုလုပ်နည်း

မင်္ဂလာပါ… သူငယ်ချင်း အိမ်မှာခြင်တွေအရမ်းကိုက်တယ်ဆိုလို့သူငယ်ချင်းအတွက်ရောလိုင်းပေါ်က မိတ်ဆွေတွေအတွက်ပါပိုက်ဆံလည်းမကုန်၊ဘေးထွက်ဆိုးကျိုးလည်းမရှိပဲခြင်မလာအောင်ခြင်ကာကွယ်တဲ့ဆေးနည်းကလေးပေးပါမယ်။
စပါးလင်အရွက်၊လေးညှင်းပွင့်၊သံပုရာသီး တို့ကို ရေမြုတ်အောင်ထည့်ပြီး ရေတဝက်ရောက်အောင် ပြုတ်ပေးပါ။(အဖုံးအုပ်ပြီးပြုတ်ပါ)စပါးလင်အရွက်ဖားဖားတစ်ပင်၊လေးညှင်းပွင့်ဆယ်ပွင့်၊ သံပုရာသီး၃လုံးနှုန်းသည်ရေ(ရေသန့်ဗူးတဗူးခွဲ)ထည့်ပြုတ်ပြီး




အရည်တစ်လီတာနီးနီးအကျန်(ရေသန့်ဗူးတဗူး မပြည့်တပြည့်) ရေတဝက်ကျန်ကပိုကောင်းပါသည်။ပြုတ်ပြီးအဖတ်တွေကို ခြင်တွေပေါက်နိုင်တဲ့ရေဝပ်နေတတ်သော၊နေရာမှောင်နေတတ်သောနေရာတွေကိုထားလိုက်ပါ။ပြုတ်ပြီးအရည်များကိုခြင်ဆေးရေအဖြစ်ရေဖြန်းဗူးတွင်ထည့်ဖြန်းပါ။




တပတ်လောက်တော့အထားခံပါသည်။ ရေရှည်အထားခံနည်းမသိပါ။ပြုတ်ပြီးလျှင်အေးသွားပါက အရည်နှင့်အဖတ်များကိုသီးခြားဖြစ်အောင်ထားပေးပါ။တောရှောက်ခါးသီးနှင့်လုပ်ပါက အနံ့ပိုကောင်းပါသည်။မိမိအိမ်ပတ်ဝန်းကျင်နှင့်အိမ်အပြင်ဖက်တွင်ရေမြောင်းနှင့်အမှိုက်များကိုရှင်းလင်းပေးပါ။




မိမိ၏ လက်များနှင့်တကွတကိုယ်ရေသန့်ရှင်းရေးကိုအထူးဂရုစိုက်ကြပါ။ခြင်ကိုက်မခံပါနှင့်။သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များ နေ့မှာအိပ်အိပ်၊ညမှာအိပ်အိပ်ခြင်ထောင်နှင့်အိပ်ပါ။နှာစေးချောင်းဆိုး မဖြစ်အောင် စပါးလင်နှင့်ဂျင်းပြုတ်ရေများသောက်ပေးပါ။ (ထန်းလျက်/သကြား/ပျားရည်)တို့နှင့်တွဲသောက်နိုင်ပါသည်။




ကျွန်တော်လက်တွေ့လုပ်ကြည့်ပြီး ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ထိုင်နေရင်း လက်နဲ့ဆုတ်ပက်လိုက်သလို ခြင်အုံခဲနေသော ခြင်တွေကျွန်တော့်အိမ်မှာ မဖြစ်တော့ပါ။(တစ်ခါမှ ချီးမွန်းခန်း မဖွင့်တဲ့ မေမေကတောင် တယ်ဟုတ်ပါလားတဲ့)
unicode
ျခင္ေတြအမွန္တကယ္ေျပးတဲ့သဘာဝ ျခင္ေဆးရည္ျပဳလုပ္နည္း

မဂၤလာပါ… သူငယ္ခ်င္း အိမ္မွာျခင္ေတြအရမ္းကိုက္တယ္ဆိုလို႔သူငယ္ခ်င္းအတြက္ေရာလိုင္းေပၚက မိတ္ေဆြေတြအတြက္ပါပိုက္ဆံလည္းမကုန္၊ေဘးထြက္ဆိုးက်ိဳးလည္းမရွိပဲျခင္မလာေအာင္ျခင္ကာကြယ္တဲ့ေဆးနည္းကေလးေပးပါမယ္။
စပါးလင္အ႐ြက္၊ေလးညႇင္းပြင့္၊သံပုရာသီး တို႔ကို ေရျမဳတ္ေအာင္ထည့္ၿပီး ေရတဝက္ေရာက္ေအာင္ ျပဳတ္ေပးပါ။(အဖုံးအုပ္ၿပီးျပဳတ္ပါ)စပါးလင္အ႐ြက္ဖားဖားတစ္ပင္၊ေလးညႇင္းပြင့္ဆယ္ပြင့္၊ သံပုရာသီး၃လုံးႏႈန္းသည္ေရ(ေရသန႔္ဗူးတဗူးခြဲ)ထည့္ျပဳတ္ၿပီး
အရည္တစ္လီတာနီးနီးအက်န္(ေရသန႔္ဗူးတဗူး မျပည့္တျပည့္) ေရတဝက္က်န္ကပိုေကာင္းပါသည္။ျပဳတ္ၿပီးအဖတ္ေတြကို ျခင္ေတြေပါက္ႏိုင္တဲ့ေရဝပ္ေနတတ္ေသာ၊ေနရာေမွာင္ေနတတ္ေသာေနရာေတြကိုထားလိုက္ပါ။ျပဳတ္ၿပီးအရည္မ်ားကိုျခင္ေဆးေရအျဖစ္ေရျဖန္းဗူးတြင္ထည့္ျဖန္းပါ။
တပတ္ေလာက္ေတာ့အထားခံပါသည္။ ေရရွည္အထားခံနည္းမသိပါ။ျပဳတ္ၿပီးလွ်င္ေအးသြားပါက အရည္ႏွင့္အဖတ္မ်ားကိုသီးျခားျဖစ္ေအာင္ထားေပးပါ။ေတာေရွာက္ခါးသီးႏွင့္လုပ္ပါက အနံ႔ပိုေကာင္းပါသည္။မိမိအိမ္ပတ္ဝန္းက်င္ႏွင့္အိမ္အျပင္ဖက္တြင္ေရေျမာင္းႏွင့္အမႈိက္မ်ားကိုရွင္းလင္းေပးပါ။

မိမိ၏ လက္မ်ားႏွင့္တကြတကိုယ္ေရသန႔္ရွင္းေရးကိုအထူးဂ႐ုစိုက္ၾကပါ။ျခင္ကိုက္မခံပါႏွင့္။သက္ႀကီး႐ြယ္အိုမ်ားႏွင့္ကေလးသူငယ္မ်ား ေန႔မွာအိပ္အိပ္၊ညမွာအိပ္အိပ္ျခင္ေထာင္ႏွင့္အိပ္ပါ။ႏွာေစးေခ်ာင္းဆိုး မျဖစ္ေအာင္ စပါးလင္ႏွင့္ဂ်င္းျပဳတ္ေရမ်ားေသာက္ေပးပါ။ (ထန္းလ်က္/သၾကား/ပ်ားရည္)တို႔ႏွင့္တြဲေသာက္ႏိုင္ပါသည္။
ကြၽန္ေတာ္လက္ေတြ႕လုပ္ၾကည့္ၿပီး ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ထိုင္ေနရင္း လက္နဲ႔ဆုတ္ပက္လိုက္သလို ျခင္အုံခဲေနေသာ ျခင္ေတြကြၽန္ေတာ့္အိမ္မွာ မျဖစ္ေတာ့ပါ။(တစ္ခါမွ ခ်ီးမြန္းခန္း မဖြင့္တဲ့ ေမေမကေတာင္ တယ္ဟုတ္ပါလားတဲ့)
Credit-ေလးေလးဂ်စ္တူး